အောက်ပါအကောင်များဟာ ကိုက်ပြီး သွေးစုပ်နိုင်ပါတယ်။
- ကြမ်းပိုး
- သန်း
- ယင်ကောင်
- သန်းလှေး
- ခြင်
- ပင့်ကူ
- မွှား
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Bites And Stings (ပိုးမွှားကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
ပြင်ပမှာ အလုပ်လုပ်ကိုင်ခြင်း၊ စခန်းချခြင်း တောင်တက်ခြင်း စတဲ့ ပြင်ပလှုပ်ရှားမှုများ ပြုလုပ်ခြင်း စတဲ့အခါမှာ အကိုက်ခံရနိုင်ခြေ များပါတယ်။
လက်၊ ခြေထောက် စတဲ့ ပေါ်လွင်နေတဲ့နေရာတွေမှာ အကိုက်ခံရများပါတယ်။ ဖြစ်ပွားနိုင်ခြေရှိတဲ့အရာတွေကတော့
- အရောင်မှိုင်းစွာ ဝတ်ဆင်ခြင်း
- ပြင်ပတွင် စားခြင်း
- ပျားအုံများနှင့် ထိတွေ့ခြင်း
- ပန်းရနံ့ရေမွှေးသုံးခြင်း
- အဝတ်အစားလျော့ရဲခြင်း
- ပြင်ပလှုပ်ရှားမှုများတွင် ပါဝင်ခြင်း
- ပြင်ပတွင် အလုပ်လုပ်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Bites And Stings (ပိုးမွှားကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါရာဇဝင်မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်ခြင်းတွေ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် အင်းဆက်ကိုက်ခြင်းကို အတည်ပြုဖို့ စစ်ဆေးချက်တွေ မပါဝင်ပါဘူး။ အရေပြားပေါ်မှာ အင်းဆက်ပိုးကောင် တွေ့ရပြီး သူတို့ကြောင့် ရောဂါဖြစ်သလား မဖြစ်သလား သိရအောင် စစ်ဆေးဖို့ပဲ ရည်ရွယ်ပါတယ်။ တခြားဖြစ်နိုင်ခြေပြသနာတွေကို ဖယ်ထုတ်ပြီးရင် ကုသမှုကို ဆုံးဖြတ်ပါတယ်။
- အင်းဆက်အဆိပ်ဓါတ်မတည့်မှုစစ်ဆေးခြင်း။ အရေပြားပေါ်မှာ အင်းဆက်အဆိပ်ဓါတ်တချို့ ထိတွေ့စေပြီး ဓါတ်မတည့်မှု ဘယ်လို ဖြစ်ပွားသလဲ စမ်းသပ်ကြည့်ရှုခြင်း ဖြစ်ပါတယ်။
- မွှားကိုက်၍ ပိုးဝင်ကာ အဆစ်ရောင်ခြင်း (Lyme ရောဂါ)။ အရေပြားထဲကနေ မွှားကိုရှာတွေ့ရင် ဖယ်ထုတ်ပြီး Lyme ရောဂါဖြစ်စေတဲ့ပိုး ရှိမရှိ စစ်ဆေးပါတယ်။
ပိုးမွှားကိုက်ခြင်းဟာ များသောအားဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရုံသာရှိပြီး ဆိုးရွားကြာရှည်တဲ့ ပြသနာတွေ မရှိပါဘူး။ ဒါပေမယ့် တခါတရံ ရောဂါပိုးဝင်ပြီး ကုသမှုလိုအပ်ပါတယ်။ ဓါတ်မတည့်ခြင်းတွေ ဖြစ်ပွားပြီး သေစေနိုင်ပါတယ်။ အရေးပေါ်ကုသခြင်းတွေ လိုအပ်ပါတယ်။
Bites And Stings (ပိုးမွှားကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ပိုးမွှားကိုက်ခံရခြင်းဟာ ပုံမှန်တွေ့နေကြဖြစ်ပြီး အသေးအဖွဲတခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိပ်ရှိရင်၊ ရောဂါပိုးကူးနိုင်ရင်၊ ဓါတ်မတည့်ရင် အရေးပေါ်ကုသမှု လိုအပ်ပါတယ်။
အဲဒီလိုအခြေအနေတွေမှာ တိကျတဲ့ရောဂါရှာဖွေမှု၊ အချိန်မီ ကုသမှုတွေဟာ အလွန်အရေးကြီးပါတယ်။
အင်းဆက်ကိုက်ခြင်း အများစုမှာ အလွယ်တကူ ကုသနိုင်ပါတယ်။ အတော်အတန် ပြသနာလောက်ဆို အိမ်မှာပဲ ကုသနိုင်ပါတယ်။
ပိုးမွှားကိုက်ခြင်းကို ဓါတ်မတည့်ဖြစ်တတ်ရင် ကိုယ်ခံအား ကုသမှု (အာရုံတုံ့ပြန်မှုကိုလျော့ပါးစေခြင်း)ကို ရွေးချယ်နိုင်ပါတယ်။ အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းအတွက် ဓါတ်မတည့် တုံ့ပြန်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပိုးမွှားကိုက်ခြင်း အတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
- အရည်ကြည်ဖုများ။ အင်းဆက်အကိုက်ခံရခြင်းကြောင့်ဖြစ်တဲ့ အရည်ကြည်ဖုများကို မဖောက်ပါနဲ့။ ပိုးဝင်နိုင်ပါတယ်။ အရည်ကြည်ဖုတွေကို ဖောက်လိုက်ရင် အောက်ခြေအရေပြားလည်း ပေါ်လာပြိး နာကျင်နိုင်ပါတယ်။ ဖြစ်နိုင်ရင် အရည်ကြည်ဖုနေရာတွေကို ပတ်တီးစည်းထားပါ။
- အရေပြားယားယံခြင်း။ အကောင်ကိုက်တဲ့နေရာမှာ သေးငယ်တဲ့ အဖုအပိန့်နဲ့ ယားယံခြင်းတွေ သတိထားမိရင် ဆရာဝန်ဟာ ဟစ်စ်တမင်း ဆန့်ကျင်ဆေး၊ ကော်တီကိုစတီးရွိုက်သောက်ဆေး စတာတွေ ပေးပါလိမ့်မယ်။ ပိုဆိုးလာရင် ဆေးရုံဆေးခန်းပြပါ။
- နေရာတဝိုက်လက္ခဏာဖြစ်ပေါ်ခြင်း။ ကြီးမားတဲ့ ဓါတ်ပြုလက္ခဏာတွေဟာ အကောင်ကိုက်ခံရတဲ့တဝိုက်မှာ ပေါ်လာရင် ဟစ်စ်တမင်းဆန့်ကျင်ဆေးသောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ ရောင်ရမ်းတာဆိုးရင် ဆရာဝန်ဟာ စတီးရွီုက်ဆေးတွေ တိုက်နိုင်ပါတယ်။
- ဓါတ်ပြုမှုသေးရင်တော့ ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ ထုံဆေး၊ စတီးရွိုက်လိမ်းဆေး၊ ဟစ်စတမင်းဆန့်ကျင်ဆေး စတာတွေဟာ နာကျင်ယားယံမှုကို သက်သာစေပါတယ်။ အရေပြားဟာ စုတ်ပြဲနေရင်တော့ လိမ်းဆေးတွေ မလိမ်းသင့်ပါဘူး။ အကိုက်ခံရတဲ့နေရာမှာ ယားယံနေပေမယ့် ကုတ်ဖဲ့ခြင်းကို ရှောင်ကြဉ်ပါ။ အရေပြားတွေ စုတ်ပြဲရာကနေ ရောဂါပိုး ဝင်လာမှာစိုးလို့ ဖြစ်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။