backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုး

သင့်ခြေထောက်က ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့ခြင်းကိုခံစားနေရပါသလား။ စိတ်မပူပါနဲ့တော့။ အောက်က ဆောင်းပါးမှာ ခြေဆီနံ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုးကို ဖော်ပြပေးထားပါတယ်။

ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုး

ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်းတွေက

၁။ မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါက ခြေဆီနံ့ကို ပျောက်စေတဲ့နေရာမှာ အလွန်ထိရောက်တယ်လို့ အသိများပါတယ်။ ခြေဖဝါးရဲ့ pH ပမာဏကို ဓာတ်ပြယ်စေပြီး ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရေ ဒါမှမဟုတ် ရေနွေး ၁ လီတာ နဲ့ ရောလိုက်ပါ။ နေ့စဉ် ဒီအရောထဲကို ၁၅မိနစ်မှ မိနစ်၂၀ထိ ခြေထောက်စိမ်ပေးပါ။ တစ်ပတ်လောက် ဆက်တိုက်လုပ်ပေးလိုက်တဲ့အခါ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။

၂။ လာဗင်ဒါ အဆီ

လာဗင်ဒါက ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒါ့အပြင် လာဗင်ဒါမှာ မှိုမကပ်စေတဲ့အရာတွေပါဝင်ပြီး ဒါတွေက ခြေဆီနံ့ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ လာဗင်ဒါအဆီ အစက်အနည်းငယ်ကို ရေနွေး သို့မဟုတ် ကြက်သီးနွေးရေထဲထည့်ပါ။ ဒီအရည်ထဲမှာ ခြေထောက်ကို ၁၅မိနစ်မှ မိနစ်၂၀ထိ စိမ်ထားပါ။ တစ်ရက်၂ကြိမ်လုပ်ပြီး ရက်အနည်းငယ်ကြာလာတဲ့အခါမှာ ခြေနံ့စတင်ပြီး ပျောက်သွားပါလိမ့်မယ်။

၃။ ကျောက်ချဉ်

ကျောက်ချဉ်မှုန့်မှာ ပိုးသေစေတဲ့ အာနိသင်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ်ကို သုံးတာလည်း ခြေဆီနံ့ကို ပျောက်ကွယ်သွားဖို့ နည်းလမ်းတစ်ခုပါပဲ။

ကျောက်ချဉ်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးနွေးတစ်ခွက်ထဲ ထည့်ပါ။ ဒီအရည်နဲ့ ခြေထောက်ကို ၁၅မိနစ်မှ မိနစ်၂၀ထိ သေချာဆေးကြောပြီး အခြောက်ခံပါ။ မြန်မြန်သိသာချင်ရင်တော့ ကျောက်ချဉ်အမှုန့် အချို့ကိုယူပြီး ခြေထောက်မှာဖြူးထားပေးနိုင်ပါတယ်။ နေ့စဉ်လုပ်ပေးပါ။

၄။ ဆားခါး

ခြေဆီနံ့ ထွက်ခြင်းကို ကုသပေးနိုင်တဲ့အပြင် ဆားခါးက ခြေဖဝါးနာကျင်တဲ့ လူတွေအတွက်လည်း ကောင်းမွန်ပါတယ်။ ဆားခါး လက်ဖက်ရည်ဇွန်း၂ဇွန်းကို ရေနွေးနွေးထဲထည့်ပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိ ခြေထောက်စိမ်ပါ။ တစ်ရက်တစ်ကြိမ် ပြုလုပ်ပေးပါ။

၅။ လက်ဖက်မည်း (Black tea)

လက်ဖက်မည်း အိတ်၂အိတ်ကို ရေဆူဆူ၃ခွက်ထဲ အတူတူထည့်ပြုတ်ပါ။ ပြီးတဲ့နောက် ရလာတဲ့အရည်ကို အေးသွားအောင် ရေတစ်ပုံးလောင်းထည့်ပါ။ ၁၅မိနစ်မှ မိနစ်၂၀ထိ ထိုအရည်ထဲ ခြေထောက်စိမ်ပါ။ နေ့စဉ်လုပ်ပေးပါ။

၆။ ရှာလကာရည်

ရှာလကာရည်တစ်ခွက်နဲ့ ရေ ၆ခွက်မှ ၈ခွက်ထိ ရောပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိ ခြေထောက်စိမ်ပါ။ ပြီးရင် ရေနဲ့သေချာ ပြန်ဆေးပေးပါ။ တစ်ရက်တစ်ကြိမ်လုပ်ပါ။

၇။ Borax (လက်ချား)

Borax (လက်ချား) တစ်ခွက်၊ ရှာလကာရည် ဆတူ၊ ရေ၂ခွက် စတာတွေကို ရောပါ။ သင့်ရဲ့ ရှူးဖိနပ်အတွင်းကို ရလာတဲ့ဖျော်ရည်နဲ့ ဖြန်းပါ။ ဒါမှမဟုတ် ဖိနပ်မစီးခင် ရှူးဖိနပ်တွေပေါ်မှာ borax powder (လက်ချားအမှုန့်) အချို့ ဖြူးပေးပါ။

၈။ သကြား

ခြေဖဝါးရဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့နဲ့ ခြေနံ့ကို ဖျောက်နိုင်ဖို့ သကြားကို သုံးနိုင်ပါတယ်။ သကြား၊ ရေ နဲ့ isopropyl alcohol ၉၁ ရာခိုင်နှုန်းအထက် တို့ကို ရောလိုက်ပါ။ ရလာတဲ့ အရောနဲ့ ခြေထောက်ကို ၅မိနစ်မှ ၁၀မိနစ်ထိ တိုက်ပေးပါ။ ဒါက ဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ တစ်ပတ်ကို ၃ကြိမ်လုပ်ပေးပါ။

၉။ ကလျာဏီပင်

အနံ့တွေ ကင်းစင်သွားဖို့ ကလျာဏီပင်ကို ဖိနပ်တွေနဲ့ ခြေအိတ်တွေပေါ်မှာ ထားပေးနိုင်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ သင့်ခြေထောက်တွေကို ကလျာဏီရေထဲမှာ စိမ်ပေးတာကလည်း ခြေနံ့ကို ပျောက်ကင်းစေနိုင်ပါတယ်။

၁၀။ ချင်း

ချင်းကို အရင်ထောင်းလိုက်ပါ။ ရလာတာတွေကို ရေနွေးတစ်ခွက်နဲ့ရောပြီး ခြေထောက်ကို ၁၀မိနစ်မှ ၁၅မိနစ်ခန့်ထိ နှိပ်နယ်ပေးပါ။ နေ့စဉ်လုပ်ပါ။

ဆရာဝန်ဆီမသွားခင်မှာ အထက်ပါ လွယ်ကူတဲ့ အိမ်တွင်းသုံးနည်းလေးတွေကို အရင်စမ်းကြည့်ပါ။ မသက်သာဘူးဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့ လိုအပ်ပါတယ်။

ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

ရေးသားသူ- Wuthun Myat Chal

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement