အုန်းဆီ၊ သံလွင်ဆီ၊ထောပတ် ၊ မာဂျရင်း တို့လို အဆီတွေက စူပါဂလူးခွာတဲ့နေရာမှာ အသုံးဝင်ပါတယ်။ရေနွေးနွေးလေးထဲမှာ လက်ကိုအရင်စိမ်လိုက်ပြီးမှ အဲဒီအဆီတစ်ခုခုကို စိတ်ရှည်ရှည်နဲ့ပွတ်ပေးပါ။ကော်တွေမစင်မချင်း ဆီတွေထပ်သုံးလို့ရပါတယ်။
(၄) ချေးတွန်းကျောက်
အသားမာတွေ၊ အရေပြားဆဲလ်သေတွေကိုဖယ်ရှားဖို့ သုံးကြတဲ့ချေးတွန်းကျောက်ကိုခြောက်သွေ့ကပ်ကျန်နေတဲ့ကော်တွေဖယ်ရှားရာမှာလည်း သုံးနိုင်ပါတယ်။ကော်ပေနေတဲ့လက်ကို ဆပ်ပြာရည်ထဲခဏစိမ်ပြီးချေးတွန်းကျောက်ကိုတော့ရေနွေးလေးထဲစိမ်ထားပါ။ပြီးမှချေးတွန်းကျောက်နဲ့ အသာအယာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးပါ။
(၅) သံပရာသီး
သံပရာသီးရဲ့အက်စစ်ဓါတ်က စူပါဂလူးကိုဖယ်ရှားပေးနိုင်ပါတယ်။ ခွက်တစ်ခုထဲကို သံပရာသီးညှစ်ထည့်ပြီး ကော်ပေနေတဲ့လက်ကို ၅ မိနစ်/ ၁၀ မိနစ် နှစ်ထားပေးပါ။ ဒါမှမဟုတ် သွားပွတ်တံဖြစ်ဖြစ်၊ ဂွမ်းနဲ့ဖြစ်ဖြစ် သံပရာရည်ဆွတ်ပြီးကော်ကပ်နေတဲ့နေရာကို တို့ပွတ်ပါ။
အသားမှာ ကော်ကပ်မိရင်
အသားမှာကပ်နေတဲ့ကော်တွေကို ဆွဲမခွာသင့်ပါဘူး။ အရေပြားကို သို့မဟုတ်ကော်ကို ညင်သာစွာပွတ်တိုက်တာကပဲ အဆင်ပြေမှာပါ။ တချို့က ဒီတိုင်းနေရင်း၊ အဝတ်လျှော် ၊ ပန်းကန်ဆေးရင်းနဲ့ ကွာကုန်တာလည်းရှိပါတယ်။
ဒါပေမယ့် အရေးကြီးတာက စူပါဂလူးသုံးရင် ပါးစပ်ထဲနဲ့ မျက်စိထဲမဝင်ဖို့ပါပဲ။ မျက်စိ သို့မဟုတ် မျက်ခွံမှာကော်တွေပေရင် အန္တရာယ်ရှိနိုင်ပါတယ်။
နောက်တစ်ချက်အရေးကြီးတာက အရေပြားမှာပေါက်ပြဲမှုရှိခဲ့ရင် ဓါတုပစ္စည်းတွေသုံးပြီးကော်မဖယ်ရှားပါနဲ့။နောက်ဆုံးမရရင် ဆရာဝန်ပြသင့်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။