backup og meta

မျှဝေပါ။

ဂျုံနဲ့ လုပ်ထားတဲ့အစားအစာတွေစားခြင်းရဲ့ အကျိုးကျေးဇူးများ

ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတော်တော်များများကို မနက်စာအဖြစ် ပိုပြီး အစားများကြပါတယ်။ လက်ဖက်ရည်ဆိုင်မှာ မနက်ခင်းရတဲ့ အဆာပြေ မုန့်တော်တော်များများဟာ ဂျုံနဲ့ လုပ်ထားကြတာပါ။ အီကြာကွေး၊ ပလာတာ၊ အုန်းနို့ခေါက်ဆွဲ ခေါက်ဆွဲကြော်၊ ပေါင်မုန့်တွေဟာ ဂျုံရဲ့ အရင်းအမြစ်တွေပါပဲ။ ဒီတော့ ကိုယ်ရဲ့ နေ့စဉ်စားသုံးမှုထဲမှာ ပါဝင်တဲ့ ဂျုံက ကိုယ့်ကျန်းမာရေးကို ဘယ်လောက်အထိ အကျိုးပြုသလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှလည်း အစားလည်းဆေး ဆေးလည်းအစာ ဖြစ်ပြီး ကျန်းမာနုပျိုလှပစေမှာပါ။

အဝလွန်ခြင်းကို ထိန်းချုပ်ပေးခြင်း

ဒီနေ့ခေတ်မှာ တော်တော်များများဟာ ဝလာကြတယ်၊ တချို့ဆို အဝလွန်ရောဂါတောင် ဖြစ်ပါတယ်။ အသင့်စားအစားအစာတွေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက အဝလွန်ခြင်းကို ဖြစ်စေတာပါ။ ဂျုံစားတာကတော့ အားပြည့်စေပေမယ့် အဝလွန်ခြင်း ဖြစ်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ အဝလွန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ American Journal of Clinical Nutrition ကတော့ ဂျုံကို အဝလွန်တဲ့သူတွေတောင် စားလို့ရတဲ့ အစားအစာလို့ ဆိုထားပါတယ်။

အစာခြေစနစ်

ဂျုံစားသုံးခြင်းဟာ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါသေးတယ်။ ဒါ့အပြင် ခန္ဓါကိုယ်အတွက် မလိုအပ်တဲ့ ကိုလက်စထရောတွေကို လျှော့ကျစေပြီး နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ဆီးချိုအမျိုးအစား(၂)

ဂျုံမှာ မဂ္ဂနီဆီယမ် တော်တော်များများ ပါဝင်ပြီး အင်ဇိုင်းဓါတ်လည်း (၃၀၀) ထက်ပိုပြီး ပါဝင်ပါတယ်။ ဒီအင်ဇိုင်းဓါတ်တွေဟာ ခန္ဓါကိုယ်မှာ အင်ဆူလင်နဲ့ ဂလူးဂိုစ်တွေ ကောင်းမွန်စွာ လည်ပတ်ဖို့ အထောက်အကူပြုပါတယ်။ FDA အရတော့ ဂျုံပါဝင်တဲ့ အစားအစာတွေဟာ ကိုလက်စထရောနဲ့ ပြည့်ဝဆီတွေကို လျှော့ချပေးတာကြောင့် ကင်ဆာဖြစ်ခြင်းနဲ့ ဆီးချိုဖြစ်တာကို ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပုံမှန်စားသုံးမယ်ဆိုရင် သကြားဓါတ်ကို ထိန်းပေးတာကြောင့် ဆီးချိုတက်တာကို မဖြစ်စေပါဘူး။

ရင်သားကင်ဆာ

UK Women’s Cohort Study ကတော့ အမျှင်ဓါတ် များများ စားသုံးခြင်းဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ပေးတယ်လို့ ရှာဖွေတွေ့ရှိထားပါတယ်။ တစ်နေ့ကို (၃၀) ဂရမ်လောက် စားပေးမယ်ဆိုရင်မှာ ရင်သားကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ပေးခြင်း

နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးပါ။ ဂျုံမှာ ပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ သွေးဖိအား များခြင်းကို ထိန်းချုပ်ပေးတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ကျစေပါတယ်။ ဂျုံမှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေလည်း ပါဝင်သေးတာကြောင့် ကျန်းမာရေး ကောင်းမွန်စေဖို့ အထောက်အကူ ပြုပါသေးတယ်။

ကယ်လ်စီယမ်ဓါတ် ရရှိခြင်း

ခန္ဓါကိုယ်မှာ ရှိတဲ့ သွားအပါအဝင် အရိုးအဆစ်တွေ အားလုံးသန်မာစေဖို့အတွက် ကယ်လ်စီယမ်ဓါတ်တွေ လိုအပ်ပါတယ်။ တစ်နေ့ကို ကယ်လ်စီယမ် ပမာဏ(၁၀၀၀) မီလီဂရမ် လိုအပ်တာကြောင့် ဂျုံစားပေးဖို့ လိုပါတယ်။

ဗီတာမင်ဘီ

ဂျုံမှာ ဗီတာမင်ဘီဓါတ်ဖြစ်တဲ့ Thiamin၊ Riboflavin တွေပါဝင်တာကြောင့် ဇီဝဖြစ်ပျက်မှုကို ကောင်းစေသလို ဖောလစ်အက်ဆစ်လည်း ပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ဒါဟာ မေမေလောင်းရော၊ သန္ဓေသားကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မရှိမဖြစ် လိုအပ်တဲ့ ဖောလစ်အက်ဆစ်ဓါတ် ဖြစ်တာကြောင့် မေမေလောင်းတို့ ဂျုံစားပေးဖို့ တိုက်တွန်းပါရစေ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.health.com/food/18-health-benefits-of-whole-grains#they-are-a-good-source-of-b-vitamins

https://www.rodalewellness.com/health/surprising-reasons-to-give-up-wheat/slide/1

https://www.organicfacts.net/health-benefits/cereal/wheat.html

 

ယခုပုံစံ

01/02/2022

Eaindray Kha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement