backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ချွေး ကပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချွေး ကပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။

လူတိုင်းချွေးထွက်တတ်ကြပါတယ်။ အပြင်လေး မထွက်လိုက်နဲ့။ ချွေး တွေပြန်လာတာ ရေချိုးထားတဲ့အတိုင်း။ တစ်ချို့ကျတော့လည်း ဘယ်လောက်ပူပူ ချွေးလုံးဝမထွက်။ ဒီ ချွေးထွက်များတာ ချွေးလုံးမထွက်တာ တွေအပြင် ကိုယ်ခန္ဓါက ထွက်တဲ့ ချွေးတွေက ကိုယ့်ကျန်းမာရေးအကြောင်း ပြောပြနေတဲ့ အရာတွေပါ။ ချွေးထဲမှာ ရေဓါတ် ဓါတ်ဆားဓါတ်တွေပါတဲ့အတွက် သူတို့ကနေ ကိုယ့်ကျန်းမာရေးအကြောင်း အများကြီး သိနိုင်မှာပါ။

ဒီတော့ ချွေး ကနေ သိနိုင်တဲ့ ကျန်းမာရေးအကြောင်းတွေ ဘာတွေဖြစ်မလဲ။ ။

( ၁ ) စိတ်ဖိစီးမှုများနေတာ

စိတ်ဖိစီးမှုများနေ စိတ်လှုပ်ရှားနေပြီဆိုရင် ချွေးစေးတွေပြန်လာတာ လူတိုင်းကြုံဖူးကြမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ချွေးဂလင်း ၂ မျိုးရှိတဲ့အထဲ Eccrine glands ကတော့ အနံမရှိကြည်လင်တဲ့ ချွေးတွေကိုထုတ်ပေးပြီး ချိုင်းကြားပေါင်ကြားမှာရှိတဲ့ Apocrine glands ကတော့ အနံ့ပြင်းပြီး စေးကပ်တဲ့ ချွေးတွေ ထုတ်ပေးလေ့ရှိပါတယ်။ စိတ်ဖိစီးမှု များတဲ့အချိန်မှာထွက်လာတဲ့ ဟော်မုန်းတွေက Apocrine glands ကို သွားလှုံ့ဆော်လိုက်တာကြောင့် ကိုယ်ဖိစီးမှုတွေ များနေတဲ့အချိန် အနံ့ပြင်းတဲ့ချွေးနံ့တွေ ပိုထွက်တတ်ပါတယ်။

( ၂ ) ချွေးထွက်လွန်တာ၊ ချွေးလုံးဝမထွက်တာ

ရာသီဥတုလည်းမပူ လှုပ်လှုပ်ရှားရှားလည်း မလုပ်ဘဲနဲ့ လက်ဖဝါး ခြေဖဝါးတွေမှာ ချွေးထွက်များပြီး စေးကပ်နေတဲ့ အခိုက်အတန့်တွေ ကြုံဖူးကြတယ်မလား။ ဒါဆိုရင်တော့ သင့်မှာ hyperhidrosis လို့ခေါ်တဲ့ ချွေးထွက်သန်တဲံ ပြဿနာရှိနေပြီလို့ ယူဆရပါတယ်။

ပြောင်းပြန်အနေနဲ့ ရာသီဥတုကလည်းပူ လေ့ကျင့်ခန်းတွေလည်း ပြင်းပြင်းထန်ထန်လုပ်ထားရက်နဲ့ ချွေးလုံးဝ မထွက်ဘူးဆိုရင်တော့ သင့်မှာ anhidrosis လို့ခေါ်တဲ့ ချွေးလုံးဝ မထွက်နိုင်တဲ့ ပြဿနာရှိနေပါပြီ။

ချွေးထွက်တယ်ဆိုတာ ကိုယ်ခန္ဓါရဲ့ အပူချိန်ကို ထိန်းညှိပေးတာဖြစ်တဲ့အတွက်ကြောင့် ချွေးထွက်သန်တာထက်စာရင် ဒီ ချွေးလုံးမထွက်တာက တကယ်ကို သတိထားရမယ့် ကျန်းမာရေးတစ်ခုပါ။ ဒါ့ကြောင့် ကိုယ်တွေပူသလိုလိုဖြစ်နေပေမယ့် ချွေးလုံးဝ မထွက်ခဲ့ရင်တော့ဆရာဝန်နဲ့ သွားတိုင်ပင်ဖို့လိုအပ်ပါတယ်။

( ၃ ) သွေးတွင်းသကြားဓါတ်နည်း နေခြင်း

သွေးတွင်းသကြားဓါတ် 70 milligrams per deciliter ထက်နည်းသွားပြီဆိုတာနဲ့ ကိုယ်ခန္ဓါက တုန့်ပြန်မယ့် အချက်တွေထဲမှာ ချွေးစေးတွေပြန်လာတဲ့ အချက်လည်း အပါအဝင်တစ်ခုပါ။ ဒီလို သွေးတွင်းသကြားဓါတ်န်ညးသွားတဲ့အချိန်ဆို ကိုယ်ခန္ဓါကနေ adrenaline ဟော်မုန်းတွေ ထွက်လာပြီး ချွေးဂလင်းတွေကို လှုံ့ဆော်လိုက်တာကြောင့် ချွေးစေးတွေ ပြန်လာရတာဖြစ်ပါတယ်။ ဒါကြော့င် ကိုယ်က ဗိုက်ဆာနေပြီ ကတုန်ကယင်လည်းဖြစ်နေပြီ ချွေးစေးတွေလည်းပြန်နေပြီဆိုရင်တော့ သွေးတွင်းသကြားဓါတ်နည်းနေပြီလို့သာ မှတ်လိုက်ပါတော့။

( ၅ ) ရေဓာတ်ခမ်းခြောက်ခြင်း

ချွေးထွက်တာများတဲ့အခါ ရေဓါတ်ခမ်းခြောက်တဲ့ ပြဿနာဖြစ်မှာကျိန်းသေပါတယ်။ ဒါကို ကိုယ့်ဘက်ကရေသေချာပြန်မသောက်ဘူးဆိုရင် ကျိန်းသေးပါတယ်။ နောက်ပိုင်း ရေဓါတ်ခမ်းခြောက်တဲ့ပြဿနာဖြစ်လာတော့မှာပါ။ ဒီလို အချိန်မှာ ကိုယ်ဆီကထွက်တဲ့ ဆီးအရောင်ကို ကြည့်ရပါတော့မယ်။ ပုံမှန်ဆို ဆီးအရောင်က ကောက်ရိုးရောင်ရှိနေရမှာမလား။ ဒါကို ဆီးအရောင်အဝါရင့်ရောင်တို့ လိမ္မော်ရောင်တို့ ဖြစ်နေပြီဆိုရင်တော့ ရေဓါတ်ခမ်းခြောက်နေတာမျိုး ဖြစ်နေပါပြီ။

( ၆ ) ဓါတ်ဆားဓါတ်နည်းတဲ့ လက္ခဏာတွေလည်းတွေ့ရတတ်ပါတယ်။

ချွေးထွက်ချိန် ပါသွားတာက ရေတစ်မျိုးတည်းမဟုတ်ပါဘူး။ ဓါတ်ဆားနဲ့ electrolytes တွေလည်းပါသွားတာကြောင့် ဓါတ်ဆားဓါတ်နည်းတဲ့ လက္ခဏာတွေဖြစ်တဲ့ ကြွက်တက်တာ ခေါင်းမူးတဲ့ ပြဿနာတွေ ဆက်ဖြစ်လာတော့မှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement