ချိုင်းမွေးက ချိုင်းချွေးထွက်ပြီး ချွေးနံဆိုးစေသလို လက်မောင်းအောက်မှာ ယားယံလို့ နေရခက်စေပါတယ်။ လက်ပြတ်အဝတ်အစားလေးတွေ ဝတ်တဲ့အခါ မလှမပဖြစ်နေမယ့် ချိုင်းသားကြောင့် လက်မြှောက်ဖို့ ခက်နေတဲ့ လေဒီလေးတွေအတွက် ချိုင်းမွေးတွေကို သဘာဝပစ္စည်းလေးတွေ သုံးပြီး အန္တရာယ် ကင်းကင်းဖယ်ရှားနိုင်မယ့်နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။
ချိုင်းမွေးတွေကို သဘာဝနည်းသုံးပြီး ဖယ်ရှားရအောင်
ချွေးနံ့ နံစေပြီး နေရတာကသိကအောက်ဖြစ်စေတဲ့ ချိုင်းမွေးကို ဖယ်ရှားဖို့ဆိုရင်တော့
သင်္ဘောသီးစိမ်းက ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို အမြစ်ကနေ ဖယ်ရှားပေးတဲ့ သဘာဝ ပစ္စည်းတစ်ခုပါ။ သင်္ဘောသီးမှာပါတဲ့ papain ကမွေးညှင်းအိတ်လေးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ မလိုချင်တဲ့ အမွေးအမျှင်တွေကို အထိရောက်ဆုံးဖယ်ရှားပေးသလို နောက်ထပ် ထွက်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။
သင်္ဘောသီးအစိမ်းကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက် ကြိတ်ခြေလိုက်ပါ။ ပြီးရင် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာထည့်လို့ ရောမွှေလိုက်ပါ။ သမနေတဲ့ အနှစ်ကို ချိုင်းကြားမှာ လိမ်းလို့ ၁၅ မိနစ်ကြာ နှိပ်နယ်ပေးပါ။ ခြောက်သွားပြီဆိုရင် ရေနွေးနွေးသုံးလို့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။
ငှက်ပျောသီး နဲ့ Oatmeal
ငှက်ပျောသီး နဲ့ Oatmeal တို့က အသားအရေကို သန့်စင်စေပြီး အသားအရေခြောက်သွေ့တာကို သက်သာစေနိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက မလိုချင်တဲ့အမွေးအမျှင်ကိုဖယ်ရှားပေးပြီး အသားအရေကို နူးညံ့စေပါတယ်။ ဆဲလ်သေတွေ ဖယ်ရှားပေးပြီး မလိုချင်တဲ့ အမွေးအမျှင်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ငှက်ပျောသီးမှည့်တစ်လုံးကို ကြိတ်ခြေလိုက်ပါ။ ပြီးရင် oatmeal ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဒါမှမဟုတ် ၂ ဇွန်းစာထည့်လို့ သမအောင်မွှေပေးပါ။ ပြီးရင်တော့ ချိုင်းမှာ စက်ဝိုင်းပုံစံအတိုင်း လိမ်းလို့ ခြောက်အောင်ထားပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးချ လိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးပါ။
ကျောက်ချဉ် နဲ့ Rose water
ကျောက်ချဉ်က အမွေးအမျှင်တွေကို ဖယ်ရှားဖို့ ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ rose water က အရေပြားကို နူးညံ့စေပြီး ကျန်းမာစေပါတယ်။
ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို rose water လက်ဖက်ရည်ဇွန်း ၂ ဇွန်းက နေ ၃ ဇွန်းလောက်၊ သံလွင်ဆီ နဲ့ နှမ်းဆီ နည်းနည်းတို့ ရောမွှေလိုက်ပါ။ ပြီးရင် ဂွမ်းစလေးနဲ့ တို့ယူလို့ ချိုင်းကြားမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ခြောက်သွားတိုင်း ထပ်ထပ်လူးပေးပါ။ မိနစ် ၅၀ ကနေ တစ်နာရီလောက်အထိ ထားပါ။
ခြောက်သွားရင် ရေနွေးနွေးလေးနဲ့ ဆေးချပြီး ခြောက်အောင် သုတ်လို့ သံလွင်ဆီ ခပ်ပါးပါးလေး လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ် ကနေ ၄ကြိမ်လောက်အထိ လုပ်ပေးပါ။
သကြား၊ ပြောင်းမှုန့်၊ ကြက်ဥအကာ တို့က အမွှေးအမျှင်တွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်တဲ့အရာပါ။ အမွေးအမျှင်တွေ ဖယ်ရှားတဲ့အပြင် အသားအရေကိုပါ ကြည်လင်သန့်စင်စေပါတယ်။ ကြက်ဥအကာ တစ်လုံးကို ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရောလို့ မွှေလိုက်ပါ။
ပြီးရင် ချိုင်းကြားအောက်မှာ လိမ်းပေးပြီး ခြောက်သွားအောင် စောင့်ပါ။ ပြီးရင် ဆန့်ကျင်ဘက် ခွာချလိုက်ပါ။
ပျားရည် နဲ့ သံပရိုရည်
သံပရိုသီးမှာပါတဲ့ citrus acid က အမွေးတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်ပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာကို သံပရိုသီး ၃ စက်နဲ့ရောလိုက်ပါ။ ရလာတဲ့အရောကို ချိုင်းကြားမှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနဲ့ ဆေးချလို့ တဘက်စနဲ့ သုတ်လိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိ လုပ်ပေးပါ။
[embed-health-tool-bmi]