အပူလောင်ထားတာဆိုရင်တော့ဖြစ်ဖြစ်ချင်းမှာ ဒဏ်ရာတဝိုက်ကိုရေအေး(ရေခဲရေမဟုတ်) နဲ့ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်လောင်းပေးပါ။ ဒါမှမဟုတ်ရေဝတ်ဖတ်အေးအေးနဲ့ ကပ်ထားပေးပါ။ဖြစ်ပြီးကြာမှရေလောင်းရင်ရေကြည်ဖုတွေပိုကြီးစေနိုင်ပါတယ်။ရေကြည်ဖုတွေဖြစ်လာရင် ဒါမှမဟုတ် အပူလောင်တာများရင် ဆရာဝန်ကပဲ မှန်ကန်တဲ့ကုသစောင့်ရှောက်မှုပေးနိုင်ပါတယ်။ လိုအပ်ရင် အရေးပေါ်ဆေးရုံတင်ရပါမယ်။
ဆေးထည့်ပါ
Bioplacenton နဲ့ neomycin sulfate တို့လိုဆရာဝန်ဆေးညွှန်းမလိုတဲ့ အနာထည့်ပိုးသတ်ဆေးတွေထည့်ပေးတာက အရေပြားခြောက်သွေ့မှုမဖြစ်အောင်နဲ့ ရောဂါပိုးမဝင်အောင်ကာကွယ်ပေးပါတယ်။ ဒီဆေးတွေကို ခပ်ပါးပါးလိမ်းပေးတာက အနာကျက်ခြင်းကို အားပေးပြီး အမာရွတ်ဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။ အပူလောင်တာဆိုရင်တော့ ဆရာဝန်မညွှန်ဘဲ ဘာမှကိုယ့်သဘောနဲ့ကိုယ်ဆေးမထည့်သင့်ပါဘူး။ အပူလောင်တဲ့ရေကြည်ဖုတွေကို ကိုယ့်ဘာသာမဖောက်ပါနဲ့။
ပလာစတာ သို့မဟုတ် ပတ်တီးစည်းပါ
အနာတိုင်းကိုတော့ ပတ်တီးစည်းဖို့မလိုပါဘူး။ ကွဲရှဒဏ်ရာ သေးသေးမွှားမွှားလေးတွေကိုတော့ သန့်စင်ပေးပြီး ပိုးမဝင်အောင်ဂရုစိုက်ပေးဖို့ပဲလိုပါတယ်။ ဒါပေမယ့် ဒဏ်ရာအကြီးအသေးကိုမူတည်ပြီး ပလာစတာ သို့မဟုတ် ပတ်တီး သုံးသင့်သလား ဆုံးဖြတ်ရွေးချယ်ပါ။ အနာကိုဖုံးအုပ်ကာကွယ်ခြင်းကရောဂါပိုးတွေ၊အညစ်အကြေးတွေအန္တရာယ်က တားဆီးကာကွယ်ပေးနိုင်သလို အနာကို မတော်တဆထိမိခိုက်မိခြင်းကနေလည်း ကာကွယ်နိုင်ပါတယ်။ ပလာစတာ သို့မဟုတ် ပတ်တီးကို နေ့တိုင်းလဲပေးပါ။ စိုနေရင်၊ ညစ်ပေနေရင် ချက်ချင်းလဲပါ။
သတိထားသင့်တာက
အနာဖေးတွေကို မဖဲ့၊မခွာပါနဲ့။ အနာကျက်နေတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့အတွက် ဒီအတိုင်းထားလိုက်ပါ။ ခွာလိုက်ရင် အမာရွတ်ကျန်ခဲ့ပါလိမ့်မယ်။ အနာက ဒီလက္ခဏာတွေဖြစ်လာခဲ့ရင်ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ် –
- အနာက နီရဲရောင်ရမ်းလာခြင်း
- နာကျင်မှုပိုဆိုးလာခြင်း
- အနာတဝိုက်အရေပြားက ပူတဲ့ခံစားချက်ဖြစ်လာခြင်း
- အနာကိုသန့်စင်တဲ့အခါ အနံ့ဆိုးထွက်နေခြင်း
- ပြည်တည်ခြင်း
- အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း တို့ဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။