backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အီးစီးကရက် နှင့် ပုံမှန်သောက်နေကျ စီးကရက် နှိုင်းယှဉ်ချက်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အီးစီးကရက် နှင့် ပုံမှန်သောက်နေကျ စီးကရက် နှိုင်းယှဉ်ချက်

နှိုင်းယှဉ်မှုများ

ဆေးလိပ်သောက်သူတွေဟာ အီးစီးကရက် (Electronic vaping)အကြောင်းကို သိပ်သိကြဟန်မတူပါဘူး။ အီးစီးကရက်ဆိုတာ ဆေးလိပ်ဖြတ်ဖို့သုံးတဲ့အစားထိုးစီးကရက်အမျိုးအစားတစ်ခုပါ။ ဒီဆောင်းပါးမှာတော့ အီး စီးကရက်နဲ့ ပတ်သက်တဲ့ အကြောင်းခြင်းရာ သုံးခုကို အမှန်အတိုင်း သိရှိစေဖို့ ပြောပြပေးမှာ ဖြစ်ပါတယ်။

အီးစီးကရက်တွေဟာ အခြားဆေးလိပ်တွေထက် ပိုပြီးတော့ စိတ်ချရပါတယ်။

သတင်းစာဆရာ အတော်များများက အီးစီးကရက်တွေဟာ ရိုးရိုးဆေးလိပ်သောက်သလိုပဲ အန ္တရာယ်ရှိတယ်လို့ မကြာခဏ ဖေါ်ပြခဲ့ကြပါတယ်။ အခု အသစ်ထွက်ရှိလာတဲ့ နည်းပညာဟာ ဆေးလိပ်သောက်သလို ဆိုးရွားတာပဲဆိုတဲ့ သတင်းအချက်အလက်တွေဟာလည်း မနည်းမနော ထွက်ရှိခဲ့ပါတယ်။

တကယ်တော့ ဒါဟာ ကွဲပြားခြားနားပါတယ်။ လွန်ခဲ့တဲ့နှစ်က အင်္ဂလန် ပြည်သူ့ကျန်းမာရေးအဖွဲ့က အီးစီးကရက်နဲ့ ပတ်သတ်တဲ့ အသေးစိတ်လေ့လာမှုကို ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ တွေ့ရှိချက်က အင်မတန် ပြတ်သားပါတယ်။ အီးစီးကရက် တွေဟာ ပုံမှန် စီးကရက်တွေထက် ၉၅% ပိုမို စိတ်ချရပါတယ်လို့ တွေ့ရှိခဲ့ပါတယ်။ လူအတော်များများက ဒါက ဘာကိုဆိုလိုလဲဆိုတော့ ကျန်တဲ့ ၅%ကို အီးစီးကရက်က သတ်ပစ်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်လို့ဒါသာ မှန်ခဲ့ရင် အတော်အထင်ကြီးစရာပါပဲ။ တကယ်တော့ အီးစီးကရက်ဟာ လူတွေကို သေစေဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သက်သေတောင် မတွေ့ရပါဘူး။ ဒီ ၅% ဆိုတာဟာ နီကိုတင်းစွဲလမ်းခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို ဆိုလိုပါတယ်။ နီကိုတင်းဟာ ပုံမှန်ဆေးလိပ်မသောက်တော့ဘူးဆိုရင်ရော စွဲလမ်းမှုရှိမရှိဆိုတာ သေချာစွာ ပြောနိုင်ခြင်း မရှိပါဘူး။

ဆေးလိပ်သောက်ခြင်းမှ အီးစီးကရက်ကို ပြောင်းလဲခြင်းဟာ သင့်ဘဝကို ကယ်တင်နိုင်ပါလိမ့်မယ်။

ဆေးလိပ်သောက်သူအတော်များများဟာ အီးစီးကရက်ရဲ့ ဈေးနှုန်းကို ကြည့်တတ်ကြပါတယ်။ (ဒေါ်လာ ၂၀ ကစပါတယ်) ပြီးတော့ ရိုးရိုး စီးကရက်ရဲ့ ဈေးနှုန်းနဲ့ ယှဉ်ပြီး ရိုးရိုးစီးကရက်သာ ဆက်လက်သောက်တတ်ကြပါတယ်။ ဒါဟာ နားလည်နိုင်ပေမယ့် အတော်ကို မှားယွင်းတဲ့ အမှားဖြစ်ပါတယ်။

ဆေးလိပ်တစ်ဘူးဆိုတာ ကုန်သွားရင် လွှင့်ပစ်လိုက်ရမှာပါ။ သင်ဝယ်၊ သောက်ပြီးရင် ကုန်သွားမှာပါ။ ဒါပေမယ့် ပြန်ဖြည့်လို့ရတဲ့ အီးစီးကရက်ကတော့ မတူပါဘူး။ သင်ဝယ်ပြီးရင် အရည်နဲ့ ထပ်ဖြည့်စရာတွေ ဖြည့်သုံးနိုင်သမျှ သင် လပေါင်းနှစ်ပေါင်းများစွာ အသုံးပြုနိုင်မှာပါ။ စစဝယ်ခြင်း ကုန်ကျစရိတ်ဟာ မကြာခင် ရက်အတွင်းမှာ ကျေသွားမှာပါ။ စစချင်း ဒေါ်လာ ၂၀ သုံးရင် နောက်ကို အရည်အတွက် ၅ ဒေါ်လာသာ ကုန်ကျမှာဖြစ်ပြီး ပုံမှန် စီးကရက် လေးငါးဘူးစာ အကုန်အကျ သက်သာသွားမှာပါ။

ကြာရှည်သုံးမယ်ဆိုရင် စီးကရက်အတွက်သာမက အရည်လဲထည့်ဖို့နဲ့ အပတ်စဉ် ကွိုင်အသစ်တွေအတွက် အတော်များများကုန်ကျနိုင်ပါတယ်။ ဒါပေမယ့် သင်နဲ့ကိုက်ညီတဲ့ အရာနဲ့ အနံ့အရသာကို ရှာဖွေခြင်းအားဖြင့် ပထမလအနည်းငယ်အတွင်းမှာတင် အကုန်အကျ အတော်သက်သာနိုင်မှာပါ။

ပြောင်းမလား၊ ရပ်မလား။

ဆေးလိပ်ဖြတ်တယ်ဆိုတာ ခက်ခဲပါတယ်။ ဆေးလိပ်သောက်သူ အတော်များများဟာ အနည်းဆုံး တစ်ခါတော့ ကြိုးစားဖူးကြတာချည်းပါပဲ။ သိပ္ပံပညာရှင်တွေမှာ ဆေးလိပ်ဖြတ်တာဟာ ဘာကြောင့်ဒီလောက်ခက်ခဲလဲ ဆိုတာရဲ့ သီအိုရီတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အရေးကြီးတဲ့ အချက်တစ်ချက်ကိုတော့ မေ့လျော့နေဟန်တူပါတယ်။ ဆေးလိပ်သောက်သူတော်တော်များများဟာ တကယ်မဖြတ်ချင်ကြပါဘူး။ ဖြတ်ချင်တယ်လို့ ပြောပေမယ့် တကယ်မရည်ရွယ်ပါဘူး။ ဆေးလိပ်ဆက်သောက်နေတယ်ဆိုတာဟာလဲ သူတို့ မွေ့လျော်လို့ပါပဲ။ သူတို့ကို ပျော်ရွှင်စေတဲ့ အရာတစ်ခုကို ဘယ်သူကများ ရပ်တန့်ချင်ပါ့မလဲ။ ဒါဟာ ဘာကြောင့် ဆေးလိပ်ဖြတ်ခြင်းဟာ ခက်ခဲရသလဲ ဆိုတာပါ။ ဆေးလိပ်ဖြတ်ထားတဲ့ လူတစ်ယောက်ကို သွားမေးကြည့်ပါ။ နှစ်ပေါင်းများစွာ အချိန်အကြာကြီးရှိနေပြီဖြစ်တာတောင် သူတို့ဘဝမှာ တစ်စုံတစ်ခုက ပျောက်ဆုံးနေသလို ခံစားရတယ်လို့ ဖြေပါလိမ့်မယ်။

အီးစီးကရက်တွေဟာ အစပိုင်းတုံးကတော့ ရိုးရိုးဆေးလိပ်တွေလောက် ကျေနပ်ဖွယ်မကောင်းဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ်အတွင်းမှာ နည်းပညာပြောင်းလဲမှုတွေ အများအပြားရှိလာပါပြီ။ အခုခေတ် အီးစီးကရက်တွေမှာ သေချာစွာထုတ်ပိုးထားပြီး ကောင်းမွန်တဲ့ အရည်ပါဝင်လို့ အရင်ကနဲ့ မဆိုင်တော့ပါဘူး။ ဒါဟာ ဆေးလိပ်နေရာမှာ လက်ခံလောက်တဲ့ အစားထိုးတင်မကပါဘူး။ ဒီထက်အများကြီး ပိုပါတယ်။ သင်နီကိုတင်း ဘယ်လောက် ပမာဏလိုချင်တယ်ဆိုတာ ရွေးလို့ရတယ်။ ရွေးချယ်စရာ အနံ့အရသာနဲ့ သင်ကြိုက်သလို ပြုပြင်နိုင်ပါတယ်။ ဒါ့ကြောင့် ဒါဟာ လူမှုအသိုင်းအဝိုင်းမှာ ပိုဝင်ဆံ့တယ်၊ ဈေး ပိုသက်သာတယ်၊ ၉၅% ပိုလုံခြုံစိတ်ချရပါတယ်။ အီးစီးကရက်ကို ပြောင်းသုံးခြင်းဟာ သင့်အိုဟောင်းနေတဲ့ စာရိုက်စက်ကြီးကို ခေတ်မီ လက်ပ်တော့ တစ်ခုနဲ့ ပြောင်းလဲခြင်းနဲ့ ဆင်တူပါတယ်။

အီးစီးကရက်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန်တွေကို ရှာတွေ့ဖို့ မခက်ခဲပါဘူး။ တွေ့ပြီဆိုရင်တော့ သင့်မှာ အီးကရက်အပေါ် ကောင်းတဲ့ အမြင်တွေ ပိုပေါ်ပေါက်လာနိုင်ပြီး စမ်းသုံးကြည့်ချင်လာမှာပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement