backup og meta

ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဘာကွာသလဲ

အဆီဆိုတာနဲ့ လူအတော်များများဟာ မကောင်းတဲ့ဖက်က မြင်ကြပါတယ်။ ဒါပေမယ့် အဆီဓာတ်ဟာလည်း ကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာ ငြင်းမရပါဘူး။ ကိုယ်ခန္ဓာကနေ စွမ်းအင်ထုတ်လုပ်ဖို့၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုပ်ယူနိုင်ဖို့ စတဲ့လုပ်ငန်းတွေအတွက် အဆီဓာတ်ကို လိုအပ်ပါတယ်။ အဆီဓာတ်တွေအကြောင်း ပြောတော့မယ်ဆိုရင် ‌ မကောင်းတဲ့ဆီနဲ့ ကောင်းတဲ့ဆီတွေ ဖြစ်တဲ့ ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဘာကွာသလဲ ဆိုတာကို သိဖို့ လိုပါတယ်။

ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဘာကွာသလဲ

ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဘာကွာသလဲ

နောက်ပိုင်းမှာ စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်များနဲ့ သကြားများကို အဆီနေရာမှာ အစားထိုးသုံးလာကြရာမှာ ကယ်လိုရီအများအပြား ပါဝင်လာတဲ့အပြင် အာဟာရဓာတ်လည်း မယ်မယ်ရရ မရှိပါဘူး။

ပြည့်ဝဆီ ဆိုတာဘာလဲ

ဖက်တီးအက်ဆစ်များအကြား ချိတ်ဆက်မှု (bond) နှစ်ခုနဲ့ မဟုတ်ဘဲ တင်းကြပ်စွာပူးကပ်နေတဲ့ အဆီဓာတ်တွေကို ပြည့်ဝဆီလို့ခေါ်ပါတယ်။ များသောအားဖြင့် အခန်းအပူချိန်မှာ အစိုင်အခဲအနေနဲ့ တွေ့ရပါတယ်။

ပြည့်ဝဆီရဲ့ရင်းမြစ်တွေကတော့

– အမဲသား၊ သိုးသားများထဲမှ အဆီခဲများ

– ဝက်သား၊ ကြက်သားများမှပါသော အဆီများ

– ခရင်မ်၊ နို့၊ ထောပတ်၊ ဒိန်ခဲ စသည့် နို့ထွက်ပစ္စည်းများ

– အုန်းဆီ၊ ဆီအုန်းဆီ စတာတွေ ဖြစ်ပါတယ်။

ပြည့်ဝဆီဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေသလားဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ငြင်းခုန်ခဲ့ကြပါတယ်။ သုတေသနတွေအရ ပြည့်ဝဆီဟာ သွေးထဲက lipid ဆိုတဲ့ အဆီဓာတ်ကို မြင့်တက်စေပါတယ်။ ဒီအထဲမှာ LDL ကိုလက်စထရောလည်း ပါဝင်နေပါတယ်။

ပြည့်ဝဆီဆိုတာ လူတွေအနေနဲ့ နေ့စဉ်ပုံမှန် စားသုံးနေရတဲ့ထဲမှာ ပါဝင်နေတတ်ပါတယ်။ အရေးကြီးတာက မိမိကျန်းမာရေးကို ထိန်းသိမ်းရာရောက်အောင်၊ ရောဂါဖြစ်နိုင်ခြေတွေ များမလာအောင် ဘယ်အရာကိုမဆို တရားလွန်စားသုံးခြင်း မပြုဖို့ပါပဲ။ ပြည့်ဝဆီကြောင့် မြင့်တက်လာတဲ့ LDL ကိုလက်စထရောနဲ့ နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချို စတာတွေ ဆက်စပ်မှုရှိနေတယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။

မပြည့်ဝဆီ ဆိုတာဘာလဲ

မပြည့်ဝဆီဆိုတာ ဖက်တီးအက်ဆစ်များအကြား ချိတ်ဆက်မှု (bond) မခိုင်မြဲတဲ့ အဆီအမျိုးအစား ဖြစ်ပါတယ်။ သူတို့ဟာ အခန်းအပူချိန်မှာ အရည်အနေနဲ့ ရှိပါတယ်။ မပြည့်ဝဆီကို အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်ပါတယ်။ Mono နဲ့ polyunsaturated fat ဆိုပြီး ခေါ်ပါတယ်။

အပင်တွေကနေ ရရှိတဲ့ Monounsaturated အဆီ ကို စားသုံးခြင်းဟာ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ Monounsaturated အဆီ ပါဝင်မှုမြင့်မားတဲ့ အစားအစာတွေကတော့

– သံလွင်ဆီ

– မြေပဲဆီ

– ထောပတ်သီး

– အခွံမာသီးများ

– အစေ့အဆန်များ စတာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာရဲ့ လုပ်ငန်းတာဝန်တွေအတွက် Polyunsaturated အဆီကို လိုအပ်ပါတယ်။ ကြွက်သားများ လှုပ်ရှားခြင်း၊ စွမ်းအင်ရယူခြင်း စတာတွေအတွက် Polyunsaturated အဆီကို လိုအပ်ပါတယ်။ ဒီအဆီကို ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်တာမို့ အစားအသောက်တွေကတဆင့် ရရှိဖို့ လိုအပ်ပါတယ်။ Polyunsaturated အဆီအမျိုးအစားမှာမှ omega-3 နဲ့ omega-6 ဆိုပြီး ထပ်မံခွဲခြားနိုင်ပါတယ်။ omega-3 ဖက်တီးအက်ဆစ်ဟာ နှလုံးအတွက် အကျိုးပြုပါတယ်။

omega-3 ကြွယ်ဝတဲ့ အစားအစာတွေကတော့

– အဆီပါသောငါးများ ဥပမာ ငါးသေတ္တာ၊ တူနာ၊ ဆယ်လ်မွန်၊ ငါးကွန်းရှပ်

– နှမ်းကြတ်စေ့၊ နှမ်းကြတ်ဆီ

– ပဲပိစပ်

– သစ်ကြားသီး

– နေကြာစေ့

– ချီယာစေ့

– ဂုန်လျှော်စေ့ စတာတွေ ဖြစ်ပါတယ်။

omega-6 ဖက်တီးအက်ဆစ်ကို

– ကနိုလာဆီ

– Safflower ပန်းပွင့်ဆီ

– ပဲပိစပ်ဆီ

– နေကြာဆီ

– သစ်ကြားသီးဆီ

ပြောင်းဖူးဆီ စတာတွေဖြစ်ပါတယ်။

…………………………………………………….

ဆီကို ဘယ်လောက် စားသုံးသင့်သလဲ

လူသားတွေအနေနဲ့ ဆီကို လိုအပ်ပါတယ်။ လုံးဝရှောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သင့်တော်တဲ့ ပမာဏအတိုင်း စားသုံးနိုင်အောင်သာ သတိပြုရပါမယ်။ အမေရိကန်နှလုံးကျန်းမာရေးအသင်းကြီးအနေနဲ့ ပြည့်ဝဆီကို တစ်နေ့တာ ကယ်လိုရီရဲ့ ၆%ထက်နည်းပြီးတော့ စားသုံးသင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဥပမာပြောရရင် တစ်နေ့တာ ၂၀၀၀ ကယ်လိုရီစားသုံးရင် ဆီ ၁၃ ဂရမ်ဖြစ်ပါတယ်။ တချို့ကလည်း တစ်နေ့တာ ၂၀၀၀ ကယ်လိုရီစားသုံးရင် အဆီပမာဏ စုစုပေါင်း ၄၄ ကနေ ၇၇ ဂရမ်သုံးစွဲနိုင်တယ်လို့ ဆိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/food-nutrition/saturated-vs-unsaturated-fat Accessed Date 15 May 2020

ယခုပုံစံ

16/05/2023

Dr. Thant Zin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်ဖီတစ်နေ့ ၄ ခွက်သောက်ရင် အဆီကျတယ်ဆိုသော်ငြား

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/05/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ