လူတစ်ယောက်ဆီကနေ ထွက်ရှိလာတဲ့ ချွေးနံ့ ဟာ ရောဂါတချို့အတွက် အဓိကသဲလွန်စတွေ ဖြစ်နေနိုင်တယ် ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာက ဆေးပညာလောက မှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀လောက်က ရှေးခေတ်ဂရိလူမျိုး နဲ့ တရုတ်လူမျိုး တွေက တီဘီရောဂါ လိုမျိုး ကူးစက်နိုင်တဲ့ ရောဂါတွေကို စစ်ဆေးသိရှိ နိုင်ဖို့ အနံ့ခံအာရုံ ကို အသုံးပြခဲ့ကြပါတယ်။