သင်္ဘောသီးအစိမ်းကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက် ကြိတ်ခြေလိုက်ပါ။ ပြီးရင် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာထည့်လို့ ရောမွှေလိုက်ပါ။ သမနေတဲ့ အနှစ်ကို ချိုင်းကြားမှာ လိမ်းလို့ ၁၅ မိနစ်ကြာ နှိပ်နယ်ပေးပါ။ ခြောက်သွားပြီဆိုရင် ရေနွေးနွေးသုံးလို့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။
ငှက်ပျောသီး နဲ့ Oatmeal
ငှက်ပျောသီး နဲ့ Oatmeal တို့က အသားအရေကို သန့်စင်စေပြီး အသားအရေခြောက်သွေ့တာကို သက်သာစေနိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက မလိုချင်တဲ့အမွေးအမျှင်ကိုဖယ်ရှားပေးပြီး အသားအရေကို နူးညံ့စေပါတယ်။ ဆဲလ်သေတွေ ဖယ်ရှားပေးပြီး မလိုချင်တဲ့ အမွေးအမျှင်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ငှက်ပျောသီးမှည့်တစ်လုံးကို ကြိတ်ခြေလိုက်ပါ။ ပြီးရင် oatmeal ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဒါမှမဟုတ် ၂ ဇွန်းစာထည့်လို့ သမအောင်မွှေပေးပါ။ ပြီးရင်တော့ ချိုင်းမှာ စက်ဝိုင်းပုံစံအတိုင်း လိမ်းလို့ ခြောက်အောင်ထားပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးချ လိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးပါ။
ကျောက်ချဉ် နဲ့ Rose water
ကျောက်ချဉ်က အမွေးအမျှင်တွေကို ဖယ်ရှားဖို့ ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ rose water က အရေပြားကို နူးညံ့စေပြီး ကျန်းမာစေပါတယ်။
ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို rose water လက်ဖက်ရည်ဇွန်း ၂ ဇွန်းက နေ ၃ ဇွန်းလောက်၊ သံလွင်ဆီ နဲ့ နှမ်းဆီ နည်းနည်းတို့ ရောမွှေလိုက်ပါ။ ပြီးရင် ဂွမ်းစလေးနဲ့ တို့ယူလို့ ချိုင်းကြားမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ခြောက်သွားတိုင်း ထပ်ထပ်လူးပေးပါ။ မိနစ် ၅၀ ကနေ တစ်နာရီလောက်အထိ ထားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။