backup og meta

စိုင်ယာတီကာ အကြောနာ ကြောင့် ဖြစ်သော နာကျင်မှုကို သက်သာဖို့ ဘာတွေစားသင့်သလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုင်ယာတီကာ အကြောနာ ကြောင့် ဖြစ်သော နာကျင်မှုကို သက်သာဖို့ ဘာတွေစားသင့်သလဲ

    စိုင်ယာတီကာ အကြောနာ(Sciatica) ဆိုသည်မှာ စိုင်ယာတစ် အာရုံကြောတွင် ကို ဖိမိခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ (၎င်းကို အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်း ဟု လည်း ခေါ်ကြသည်)။ သင်သည် စိုင်ယာတစ်အာရုံကြောတစ်လျှောက် နာကျင်ခြင်း နှင့် အခြား ခံစားချက်များကို ခံစားရမည်။

    ဥပမာ။ ။ ခြေထောက်နာကျင်ခြင်း၊ ထုံကျဉ်ခြင်း နှင့် အားနည်းခြင်း။ နာကျင်မှုသည် ညဖက် (သို့) အထိုင်၊ အထ၊ ရယ်မောခြင်း နှင့် ချောင်းဆိုးခြင်းတို့တွင် ပိုဆိုးသည်။ ရောဂါဖြစ်စေသော အကြောင်းရင်းကို ဖော်ထုတ်ကုသရမည့်အပြင် ကျန်းမာသောအစားအသောက်များစားခြင်းသည်လည်း စိုင်ယာတီကာ အကြောနာ ကြောင့် ဖြစ်သည့် နာကျင်မှုကို သက်သာစေသည်။

    အစားအသောက်

    • အစွမ်းထက်သော အစားအသောက်များတွင် မဂ္ဂနီဆီယမ် ကြွယ်ဝသော အစားအသောက်များ ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် စိုင်ယာတီကာ အကြောနာခြင်း အကြောင်းရင်းတွင် Piriformis ကြွက်သား ကျုံ့ခြင်း၊ ရုန်းခြင်း ကြောင့် လည်းဖြစ်နိုင်သည်။ မဂ္ဂနီဆီယမ်သည် ကြွက်သား ကျုံ့ခြင်း၊ ရုန်းခြင်းကို ပြေလျော့စေရန် လိုအပ်သည်။
    • မဂ္ဂနီဆီယမ်ကြွယ်ဝသော အစားအသောက်များစွာရှိပါသည်။ ၎င်းတို့မှာ နို့ထွက်ကုန်များ၊ ငါး၊ အသား၊ ပင်လယ်စာ၊ ပန်းသီး၊ ဆန်လုံးညို၊ တရုတ်ဇီးသီး အစရှိသည်တို့ ဖြစ်ပါသည်။
    • ဗီတာမင် ဘီ ၁၂ များပြားစွာ ပါဝင်သော အစားအသောက်များ ဥပမာ ။ အသည်း၊ ခုံးကောင်၊ ကမာကောင်၊ သိုးငယ်သား နှင့် ဒိန်ခဲတို့သည် အကြောညှပ်ခြင်းကြောင့် နာကျင်ခြင်းကို သက်သာစေသည့်နေရာတွင် အကျိုးများပါသည်။

    အကူအညီဖြစ်သော အစားအသောက်များ

    ဟယ်လီဘက်ငါး (Halibut) သည် နှလုံးခုန်နှုန်း မမှန်ခြင်း၊ သွေးတိုးရောဂါ ကဲ့သို့သော နှလုံးရောဂါများကို ကုသရာတွင် အသုံးပြုသည့်နေရာ၌ နာမည်ကြီးပါသည်။ သို့သော် ဟယ်လီဘက်ငါး (Halibut) သည် အကြောညှပ်ခြင်းကို ကုသရာတွင်လည်း အကူအညီဖြစ်ပါသည်။

    အထူးသဖြင့် ကြွက်သားတောင့်တင်ခြင်း၊ ကြွက်သားကျုံ့ခြင်း၊ရုန်းခြင်းကြောင့် ဖြစ်သော နာကျင်မှုကို အဓိက သက်သာစေသည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးတွင် မဂ္ဂနီဆီယမ် နှင့် ဗီတာမင် ဘီ ၁၂ သိသိသာသာ ပါဝင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဟယ်လီဘက်ငါးသည် အခြား အာဟာရများလည်း များစွာပါဝင်သည်။ ဥပမာ ။ ။ tryptophan ၊ အိုမီဂါ သရီး ဖက်တီးအက်ဆစ်၊ ဆီလီနီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် ဘီ ၃ နှင့် ဗီတာမင် ဘီ ၆ ။

    ရှောင်ရမည့် အစားအစာများ

    • ပြုပြင်ထားသော အစေ့အဆန်များ

    အာဟာရမပြည့်ဝသော အစားအသောက်များ (သို့) ကိုယ်အလေးချိန်တက်စေသော အစားအသောက်များသည် စိုင်ယာတစ် အာရုံကြောတွင် ပြဿနာဖြစ်စေသည်။ သို့သော် စိုင်ယာတီကာ အကြောနာခြင်းကို လှုံ့ဆော်ပေးသော၊ ပိုဆိုးစေသော အစားအသောက်ရယ်လို့တော့ သတ်သတ်မှတ်မှတ်မရှိပါ။

    လေ့လာမှုများအရ ဗီတာမင် ဘီသည် ကျန်းမာသော အာရုံကြောတစ်ရှုးအတွက် မရှိမဖြစ်လိုအပ်သည်။ အစေ့အဆန်များကို သန့်စင်ပြုပြင်ထုတ်လုပ်သော လုပ်ငန်းစဉ်တွင် ဗီတာမင် ဘီ အပါအဝင် တန်ဖိုးရှိသော အာဟာရများကို ဖယ်ထုတ်လိုက်သည်။ ထို့ကြောင့် ပေါင်မုန့်ဖြူ၊ အမျှင်ဓါတ်နည်းသော စီရီယယ်၊ အသင့်စားဆန်၊ ပါစတာ နှင့် ကိတ်မုန့် ဂံျု ဖြင့် ဖုတ်ထားသော မုန့်များ ကဲ့သို့သော ပြုပြင်ထားသော အစေ့အဆန်များအစား သဘာဝအစေ့အဆန်များကို စားသုံးခြင်းသည် အာဟာရနှင့် အမျှင်ဓါတ်အမြောက်အမြား ထောက်ပံ့ပေးပြီး အစာချေဖျက်မှုကို တိုးမြှင့်ပေးကာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည်။

  • ထပ်တိုးသကြားများ
  • သကြား ထပ်ထည့်ခြင်းသည် အချိုအရသာ နှင့် ကယ်လိုရီဓါတ် တိုးမြှင့်ပေးပါသည်။ သို့သော် အာဟာရ များစွာ မဖြစ်သည့်အပြင် သွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှု များသည်။ သကြားဓါတ်များသော အစားအသောက်များသည် ရောင်ရမ်းခြင်းဖြစ်စဉ်ကို ပိုအားပေးသည်။

    ထို့ပြင် ထိုအစားအသောက်များကြောင့် လတ်ဆတ်သော အသီးအနှံကဲ့သို့သော ရောင်ရမ်းခြင်းကို တားသည့် အကျိုးများသော အစားအသောက်များကို သိပ်မစားဖြစ်တော့ပါ။ ထပ်တိုးသကြား မြှင့်မားစွာပါဝင်သည့် အစားအစာ ဥပမာ အချို့မှာ သကြားလုံး၊ အချိုရည်၊ ပန်ကိတ်အရည်၊ အချိုပွဲ၊ ကိတ်မုန့်အပေါ်က အလှဆင်ထားသည့် သကြားလွှာ ၊ ကိတ်မုန့် တု့ိဖြစ်ပါသည်။

    • ပြည့်ဝဆီ

    ပြည့်ဝဆီသည် ရောင်ရမ်းခြင်းကို ပိုဖြစ်စေသည်။ ပြည့်ဝဆီ အဓိကရင်းမြစ်မှာ နီရဲပြီး ပြုပြင်ထားသော အသားများ၊ မွေးမြူရေးကြက်၏ ပေါင်၊ခြေထောက်၊အတောင်ပံများ၊ မွေးမြူရေးကြက်အရေခွံ၊ ကြော်ထားသော စားစရာများ၊ အဆီများသော နို့ထွက်ကုန်များ နှင့် ဥအနှစ် တို့ဖြစ်ပါသည်။ သင်သည် အစားအသောက်များတွင် ပြည့်ဝဆီအစား အိုမီဂါ သရီးဖက်တီးအက်ဆစ်ကို အစားထိုး စားသုံးနိုင်သည်။ ၎င်းသည် စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ခြင်းနှင့် ဆိုင်သော နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျော့နည်းစေသည်။

    • အသွင်ပြောင်းဆီ

    အသွင်းပြောင်းဆီများသည် ဓါတုနည်းအရထုတ်လုပ်ထားသော အဆီများဖြစ်သည်။ ၎င်းသည် သင့်ခန္ဓါကိုယ်ရှိ မကောင်းသောအဆီ (LDL) ကို မြှင့်တက်စေပြီး ကောင်းသောအဆီ (HDL) ကို လျော့နည်းစေသည်။ သင်ရှောင်ကြဉ်သင့်သော အသွင်ပြောင်းဆီ အစားအစာများမှာ မာဂျရင်း (သို့) ဟိုက်ဒြိုဂျင် ဓါတ်ပေါင်းထားသော အသီးအရွက်ဆီပါဝင်သော အစားအစာများ ဖြစ်ပါသည်။

    ယေဘုယျအားဖြင့် အကယ်၍ သင်သည် သင်ခံစားနေရသော စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ဝေဒနာ သက်သာစေသော သဘာ၀ အစားအသောက်များကို စားသုံးလိုလျှင် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement