လူတစ်ယောက် ရုတ်တရက် သတိလစ်သွားရင် ဘယ်လို ကူညီမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဒီအခြေအနေဟာ လူတယောက် ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ခဏတာ သတိလစ်သွားတာကို ဆိုလိုပါတယ်။ လူအများအပြားဟာ သူတို့ဘဝမှာ တခါလောက်ပဲဖြစ်ဖြစ် ရုတ်တရက် သတိလစ်သွားတာ ဒါမှမဟုတ် မိုက်ခနဲဖြစ်သွားတာမျိုးကို ကြုံရလေ့ရှိပေမယ့် ဒါဟာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးအခြေအနေတွေ အများအပြားနဲ့ ဆက်စပ်နေတာမို့ လျစ်လျူရှုထားသင့်တဲ့ အသေးအဖွဲ ပြဿနာတခုတော့ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် လူအများစုဟာ သတိလစ်သွားတဲ့ လူတစ်ယောက်ကို ဘယ်လိုကူညီရမလဲဆိုတာကို မသိတာများပါတယ်။

လူတွေဘာလို့ သတိလစ် မေ့မြောရတာလဲ။

ရုတ်တရက် သတိလစ်ရခြင်းရဲ့ အကြောင်းရင်း များစွာရှိပေမယ့် နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ ဒါမှမဟုတ် နှလုံးခုန်စည်းချက်မမှန်တာတွေနဲ့ အများဆုံး ဆက်စပ်မှု ရှိနေပါတယ်။ ဒါ့အပြင် သွေးအားနည်းတာ၊သွေးတွင်း သကြားဓါတ်နည်းတာ ဒါမှမဟုတ် ရုတ်တရက် သွေးအမြောက်အများ ဆုံးရှုံးတာတွေကြောင့်လည်း ရုတ်တရက် သတိလစ်သွားနိုင်ပါတယ်။
သတိလစ်မေ့မြောမှုကို ဖြစ်စေတဲ့ တခြား အကြောင်းရာတွေက ခန္ဓါကိုယ် အနေအထားကို ရုတ်တရက် ပြောင်းလိုက်တာ၊ အပြင်းအထန် နာကျင်တာ၊ စိုးရိမ်ပူပန်မှုများတာ၊ ရုတ်တရက် စိတ်လှုပ်ရှားတာ ဒါမှမဟုတ် အလွန်အမင်း ထိတ်လန့်တုန်လှုပ်တာတို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလအစောပိုင်းမှာလည်း ဒီလို ရုတ်တရက် မေ့လဲတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

ဘယ်လိုကူညီရမလဲ။

ဆောင်ရန်

ကြမ်းပြင်ပေါ် ဒါမှမဟုတ် မြေကြီးပေါ် လဲမကျခင် မှီအောင်ဖမ်းလိုက်နိုင်ဖို့ ကြိုးစားပါ။ သတိလစ်နေတဲ့သူကို ပက်လက်အနေအထားမှာ ထားပြီး သူတို့ရဲ့ ခေါင်းနေရာက နှလုံးရေပြင်ညီ မျက်နှာထက် နိမ့်နေပါစေ။ ပြီးရင် ဦးနှောက်ကို
သွေးကောင်းကောင်းရောက်စေဖို့အတွက် ခြေထောက်ကို သုံးဆယ်စင်တီမီတာလောက် အပေါ်ကို မြှောက်ထားပါ။ လျှာခေါက်ပြီး လေဝင်တဲ့ လမ်းကြောင်းတလျှောက် ပိတ်ဆို့မနေစေဖို့အတွက် သတိလစ်နေသူရဲ့ ခေါင်းကို ဘေးတစောင်းထားပေးပါ။ မျက်နှာနဲ့ လည်ပင်းကို စနိုးတာဝါလိုမျိုး နဲ့ ပွတ်ပေး၊သုတ်ပေးပါ။ ဒီအနေအထားမှာ ခန္ဓါကိုယ်အပူချိန်က အရမ်း အရေးပါတာမို့ သတိလစ်နေသူကို နွေးနွေးထွေးထွေးရှိပါစေ။ သတိပြန်လည်လာပြီးနောက်မှာလည်း တခါထပ်ပြီး သတိလစ်သွားမှာ စိုးတဲ့အတွက် မိနစ်အနည်းငယ်လောက် သေချာစောင့်ကြည့်ပေးပါ။ လူနာ အနားမှာ လူတွေဝိုင်းအုံမနေပါစေနဲ့။ လေကောင်းလေသန့်ကို တဝရှူရှိုက်ပါစေ။ လိုအပ်ရင် အရေးပေါ် လူနာတင်ကားကို ဖုန်းဆက်ခေါ်ပါ။

ရှောင်ရန်

သတိပြန်ရလာအောင် ရိုက်တာမျိုး၊အတင်းလှုပ်နိုးတာမျိုး ဘယ်တော့မှ မလုပ်ရပါဘူး။
သတိလစ်နေတဲ့သူကို အစာကျွေးတာ၊ရေတိုက်တာမျိုး မလုပ်ရပါဖူး။ တကယ်လို့ အဆာလွန်ပြီး (သွေးတွင်းသကြားဓါတ် အလွန်အကျွံ ကျဆင်းပြီး) သတိလစ်တာဆိုရင်တောင် လုံးဝပြန်ပြီး သတိလည်လာတော့မှ အစားအသောက်ကျွေးဖို့ ကြိုးစားရပါမယ်။
သတိကောင်းကောင်း ပြန်လည်မလာသေးခင် ဒါမှမဟုတ် အားပြန်မပြည့်သေးခင် လှဲနေရာက ထခိုင်းတာမျိုးကို ရှောင်ကြဉ်ရပါမယ်။


မူးမလဲအောင် ဘယ်လိုကာကွယ်ရမလဲ။

လှဲနေရာက ဒါမှမဟုတ် ထိုင်နေရာက ထရင် ဖြည်းဖြည်းချင်းထပါ။ ရုတ်တရက် ဆတ်ခနဲ မထပါနဲ့။
လည်ပင်းနားတဝိုက်မှာ အရမ်းကျပ်နေတဲ့ အဝတ်အစားမျိုးတွေကို မဝတ်ပါနဲ့။
ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးတမျိုးမျိုးကို သုံးစွဲနေရပြီး သတိလစ်ချင်သလို ခံစားရတယ်ဆိုရင် ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။
အစားအသောက် မှန်ပါစေ။

ရုတ်တရက် သတိလစ်ခြင်းဟာ သင့်ခန္ဓါကိုယ်မှာ ပြဿနာတခုခု ရှိနေကြောင်း အချက်ပေးခေါင်းလောင်းသံ ဖြစ်သလို အန္တရာယ်များတဲ့ အခြေအနေတခုလည်း ဖြစ်တာမို့ ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကုသမလဲဆိုတာ သိထားဖို့ အင်မတန်ကို အရေးကြီးပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးတွေ ခြေစွယ်ငုပ်တဲ့အခါ

ဘေဘီလေးတွေ ခြေစွယ်ငုပ်တဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေး ဘေဘီလေး ခြေသည်းလေး ခြေစွယ်ငုပ် လှုပ်ရှားမှု ရောင်ရမ်းနေမယ် ငိုမယ် ဖိနပ် ပိုးဝင် ကူးစက်တာ ရေနွေးနွေးလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ

မိုးကြိုးပစ် မိုးကြိုး ရှေးဦးသူနာပြုစုခြင်း အရေးပေါ် အသက်ကယ်ခြင်း မိုးရွာခြင်း မိုးရာသီ လေပြင်းတိုက်ခြင်း မုန်တိုင်း ရာသီဥတု သဘာဝအန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

မိုးအေး အဆစ်အမြစ် ကိုက်ခဲ မိုးရွာ ရာသီဥတု ရောင်ရမ်းမှု အဆစ်အမြစ်ရောင် ဝေဒနာ မိုးလေဝသ လေထုဖိအား နာကျင်ကိုက်ခဲမှုတွေ အလွန်အကျွံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thurein Hlaing Win

ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ ရောင်ရမ်း ခြင်းတွေ သက်သာအောင်ဘာလုပ်ကြမလဲ။

ရောင်ရမ်း လေ့ကျင့်ခန်း အားကစား ကြွက်သား အနားယူခြင်း ဒဏ်ရာ ရေခဲအုပ် ပရုတ်ဆီ ပတ်တီး ဖောရောင်ခြင်း အရည်ကြည်ဖု ပိုးဝင် သွေးထွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဂျိမ်းစဘွန်း ရုပ်ရှင်ထဲကလို သေနတ်ထိ ပေမယ့် အသက်ရှင်တာမျိုး ဖြစ်နိုင်လား......

သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 9, 2021 . 2 mins read
နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်

အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 1 min read

ဓာတ်လိုက် ခံရသူကို အရေးပေါ်ဘယ်လိုကူညီမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 20, 2020 . 2 mins read