အသုံးပြုနည်း
ပြင်ဆင်ပါ
ချိုင်းကို waxing မလုပ်ခင် အရင်သန့်ရှင်းရေးလုပ်ပါ။ရေနွေးနွေးလေးနဲ့ ဆပ်ပြာသုံးပြီး ညင်သာစွာသန့်စင်ပေးပါ။ ချိုင်းမွေးနဲ့ အသားအရေကိုပျော့ပျောင်းသွားစေလို့ အမွေးအမှင်ဖယ်ရှားဖို့လွယ်ကူစေပါတယ်။ ချိုင်းမွေးကို နည်းနည်းညှပ်ပေးပါ။ သိပ်ရှည်ရင် waxing လုပ်တဲ့အခါ ပိုနာမယ်၊ တိုလွန်းရင် အကုန်မပါသွားဘဲနေမယ်။ မတိုလွန်းမရှည်လွန်းတဲ့အနေအထားဆို ညှပ်ဖို့မလိုပါ။
ချိုင်းကို ပေါင်ဒါလိမ်းပါ
ဘာပေါင်ဒါဖြစ်ဖြစ်ရပါတယ်။ အများကြီးတော့မလိမ်းပါနဲ့။ အနည်းငယ်လိမ်းထားရင် wax က အသားကို မထိခိုက်ဘဲ အမွေးတွေပဲ ကပ်ပါသွားနိုင်ပါမယ်။
wax ကို သုတ်လိမ်းပါ
အသင့်သုံးပစ္စည်းတွေမရှိရင် သစ်သားချောင်းလေးနဲ့(ရေခဲမုန့်စားတဲ့ဇွန်းပြားလေးလို)သုတ်လိမ်းလို့ရပါတယ်။ ချိုင်းမွေးရှိရာတဝိုက်ကို သုတ်လိမ်းပါ။ ချိုင်းမွေးပေါက်တဲ့လမ်းကြောင်းအတိုင်းသုတ်လိမ်းပါနော်။ အကုန်ဖုံးအုပ်သွားတဲ့အထိ။ လမ်းကြောင်းပြောင်းပြန်မသုတ်မိဖို့သတိထားပါ။
wax strip အုပ်ပါ
wax strip အသင့်မရှိရင် အဝတ်စပါးပါးလေးကို အနေတော်ညှပ်ပြီးသုံးလို့ရပါတယ်။ ခုနလိမ်းထားတဲ့ပေါ် အုပ်ပြီး ခုနလမ်းကြောင်းအတိုင်း ဖိသပ်ချပါ။နေရာလွတ်မကျန်အောင်သေချာဖိကပ်ပေးပြီးခြောက်တဲ့အထိထားပါ။
ဖယ်ရှားပါ
ကပ်ထားတဲ့strip ကို ဖယ်ရှားရာမှာ ခုနကလိမ်းခဲ့တဲ့လမ်းကြောင်းနဲ့ဆန့်ကျင်ဘက် ကို တစ်ချက်တည်း ခပ်ဆတ်ဆတ်ဆွဲခွာလိုက်ပါ။
အဆီလေးလိမ်းပါ
သံလွင်ဆီ နည်းနည်းပွတ်လိမ်းပါ။ ကပ်ကျန်နေတဲ့waxတွေ ဖယ်ရှားနိုင်ပါလိမ့်မယ်။
သန့်ရှင်းပါ
အားလုံးဖယ်ရှားပြီးတဲ့အခါ ချိုင်းကိုရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်ပါ။ အကောင်းဆုံးက ဂွမ်းစလေးရေဆွတ်ပြီးဖိသုတ်ပါ။ ကျိန်းတာစပ်တာရှိနေသေးရင် ရှားစောင်းလက်ပတ် ဂျယ်လ် လေးလိမ်းလို့ရပါတယ်။
Waxing လုပ်ပြီး နာရီအတော်ကြာတဲ့အထိချွေးနံ့ပျောက်ဆေး၊အစိုဓါတ်ထိန်း နဲ့ တခြားခရင်မ်တွေ လိုးရှင်းတွေမလူးပါနဲ့ဦး။ Waxing လုပ်ထားရင် ၄ ပတ်လောက်တော့ ခံတာမို့နောက်ရက်မှ ချိုင်းအသားအရေအတွက် ထိန်းသိမ်းတာ လုပ်ပေးပေါ့။ ချိုင်းကြားအသားအရေအတွက် သဘာဝပေါင်းတင်နည်းတွေကိုနောက်ဆောင်းပါးမှာပြောပြပေးမယ်နော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။