backup og meta

ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်နိုင်သော နည်းလမ်းများ နှင့်ပြုစုနည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်နိုင်သော နည်းလမ်းများ နှင့်ပြုစုနည်းများ

    အဆိပ်သင့်တယ်ဆိုတာဘာလဲ

    အဆိပ်သင့်ခြင်းဆိုသည်မှာ အဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ လုံလောက်သော အရေအတွက်၊ ပမာဏ ဝင်ရောက်ခြင်းကြောင့် ကျန်းမာရေးချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးသည် အထိ ဖြစ်စေနိုင်ခြင်းကို ခေါ်သည်။

    ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်နိုင်သော နည်းလမ်းများ

    ၁။       စားမိခြင်း

    (ဥပမာ – အစာအဆိပ်သင့်ခြင်း၊ အဆိပ်သောက်ခြင်း)

    ၂။        ရှူရှိုက်မိခြင်း

    (ဥပမာ – ဓာတ်ငွေ့အဆိပ်သင့်ခြင်း၊ မတည့်သော အနံ့ရှူရှိုက်မိခြင်း)

    ၃။       အရေပြားအတွင်း ထိုးသွင်းခြင်း

    (ဥပမာ − အဆိပ်ရှိသောသတ္တဝါ အကိုက်ခံရခြင်း)

    ၄။       အရေပြားအတွင်း စိမ့်ဝင်ခြင်း

    (ဥပမာ− ဓာတုဗေဒပစ္စည်းများကို အကာအကွယ်မပါဘဲ ကြာမြင့်စွာကိုင်တွယ်   အသုံးပြုခြင်း)

    စားမိခြင်းကြောင့် အဆိပ်သင့်စေသောအရာများ

    • ဆေးဝါးနှင့် အရက်သေစာ
    • သန့်စင် ချေး(ဂျီး)ချွတ်ဆေးများ
    • ကိုယ်တိုင်လုပ် ဥယျာဉ်သုံးပစ္စည်းများ
    • အပင်သုံးအားဆေး၊ ပိုးသတ်ဆေး
    • ပိုးမွှားကြောင့် အစာအဆိပ်သင့်ခြင်း
    • ဗိုင်းရပ်စ်ပိုးကြောင့် အစာအဆိပ်သင့်ခြင်း
    • မတည့်သောအစားအစာများ စားမိခြင်း

    လက္ခဏာများ

    (၁)      မူးဝေခြင်း/ခေါင်းကိုက်ခြင်း

    (၂)       အော့အန်ခြင်း၊ ဝမ်းသွားခြင်း

    (၃)      ဗိုက်နာ/ဗိုက်အောင့်ခြင်း

    (၄)      တက်ခြင်း

    (၅)      နှလုံးခုန်နှေး/မြန်ခြင်း၊ သတိလစ်ခြင်း

    (၆)      အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း

    (၇)      အဖျားတက်ခြင်း၊ အသက်ရှူခက်ခဲခြင်း

    (၈)      ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း

    စားမိခြင်းကို ပြုစုခြင်း

    • အဆိပ်ဖြစ်သော အစာများ စားမိပါက ချက်ချင်းပြန်၍ အန်အောင်ပြုလုပ်ပါ။ သို့သော် စတင်ဖြစ်သည့် အချိန်မှ မိနစ် (၃၀) အတွင်းတွေ့ရှိသော လူနာများကိုသာ အန်အောင်လုပ်ပါ။
    • အဆက်မပြတ်အန်နေသော လူနာများနှင့် အက်စစ်၊ အယ်လ်ကာလီသောက်သောလူနာများ၊ တက်သော လူနာများ၊ သတိလစ်သောလူနာများကို အန်အောင်မလုပ်ရပါ။
    • အက်စစ်၊ အယ်လ်ကာလီသောက်သော လူနာများကို ရေများများတိုက်ပါ။ နွားနို့အေးအေး (သို့) ရေအေးအေးနှင့် ကြက်ဥအကာများကို တိုက်ပါ။
    • စားဆေးများ အလွန်အကျွံသောက်သော လူနာများအား နွားနို့ (သို့) ရေမတိုက်ရပါ။ ထိုလူနာများအား ကြက်ဥအကာတိုက်ပါ။
    • အလွန်အမင်းအန်သောလူနာများအား ဘယ်ဘက်သို့စောင်း၍ စိတ်ချရသော ဘေးစောင်းအနေအထား တွင်ထားပါ။
    • ဆေးရုံသို့ လူနာမှတ်တမ်းနှင့်အတူ အမြန်ပို့ပါ။

    ရှူရှိုက်မိခြင်းကြောင့် အဆိပ်သင့်စေသော အရာများ

    • အခိုးအငွေ့များ
    • သန့်စင်ချေး(ဂျီး)ချွတ်ဆေးနှင့် ကိုယ်တိုင်လုပ်ဓာတုပစ္စည်းများ
    • စက်ရုံသုံး အဆိပ်ရှိပစ္စည်းများ
    • မီးခိုးငွေ့များ

    လက္ခဏာများ

    • အသက်ရှူခက်ခဲခြင်း၊
    • အောက်စီဂျင်လုံလောက်မှုမရှိခြင်းကြောင့် အရေပြားပြာနှမ်းခြင်း၊ ညိုပုပ်ပုပ်အရောင်ဖြစ်ခြင်း

    ရှူရှိုက်မိခြင်းကြောင့် အဆိပ်သင့်ခြင်းအားပြုစုခြင်း

    • လူနာနှင့် မိမိကိုယ်ကို ကာကွယ်ပါ။
    • သတိရလျှင် အားပေးစကား ပြောပါ။
    • အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းအား CPR ပြုလုပ်ပါ။
    • သတိရလာလျှင် စိတ်ချရသော ဘေးစောင်းအနေအထားဖြင့် ဆေးရုံအမြန်ပို့ပါ။

    အရေပြားအတွင်းထိုးသွင်းခြင်းကြောင့် အဆိပ်သင့်စေသောအရာများ

    • သတ္တဝါများတုပ်ခြင်း၊ ကိုက်ခြင်းကြောင့် အဆိပ်သင့်ခြင်း
    • ဆေးဝါးများ ထိုးသွင်းခြင်း

    လက္ခဏာများ

    • နာကျင်ခြင်း၊ နီမြန်းခြင်း၊ ရောင်ရမ်းခြင်းများကို ထိုးသွင်းထားသည့် အရေပြားနေရာတွင် တွေ့ရခြင်း၊
    • မျက်စိမှုန်ဝါးခြင်း၊ ပျို့အန်ခြင်း
    • အသက်ရှူခက်ခဲခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း

    အရေပြားအတွင်းထိုးသွင်းခြင်းကြောင့် အဆိပ်သင့်ခြင်းကို ပြုစုခြင်း

    ၁။       သတ္တဝါတို့၏အဆိပ်

    • အဆိပ်ရှိစူးကို ဖယ်ရှားပါ။
    • ဆေးရုံသို့အမြန်ဆုံးပို့ပါ။

    ၂။        ဆေးဝါးထိုးသွင်းခြင်း

    • ဆေးရုံသို့အမြန်ဆုံးပို့ပါ။

    အရေပြားအတွင်းစိမ့်ဝင်၍ အဆိပ်သင့်ခြင်းဖြစ်စေသောအရာများ

    • သန့်စင်ဂျီးချွတ်ဆေးများ
    • ကိုယ်တိုင်လုပ်ဥယျာဉ်သုံးဓာတုပစ္စည်းများ
    • စက်ရုံသုံးအဆိပ်ရှိပစ္စည်းများ
    • အပင်သုံးအားဆေး၊ ပိုးသတ်ဆေး

    လက္ခဏာများ

    အရေပြားအတွင်းစိမ့်ဝင်၍ အဆိပ်သင့်ခြင်းအား ပြုစုခြင်း

    • အားပေးစကားပြောပါ။
    • အဆိပ်သင့်အဝတ်အစားများကို ဖယ်ရှားပါ။
    • အရေပြားတွင် ကပ်နေသောအဆိပ်များကို ဖယ်ရှားပါ။ (၁၀)မိနစ်ခန့် ဆေးကြောပေးပါ။
    • မူးဝေနေလျှင် လေကောင်းလေသန့်ရသော နေရာတွင်ထားပါ။
    • အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းရပ်နေပါက CPR ပြုလုပ်ပါ။
    • ဆေးရုံပို့ပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    သက်ဆိုင်သည့် ဆောင်းပါး


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement