backup og meta

ဗီတာမင် ဘီ ချို့တဲ့မှု လက္ခဏာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် ဘီ ချို့တဲ့မှု လက္ခဏာတွေ   

    ကျွန်တော်တို့  ခန္ဓာကိုယ်ကြီး ပုံမှန် လှုပ်ရှားသွားလာနိုင်ဖို့ အာဟာရဓါတ် အစုံအလင် လိုအပ်ပါတယ်။ ဒီ အာဟာရဓါတ်တွေ ထဲမှာ ဗီတာမင် ဘီ ဓာတ်လည်း ပါဝင်ပါတယ်။ ဗီတာမင် ဘီက ဇီဝဖြစ်ပျက်မှု အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်ခု ဖြစ်သလို ခန္ဓာကိုယ်ကလည်း ဗီတာမင် ဘီကို သူ့အလိုလို မဖွဲ့စည်းနိုင်တာကြောင့် ပြင်ပကနေ ဖြည့်တင်းပေးရပါတယ်။ အခုဆောင်းပါးမှာ Hello Sayarwon  စာဖတ်ပရိတ်သတ်တွေကို ဗီတာမင် ဘီ ချို့တဲ့မှု လက္ခဏာတွေ အကြောင်း ပြောပြချင်ပါတယ်။

    ဗီတာမင် ဘီ ချို့တဲ့မှု လက္ခဏာတွေ

    ဗီတာမင် ဘီ ချို့တဲ့မှုလက္ခဏာတွေ  ကတော့

    ၁။ ခြေလက်တွေထုံကျဉ်လာမယ်

    ဗီတာမင် ဘီက ခန္ဓာကိုယ်က အာရုံကြောစနစ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ အာရုံကြော အချက်ပြမှုတွေအတွက်ရော အာရုံကြောတွေကို ကာကွယ်ပေးဖို့ပါ လိုအပ်တဲ့ မိုင်လင်(myelin) ဓာတ် ဖွဲ့စည်းပေးပါတယ်။ ဗီတာမင် ဘီ လုံလုံလောက်လောက် မရှိရင်တော့ အာရုံကြောတွေမှာ မိုင်လင် ချို့တဲ့လာပြီး တဖြည်းဖြည်း ပျက်စီးလာစေပါတယ်။ ဒီလို အာရုံကြော ပြဿနာက အစွန်အဖျားဖက် ရောက်တဲ့ အာရုံကြောတွေမှာ ပိုအတွေ့များတာကြောင့် ခြေဖျားလက်ဖျားတွေမှာ ထုံကျဉ်တဲ့ ဝေဒနာ ခံစားရခြင်း ဖြစ်ပါတယ်။

    ၂။ လမ်းလျှောက်ရ ခက်သွားမယ်

    ဒီ ပြဿနာကလည်း အပေါ်က အချက်နဲ့ ဆက်စပ်နေပါတယ်။ ဗီတာမင် ဘီ ချို့တဲ့လို့ဖြစ်တဲ့ အာရုံကြော ပျက်စီးမှု ပိုဆိုးလာရင် ပုံမှန်ကြွက်သား လှုပ်ရှားမှုတွေကိုတောင် ကောင်းကောင်း မလုပ်ဆောင် နိုင်တော့ပါဘူး။ အချိန် ကြာလာတာနဲ့ အမျှ ကြွက်သားတွေ ပိုပို ချည့်နဲ့လာပြီး အကြောတွေပါ ပျက်စီးသွားစေတဲ့ အထိ ကြောက်ဖို့ ကောင်းပါတယ်။

    ၃။ အသားဝါမယ်၊ဖြူဖတ်ဖြူလျော်ဖြစ်နေမယ်

    ဗီတာမင် ဘီက သွေးနီဥ ဖွဲ့စည်းဖို့ လိုအပ်တဲ့ ဓာတ်တစ်ခု ဖြစ်တာကြောင့် ဗီတာမင် ဘီ ချို့တဲ့ရင် သွေးနီဥ ပမာဏ ကျဆင်းသွားပါမယ်။ ဒီအခါ သွေးအားနည်းတဲ့ အခြေအနေပါ ထပ်ဖြစ်လာစေပြီး သွေးနီဥတွေကို ပို မြန်မြန် ပြိုကွဲစေပါတယ်။ အသည်းက ဖြိုခွဲလိုက်တဲ့ သွေးနီဥတွေကနေ bilirubin ဓာတ် ထွက်လာပါတယ်။ ကိုယ်ထဲမှာ bilirubin များလာလေ အသားဝါတာ ပိုဆိုးလေပါပဲ။

    ၄။ ပင်ပန်းနွမ်းနယ်နေမယ်

    သွေးနီဥတွေက ခန္ဓာကိုယ်ဆဲလ်တွေ လိုအပ်တဲ့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးပါတယ်။ သွေးနီဥ လုံလောက်အောင် မဖွဲ့စည်းနိုင်တော့တဲ့အခါမှာ   ခန္ဓာကိုယ်လည်း အောက်ဆီဂျင် ကောင်းကောင်း မရရှိတော့ပါဘူး။ ရလဒ်ကတော့ အလွယ်တကူ မောပန်းမှု ခံစားရတာပဲ ဖြစ်ပါတယ်။

    ၅။ နှလုံးခုန်မြန်မယ်

    သွေးအားနည်းရောဂါ ရှိလာပြီဆိုရင် နှလုံးကို ပိုမြန်မြန် အလုပ်လုပ်စေပါတယ်။  ကိုယ်တွင်းမှာ သွေးနီဥ ပမာဏ နည်းနေတာကို ဖြည့်ဆည်းပေးဖို့ နှလုံးက နဂိုထက် ပိုမြန်မြန် ခုန်ပြီး သွေးတွေ ပိုထုတ်ပေးဖို့ ကြိုးစားပါတယ်။ ဒီလို အချိန်မှာ ပုံမှန်ထက် နှလုံးခုန် မြန်လာနိုင်ပါတယ်။

    ၆။ အော့အန်မယ်၊ ဝမ်းလျှောမယ်

    ဗီတာမင် ဘီ ချို့တဲ့ခြင်းက အစာခြေလမ်းကြောင်းကိုလည်း ပြဿနာ ပေးပါတယ်။ သွေးနီဥ ပုံမှန်ထက် နည်းသွားတာကြောင့် အစာခြေလမ်းကြောင်းက သွေးလုံလောက်အောင် မရရှိတော့ပါဘူး၊ လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ် မရတဲ့ အတွက်ကြောင့် သူ့ရဲ့ အလုပ်တွေကို ပုံမှန်အတိုင်း မလုပ်နိုင်တော့ဘဲ ဝမ်းပျက်ဝမ်းလျှောတာ၊ အော့အန်တာတွေ ခံစားလာရနိုင်ပါတယ်။

    ၇။ အစားအသောက်ပျက်မယ်

    အစာခြေလမ်းကြောင်း အခြေအနေ မကောင်းတာကြောင့် စားရသောက်ရတာလည်း ပိုခက်ခဲလာပါမယ်။ ဗီတာမင် ဘီ ချို့တဲ့ခြင်းက စားချင်သောက်ချင်စိတ် လျော့နည်းတာ၊ အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန် ကျဆင်းသွားတာတွေနဲ့ဆက်စပ်နေတာကိုတွေ့ရပါတယ်။

    ဒါတွေကတော့ မိမိမှာ ဗီတာမင် ဘီဓာတ်ချို့တဲ့နေရင်ပြနိုင်တဲ့လက္ခဏာတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်   အတွက်မရှိမဖြစ်လိုအပ်တဲ့သက်စောင့်ဓာတ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဗီတာမင် ဘီဓာတ်ကို လုံလောက်အောင်စားသောက်ကြဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement