backup og meta

အခုတလော ဝိတ်ချနေတဲ့လူတွေကြားမှာ ခေတ်စားနေတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet နဲ့ ပတ်သက်ပြီး နောက်ဆုံးတွေ့ရှိထားတဲ့ ဆိုးကျိုး

အခုတလော ဆိုရှယ်မီဒီယာကတဆင့် မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet စတဲ့ Carbohydrate (ကစီဓါတ်သကြားဓါတ်) ကို သိသိသာသာ နည်းအောင် လျှော့ချပြီး အဆီ နှင့် အသား ကို အလေးပေးစားရတဲ့ ဝိတ်ချတယ်ဆိုတဲ့ Diet Plan နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုးကျိုးရလဒ်တစ်ခု ထုတ်ပြန်လာတာရှိပါတယ်။ အဲ့ဒါကတော့ ကာဗိုဟိုက်ဒရိတ် သိသိသာသာ လျှော့ချထားတဲ့ Diet ပုံစံ တွေ စားရင် Atrial Fibrillation (AF) လို့ခေါ်တဲ့ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိကြောင်းဆိုပြီးတွေ့ရှိလာပါတယ်။

ဒီ ကာဗိုဟိုက်ဒရိတ် လွန်စွာလျှော့ချထားတဲ့ Diet ပုံစံတွေ ကို မွေးရာပါ နှလုံးရောဂါ၊ နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါရှိတဲ့သူတွေ၊ အနေနဲ့ ဒီ diet ပုံစံ လုံးဝ လိုက်မလုပ်သင့်ပါဘူး။ အန္တရာယ်အရမ်းများပါတယ်။

ပုံမှန်ဝိတ်ချချင်ရင်တော့ Balance Diet Contribution နဲ့ စားသောက်ပြီး ဝိတ်ချတာကအကောင်းဆုံးပါ။

ဆိုလိုတာကတော့ ကာဗိုဟိုက်ဒရိတ် ကို ၄၅ ကနေ ၆၅ ရာခိုင်နှုန်း အထိ စားပေးလို့ရပါတယ်။ protein (အသားဓါတ်) ကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းစားပေးပြီး အဆီဓါတ် ကတော့ ၃၀ ကနေ ၃၅ ရာခိုင်နှုန်းအထိ စားပေးတာကို balanced diet လို့ခေါ်ပါတယ်။

အဓိက ဝိတ်ချတော့မယ် ဆိုရင် အဓိက သော့ချက်ကတော့ စားနေတဲ့ပမာဏကိုလျှော့ချလိုက်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့လို မဟုတ်ဘဲ အဆီတုံးတွေ စားတာ၊ ထောပတ် တွေ အများကြီးစားတာ ဟာ မှန်ကန်တဲ့ ဝိတ်ချနည်း မဟုတ်တဲ့ အပြင် သေချာ မပြင်ဆင်တတ်၊ အာဟာရ ဗဟုသုတ တိတိကျကျ မသိဘဲ လိုက်လုပ်မိပါက ပြည့်ဝဆီ saturated fat တွေ အရမ်းများလာနိုင်သလို အကျိုးဆက်အနေနဲ့ သွေးတွင်း ကိုလက်စထရော တက်ခြင်း၊ သွေးတိုးရောဂါဆီးချိုရောဂါ စတာတွေ ပါ ဖြစ်တတ်ပါတယ်။

အကယ်၍ ကိုယ်တိုင်သေချာ တတ်ကျွမ်းလို့ ketogenic diet လိုမျိုး အဆီအရမ်းများတဲ့ အစားအစာတွေ ချက်စားရင်တောင်မှ ကောင်းကျိုးရှိတယ်ဆိုပြီး ပြောကြပေမယ့် ယခုအချိန်အထိ သဘောထားကွဲလွဲမှုတွေ ရှိနေသေးတဲ့အတွက် ကျွန်တော့် အနေနဲ့ တော့ တိတိကျကျ အဖြေမရမချင်း လိုက်မလုပ်ဘဲBalanced Diet ဝိတ်ချနည်းဖြင့်သာ ဝိတ်ချဖို့ တိုက်တွန်းချင်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

02/08/2022

Arkar Hein မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား

အဆီကျအားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Arkar Hein မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement