backup og meta

အရိုးကျိုးတဲ့အခါ ကနဦးပြုစုကုသမှု ဘယ်လိုလုပ်ရမလဲ

အရိုးကျိုးတဲ့အခါ ကနဦးပြုစုကုသမှု ဘယ်လိုလုပ်ရမလဲ

အရိုးကျိုးခြင်းဆိုတာ အရိုးနဲ့ပတ်သက်ပြီး ဖြစ်ပွားမှု အများဆုံးပြသနာတစ်ခုဖြစ်ပါတယ်။ ဆေးရုံ သုတေသန အချက်အလက်များအရ-

  • လူဦးရေရဲ့ ၂.၄ရာခိုင်နှုန်း ဟာ အရိုးကျိုးဖူးကြပါတယ်။
  • ၁၀ရာခိုင်နှုန်း ခန့်ဟာ ကလေးဘဝမှာ အရိုးကျိုးဖူးပါတယ်။
  • အသက် ၅၀ကျော်လာတဲ့အခါမှာ အမျိုးသမီးများရဲ့ထက်ဝက်နဲ့ အမျိုးသားများရဲ့ ၂၅ရခိုင်နှုန်းခန့်ဟာ အသက်အရွယ်နဲ့ သက်ဆိုင်သော အရိုးကျိုးခြင်း ဖြစ်တတ်ကြပါတယ်။

အရိုးကျိုးခြင်းဟာ မည်သူမဆို အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပါတယ်။ ယာဉ်တိုက်မှု၊ အမြင့်ကပြုတ်ကျမှု စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တချို့အခြေအနေတွေဟာ အရိုးကိုကျိုးပဲ့လွယ်စေတာမို့ အလွယ်တကူကျိုးနိုင်ပါတယ်။ ဥပမာ ပါရာသိုင်းရွိုက်ဂလင်း အလွန်အလုပ်လုပ်တဲ့အခါ ကယ်လ်စီယမ်ဓါတ်ကို ထိန်းချုပ်တဲ့ သူ့ရဲ့ဟော်မုန်း ထွက်လာပါတယ်။ အဲဒီဟော်မုန်းများလာတဲ့အခါ အရိုးထဲက ကယ်လ်စီယမ်ဓါတ်ကို ကျောက်ကပ်နဲ့ အူကနေ စုပ်ယူတတ်ပါတယ်။ အဲဒီအခါ အရိုးထဲက ကယ်လ်စီယမ်ဓါတ်တွေ ကျဆင်းသွားနိုင်ပါတယ်။

အရိုးကျိုးတဲ့အခါ ကနဦးပြုစုကုသခြင်း ဘယ်လိုလုပ်ရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ သင့်အတွက်သာမက သူတပါးကိုပါ ကူညီနိုင်အောင် ဖြစ်ပါတယ်။

အရိုးကျိုးတဲ့အခါ ဘယ်လိုသိနိုင်သလဲ ကြည့်ရအောင်။

ထိခိုက်ဒဏ်ရာရတဲ့နေရာမှာ အရောင်ပြောင်းလာပြီး ပြင်းပြင်းထန်ထန်နာရင်၊ ရောင်ရမ်းနေရင် အရိုးကျိုးတာ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုဆိုးတဲ့ အခြေအနေမှာ အရိုးပါ ငေါထွက်လာတတ်ပြီး သွေးလည်းထွက်စေပါတယ်။

အရိုးကျိုးပြီလို့ သေချာရင် အောက်ပါအချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။

  • အဆင့် ၁။ တစ်စုံတစ်ဦးကို ကနဦးပြုစုကုသရာမှာအသက်ရှူသေးလား၊ လှုပ်ရှားနိုင်လား အရင်စစ်ဆေးပါ။ အသက်မရှုတော့လျှင် အရေးပေါ် အသက်ကယ်ဆယ်နည်း (CPR) သုံးပြီး ကုသပါ။
  • အဆင့် ၂။ အရိုးကို ထပ်မံထိခိုက်မှု မဖြစ်ရအောင် မလိုအပ်ဘဲ မလှုပ်ရှားပါနှင့်။
  • အဆင့် ၃။ သွေးထွက်နေလျှင် ပိုးသတ်ထားသော ပတ်တီး သို့ အဝတ်ဖြင့် သွေးတိတ်အောင်လုပ်ပါ။ သွေးထွက်သော နေရာကို သန့်ရှင်းသော ပတ်တီးဖြင့် ပတ်ပါ။ ဒဏ်ရာကို ဖိပတ်ပါ။
  • အဆင့် ၄။ နောက်တဆင့်ကတော့ ကျပ်စည်းရပါမယ်။ ကျပ်စည်းတဲ့အခါ အနာသက်သာအောင် အဝတ်ခေါက်ထူထူကို အရေပြားနဲ့ကြားခံပြီး စည်းပေးရပါမယ်။ ကျိုးတဲ့အရိုးကို နေရာမရွှေ့သွားအောင် သတိထားပါ။
  • အဆင့် ၅။ ရောင်ရမ်းတာ သက်သာစေဖို့ ရေခဲ ဒါမှမဟုတ် အေးတဲ့အရာနဲ့ ကပ်ပေးရပါမယ်။ အရေပြားပေါ် ရေခဲတိုက်ရိုက် မကပ်ပါနဲ့။ အဝတ်တစ်ခုခုနဲ့ ပတ်ပြီးမှကပ်ပါ။
  • အဆင့် ၆။ အရိုးကျိုးတဲ့အခါ သွေးလန့်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သွေးလန့်တဲ့အခါ လူနာရဲ့ခေါင်းကို ကိုယ်ပိုင်းထက် အနည်းငယ်နှိမ့်ထားပြီး ခြေထောက်ကို အနည်းငယ်မြှင့်ထားပါ။ ကိုယ်ပေါ်မှာ စောင်လွှမ်းပေးပါ။

အရိုးကျိုးတာကို ဘယ်လိုကုသရမလဲ မသိတဲ့အခါ အရေးပေါ်ဌာနကို ဆက်သွယ်ပါ။ ညွှန်ကြားတဲ့အတိုင်း လုပ်ပါ။ တည်ငြိမ်စွာ လုပ်ကိုင်ပါ။ လူနာအပေါ် ဖိအားမများပါစေနဲ့။ လူနာကို သတိရနေအောင်၊ နာကျင်မှုကနေ လမ်းလွှဲတဲ့အနေနဲ့ စကားပြောပေးခြင်းဟာလည်း အကြံကောင်းတစ်ခု ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.mayoclinic.org/first-aid/first-aid-fractures/basics/art-20056641
http://www.healthline.com/health/first-aid/broken-bones

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement