backup og meta

သင့်ကို ပျော်ရွှင်စေမယ့် အစာ (၃) မျိုး

အစားအသောက်တွေက သင့်ခန္ဓါကိုယ် အားအင်ပြည့်ဖြိုးဖို့အတွက် မှော်ဆန်လောက်အောင် ပြုလုပ်မပေးနိုင်ပေမယ့် အစားစားလိုက်ရတဲ့အတွက် ချက်ခြင်းပျော်ရွှင်သွားတာမျိုးတော့ လုပ်နိုင်ပါတယ်။ သင်အနေနဲ့ လန်းဆန်းမှုမရှိဘူးဆိုရင် အောက်ဖော်ပြပါ အစားအသောက် (၃) မျိုး စားကြည့်ဖို့ အကြံပြုပါတယ်။

သင့်ကို ပျော်ရွှင်စေမယ့် အစာ (၃) မျိုး

(၁) အမဲရောင်ချောကလက်

အမဲရောင်ချောကလက်က အန်တီအောက်စီဒန့်တွေ အများကြီးပါဝင်တဲ့အတွက် သင့်သွေးကြောတွေကို သက်သောင့်သက်သာ ဖြစ်စေပြီး သွေးခုန်နှုန်း ကျန်းမာစေတဲ့အပြင် သွေးလည်ပတ်မှုလည်း ကောင်စေးပါတယ်။ သုတေသနတစ်ခုကတော့ စိတ်ဖိအားများတဲ့လူတွေအတွက် တနေ့ကို အမဲရောင်ချောကလက်တစ်အောင်စ (သို့) အောင်စဝက် စားရင် စိတ်ဖိအားများစေတဲ့ ဟိုမုန်းအဆင့်တွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီထက်ပိုပြောရရင် အမဲရောင်ချောကလက်မှာ မဂ္ဂနီဆီယံနဲ့ သတ္တုဓါတ်တွေပါတဲ့အတွက် PMS သွေးဆုံးပြီးရင် ခံစားရတတ်တဲ့ လက္ခဏာတွေဖြစ်တဲ့ မောပန်းခြင်း၊ စိတ်ကျခြင်းနဲ့ ပူပန်စိုးရိမ်နေခြင်း မဖြစ်အောင် လျှော့ချပေးပါတယ်။ အမဲရောင်ချောကလက်ထဲမှာပါတဲ့ တန်ဖိုးရှိတဲ့ သဘာဝ ပစ္စည်းလေးတစ်ခုက သင့်ကို သုခဘုံတစ်ခုရောက်နေသလိုမျိုး လှုံဆော်ပေးနိုင်ပါတယ်။

(၂) မှို

မှိုက အထူးအစားအစာဖြစ်ပြီး ကိုယ့်ရဲ့စိတ်အခြေအနေကို ပြောင်းဖို့အတွက် များစွာသော အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ မှိုက ဆီလီနီယံဓါတ်တွေ အများကြီးပါဝင်ပါတယ်။ ဒီဓါတ်ချို့တဲ့ခြင်း လက္ခဏာတွေကတော့ စိတ်ကျခြင်း၊ မောပန်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေ ဖြစ်ပါတယ်။

မှိုတွေမှာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဗီတာမင် ဒီ အပြည့်အဝ ပါဝင်ပါတယ်။ ဗီတာမင်ဒီများများ စားတာက စိတ်အခြေအနေကို ပိုကောင်းစေပါတယ်။ ဒါကြောင့် ဗီတာမင်ဒီများများ လိုအပ်ခဲ့ရင်တော့ မှိုများများစားပါ။

(၃) ကော်ဖီ

တစ်ခါတစ်လေမှာ ကော်ဖီကြိုက်သူတွေရဲ့ အပေါ်ယံပုံသဏ္ဍန်က ခက်ထန်ပုံပေါက်နိုင်ပါတယ်။ သုတေသနသမားတွေကတော့ ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်ပုံမှန်ရရှိနေမယ်ဆိုရင် အကောင်းမြင်စိတ်ကို တိုးပွားစေနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနစစ်တမ်းတစ်ခုကတော့ မနက်ခင်းကော်ဖီသောက်တာက အားအင်ပြည့်ဖြိုးမှု၊ ချစ်ခင်ကြင်နာမှု၊ ပျော်ရွှင်ကျေနပ်မှုတွေနဲ့ ချိတ်ဆက်နေတယ်လို့ ပြောပါတယ်။

သူငယ်ချင်းတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီအတူတူသောက်ခြင်းဖြင့် ကောင်းမွန်တဲ့ အချိန်လေးတွေပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကော်ဖီကို အားလပ်ချိန်မှာ သောက်ခြင်းက ဆေးဆေးမှုနဲ့ ပျော်ရွှင်မှု ရနိုင်ပါတယ်။

သင့်စားတဲ့ အစားအသောက်တွေက သင့်ခန္ဓါကိုယ်နဲ့ သင့်ခံစားချက်တွေအပေါ် သက်ရောက်မှု ကြီးပါတယ်။ တခါတလေမှာ စိတ်ပျော်ရွှင်ဖို့ ချက်ခြင်းလိုပါတယ်။ ဒါပေမယ့်လည်း ရေရှည်မှာတော့ အစားအသောက်တစ်မျိုးတည်း ရွေးစားတာထက် အားလုံးမျှမျှတတဖြစ်ဖို့ လိုပါတယ်။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference: 6 Foods That Can Make You Happier. http://news.health.com/2015/04/27/6-foods-that-can-make-you-happier/ Assessed November 6, 2016.

ယခုပုံစံ

21/03/2022

Written by Dr. Phio Thiha

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မအီမသာဖြစ်ခြင်းကို သက်သာစေမည့် အစားအသောက်များ

ရင်ပူတာကို သက်သာစေဖို့ အစားအသောက်၊အနေအထိုင်တွေ ဘယ်လိုပြောင်းလဲမလဲ


Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung) · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/03/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ