backup og meta

သက်သတ်လွတ်သမားများအတွက် စားစရာဘယ်လိုရွေးချယ်မလဲ

သက်သတ်လွတ်သမားများအတွက် စားစရာဘယ်လိုရွေးချယ်မလဲ

သက်သတ်လွတ်သမားများအတွက် စားစရာဘယ်လိုရွေးချယ်မလဲ

လူအများဟာဒီနေ့ကာလတွေမှာသက်သတ်လွတ် ဟင်းသီးဟင်းရွက် စားစရာတွေကိုရွေးချယ်လာကြပါတယ်။ သက်သတ်လွတ်စားသူများဟာဘယ်အသားမှမစားပါဘူး (အသား၊ ကြက်ဘဲ၊ ငါးပုစွန်နဲ့ သူတို့ကနေလုပ်ထားတဲ့ မည်သည့်စားစရာကိုမဆိုဆိုလိုပါတယ်)။

သင့်အနေနဲ့ သက်သတ်လွတ်စားတော့မယ်ဆိုရင် အရွက်များ၊ သစ်သီးများ၊ ပဲများ၊ အစေ့အဆန်များနဲ့ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေကို မျှတအောင် စားသုံးရပါမယ်။

သက်သတ်လွတ်စားပုံ မျိုးစုံရှိပါတယ်။ အများဆုံးကတော့

  • အသီးအရွက်သီးသန့်စားသူ။ သူတို့ဟာအသား၊ ဥနဲ့ နို့ထွက်ပစ္စည်းများမစားပါဘူး။
  • နို့နှင့်အသီးအရွက်စားသူ။ အသားနဲ့ဥမစားပါဘူး။ နို့ထွက်ပစ္စည်းတော့ စားပါတယ်။
  • နို့၊ ဥနှင့် အသီးအရွက်စားသူ။ အသားကိုမစားပေမယ့် နို့ထွက်ပစ္စည်းနဲ့ ဥတွေကိုစားပါတယ်။

ဆီးချိုရောဂါသည်ဟာ သက်သတ်လွတ်အစားအသောက်ပုံစံအတိုင်း လိုက်စားလို့ အဆင်ပြေပါ့မလား

ပြေပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေရင်တောင် သက်သတ်လွတ်အစားအစာတွေဟာ ကျန်းမာရေးကောင်းစေတာမို့ အဆင်ပြေပါတယ်။ ဒီအစားအသောက်ပုံစံဟာ ဆီးချိုရောဂါကိုလည်း ကာကွယ်နိုင်တယ်လို့ သုတေသနစစ်တမ်းအချို့က ထောက်ခံကြပါတယ်။ တကယ်တော့ အသီးအရွက်ပဲစားသူတွေကို လေ့လာချက်တွေအရ ကိုယ်အလေးချိန်ကျတာနဲ့ A1C ဓါတ် ကျနေဆဲမို့ ကစီဓါတ်နဲ့ ကယ်လိုရီကိုကန့်သတ်တာဟာ မဖြစ်မနေလုပ်စရာမလိုဘူးလို့ ဆိုပါတယ်။

အသီးအရွက်သီးသန့်စားသောက်ခြင်းဟာ အမျှင်ဓါတ်ကိုများစေပြီး ပြည့်ဝဆီကိုလျော့နည်းစေပါတယ်။ အမေရိကန်ရိုးရာစားသောက်ပုံတွေနဲ့ ယှဉ်ကြည့်ရင်လည်း ကိုလက်စထရောနည်းပါတယ်။ အစားအစာထဲမှာ အမျှင်ဓါတ်ပါတာဟာ စားသောက်ပြီးအချိန်တော်တော်ကြာတဲ့အထိ ဗိုက်ပြည့်နေစေပြီး အစားလျှော့စားဖြစ်စေပါတယ်။ အမျှင်ဓါတ်ကိုတစ်နေ့ ၅၀ ဂရမ်ထက်ပိုစားရင် သွေးတွင်းဂလူးကို့စ်ဓါတ်ကို လျော့နည်းစေဖို့ အထောက်အကူပြုပါတယ်။

ဒီစားသောက်မှုပုံစံဟာအကုန်အကျလည်း သက်သာစေပါတယ်။ အသား၊ ကြက်၊ဘဲနဲ့ ငါးတွေကတော့ ဈေးကြီးတဲ့ အစားအစာတွေပါ။

အသီးအရွက်သီးသန့်စားသောက်မှုပုံစံ

ဒီပုံစံကို လုံးဝအသီးအရွက်ပဲစားသောက်မှုပုံစံ(သို့) အသီးအရွက်သီးသန့်စားသောက်မှုပုံစံလို့လည်းခေါ်ပါတယ်။ ဒီစားသောက်မှုပုံစံကိုလိုက်နာသူတွေဟာဘယ်အသားမှ မစားပါဘူး။ အသားနဲ့လုပ်တဲ့ စားစရာတွေလည်းမစားပါဘူး။

ဆီးချီုဝေဒနာရှင်တွေဟာ ဒီလိုအသီးအရွက်စားသောက်ပုံကိုရွေးချယ်နိုင်ပါတယ်။ ဒီပုံစံမှာအပင်ကနေရတဲ့ အစားအစာမျိုးတွေ အများကြီးပါဝင်ပါတယ်။ ပဲပိစပ်ကထုတ်တဲ့ စားစရာတွေစားခြင်းနဲ့ အသီးအရွက်၊သစ်သီး၊ပဲ၊ အစေ့အဆန်တွေကိုရောနှောစားခြင်းဟာပရိုတိန်းဓါတ်အများအပြားရရှိစေပြီးတခြားအရေးကြီးတဲ့ အာဟာရဓါတ်တွေလည်းရရှိစေပါတယ်။ ဒီအစားအစာအုပ်စုမှာ ပါဝင်နိုင်ခြေနည်းတာကတော့ ဗီတာမင် ဘီ၁၂ ဖြစ်ပြီးဗီတာမင်အားဆေးတွေကိုအားဖြည့်သောက်သုံးနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diet Meal Plans.

http://www.eatingwell.com/nutrition_health/weight_loss_diet_plans/diet_meal_plans.

Accessed October 30, 2016.

Suggested Vegetarian Weight Loss Meal Plan.

http://www.weightlossresources.co.uk/diet/vegetarian/weight-loss- meal-plan.htm.

Accessed October 30, 2016.

Nutrition and healthy eating.

http://www.mayoclinic.org/healthy-lifestyle/nutrition- and-healthy-eating/in-depth/vegetarian- diet/art-20046446.

Accessed October 30, 2016.

ယခုပုံစံ

14/09/2020

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးကျန်းမာရေး ကောင်းဖို့အတွက် အရသာရှိသော အစားအစာများအကြောင်း

သင်စားနေသောအစားအစာများထဲမှ သင်မသိသေးသည့် ဓါတ်မတည့်မှုများ အကြောင်း


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement