အပူလောင်နာတွေအတွက် ပိတ်ပတ်တီးနဲ့adhesive tape – အသေးစားအပူလောင်ဒဏ်ရာမျိုးရခဲ့မယ်ဆိုရင်နေအိမ်မှာပဲ ပိတ်နဲ့လုပ် ထားတဲ့ပတ်တီး၊adhesive tapeတွေကိုသုံးပြီးအနာကို ထိန်းသိမ်းပေးလို့ရပါတယ်။ ပိုးသတ်ထားတဲ့ ပိတ်ပတ်တီးစကို သန့်စင်ထားတဲ့ အပူလောင်ဒဏ်ရာပေါ်ကို ခပ်ဖွဖွလေးအုပ်ပေးပြီး အပေါ်ကနေadhesive tape ကိုထပ်ပတ်ပေးလိုက်ပါ။
ဆီပူလောင်၊ရေနွေးပူလောင်ဒဏ်ရာတွေအတွက်moleskin type bandage –ဆီပူ၊ရေနွေးပူလောင်တာကြောင့်ဖြစ်တဲ့ရေကြည်ဖုတွေပေါက်ထွက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အလယ်မှာ အဝိုင်းပုံစံလေးပါပြီး အဝိုင်းရာတည့်တည့်လေးမှာ အပူလောင်ဖုကိုထားပြီးကပ်ရမှာပါ။ အပူလောင်တာကြောင့်ဖြစ်တဲ့ရေကြည်ဖုကို မတော်တဆပွတ်မိတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒီပလာစတာက အနာပိုးမဝင်အောင်မကာကွယ်ပေးနိုင်တာကြောင့် အပေါ်ကနေ ပုံမှန်ကပ်နေကျ ပလာစတာတစ်ခု ထပ်ကပ်ပေးထားဖို့တော့လိုပါမယ်။
ပြင်းထန်တဲ့ဒဏ်ရာတွေအတွက် ပတ်တီးသုံးမယ်
pressure bandage –ပြင်းထန်တဲ့ပြတ်ရှဒဏ်ရာတွေ ထိခိုက်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံးကတော့pressure bandage ပါပဲ။ ဒီပတ်တီးမှာ အနာပေါ်ကို အုပ်ထားပေးရမယ့်အပိုင်းနဲ့ ပတ်တီးစည်းလို့လွယ်အောင်လုပ်ထားပေးတဲ့ အပိုင်းလည်းပါဝင်ပါတယ်။ ဒဏ်ရာကြီးတွေက ပိုးမဝင်စေအောင်ကာကွယ်ပေးပြီး အနာကျက်အောင်လည်း အထောက်အပံ့ပေးပါတယ်။ ဒဏ်ရာကနေသွေးအရမ်းမထွက်စေဖို့အတွက် အသင့်တော်ဆုံးပါ။
triangle bandage – အရိုးကျိုးသွားတဲ့အခါနေသားတကျ အရိုးပြန်ဆက်စေဖို့ နဲ့ အဆစ်လွဲသွားတာမျိုးတွေအတွက် အသုံးပြုပေးနိုင်တဲ့ ပတ်တီးတစ်မျိုးပါ။ တြိဂံပုံစံခေါက်လို့ရတဲ့ ပတ်တီးမျိုးပါ။ လည်ပင်းမှာသိုင်းပြီး ထိခိုက်မိထားတဲ့ လက်ကို ပတ်တီးသိုင်းထားတဲ့အထဲမှာထည့်ရမှာပါ။ အရိုးတွေကိုနေသားတကျဖြစ်စေဖို့ အထောက်အပံ့ပေးပါတယ်။
gauze roll –second degree burnတွေအတွက်အသုံးပြုလို့ရပါတယ်။second degree burnပေါ်မှာ ပတ်တီးစလေးကိုအုပ်ပေးပါ။ နာကျင်နီရဲရောင်ရမ်းနေတဲ့ အနာပေါ်မှာ ပိတ်သားပတ်တီးစလေးကိုအုပ်ပေးပြီး အပေါ်ကနေgauze roll ကိုအသုံးပြုပေးရပါမယ်။gauze roll ကသွေးလည်ပတ်မှုကိုပြတ်တောက်စေတာမျိုးမရှိသလို အနာပိုးဝင်စေတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အနာကို နာကျင်ရောင်ရမ်းတာမျိုးမဖြစ်အောင်နဲ့ အနာကျက်အောင်ပါအထောက်အပံ့ပေးပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။