backup og meta

သင့်သွားကိုစွန်းထင်းစေသော အစားအစာနှင့် အလေ့အကျင့်များ

သင်သည် သွားကိုမှန်မှန်တိုက်နေပါလျက် တောက်ပဖြူဖွေးမှုမရှိ ဖြစ်နေပါသလား။ သင့်သွားကိုစွန်းထင်းစေသည့် ဘာအမှားများရှိသလဲဟု သင့်ကိုယ်သင် ဆန်းစစ်ကြည့်ဖူးပါသလား။ အဓိကအချက်မှာ ပြင်ပအကြောင်းအရာများကသာမက သင်စားသောက်နေသည့် အရာများကလည်းသင့်သွားအရောင်ကို အဆုံးအဖြတ်ပေးနိုင်ပါသည်။ ဤဆောင်းပါးတွင် သင့်သွားအလှအပကို ထိခိုက်စေမည့် အစားအသောက်များကိုစာရင်းပြုစုထားပါသည်။

ပထမဆုံးအစွန်းအထင်း၏အရင်းမြစ်ကိုမိပါစေ။

သွား၏အပေါ်ယံလွှာဖြစ်သည့် သွားကြွေလွှာသည် အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲလာပါသည်။ သင့်သွားကြွေလွှာသက်တမ်းရင့်လာသည်ကိုအခွင့်ကောင်းယူ၍ အစွန်းအထင်းဖြစ်စေသောအရာများသည်ကြွေလွှာမျက်နှာပြင်ပေါ်ရှိကွဲကြောင်းငယ်လေးများတွင် တွယ်ကပ်လာပါသည်။ ထိုအရာများမှာ

• Chromogens-ပြင်းထန်သောရောင်ချယ်များဖြင့်ဖွဲ့စည်းထားသော ဒြပ်ပေါင်းများ။

• Tannins -အပင်မှအခြေခံထားသောသွားတွင်တွယ်ကပ်နိုင်သည့်ဒြပ်ပေါင်းများ။

• Acid -သွားကြွေလွှာကိုပိုမိုပျော့ပျောင်း ကြမ်းတမ်းစေကာစွန်းထင်းရန်ပိုလွယ်ကူစေသည်။

ဘာတွေကသင့်သွားကိုစွန်းထင်းစေသလဲ။

ကော်ဖီနှင့်လက်ဖက်ရည်

လူအများစုသောက်နေသောကော်ဖီသည် သွားဖြူခြင်းအတွက် အဆိုးဆုံးရန်သူပင်ဖြစ်သည်။ အကြောင်းမှာ ၎င်းတု့ိ၏အရောင်ကြောင့်ဖြစ်သည်။ ကော်ဖီသည်အဆိုးဆုံးအကြောင်းအရင်းမဟုတ်သော်လည်း သင့်သွား၏အရောင်ကို သက်ရောက်မှုရှိပါသည်။ တကယ်တော့လက်ဖက်ရည်သည် သင့်သွား၏ဖြူဖွေးမှုကို ပို၍ထိခိုက်စေပါသည်။ ၎င်းတွင်အက်စစ်သာမက tannin လည်းပါဝင်သည်။ tannin သည် အစွန်းအထင်းကိုသွားတွင်ကပ်စေသည်။ သတိထားရမည်မှာကာ်ဖီ၊ လက်ဖက်ရည်သက်သက်ချည်မဟုတ်ဘဲ သင်သောက်သည့် အကြိမ်အရေအတွက်ကပေါ်မှုတည်၍ ထိခိုက်နိုင်သည်။

ဝိုင်

အနီရောင်ဝိုင်သည် chromogenနှင့်tannin ပါဝင်သည့် acid ဓါတ်ပါသောအဖျော်ယမကာဖြစ်သည်။ သင့်ကျန်းမာရေးအတွက် ကောင်းနိုင်သော်လည်း သင့်ကိုတောက်ပသောအပြုံးတော့ မပေးစွမ်းနိုင်ပါ။ ထို့ပြင် အဖြူရောင်ဝိုင်သည် အရောင်ဖျော့သော်လည်း သင့်သွားအတွက် မကောင်းပါ။ ၎င်းတွင် သင့်သွားကို အစွန်းအထင်းများတွယ်ကပ်စေနိုင်သည့် tannin နှင့် acidတို့ပါဝင်သည်။ ရလဒ်အနေဖြင့် သင့်သွားသည် ခရမ်းချဉ်သီး၊ စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီများ၏ အစွန်းများကိုလွယ်လွယ်လက်ခံနိုင်စေသည်။

ဆိုးဆေးပါသောအစားအစာများ

ခရမ်းချဉ်သီးဆော့၊ ရေခဲချောင်း၊ ရေခဲမုန့်၊ သကြားလုံး(သို့) ဆိုးဆေးပါသည့် မည်သည့်အရာမဆို သင့်သွားကို စွန်းထင်းစေနိုင်သည်။ အရောင်ဆိုးဆေးပါသည့် အချိုရည်များသည်လည်း သင့်သွားမတွက်မကောင်းပါ။ သင့်သွားကိုပြောင်သောပိတ်စတစ်ထည်ဟု မှတ်ယူကြည့်လိုက်ပါ။ သင်စားသောအစာတွင် အရောင်များလေလေသင့်သွားသည်လည်းအရောင်ပိုစုံလာမည်ဖြစ်သည်။

အချိုရည်များ

အထက်တွင်ဖော်ပြသည့်အတိုင်း အချိုရည်များသည် သင့်သွားဖြူဖွေးမှုကို အလွန်ဆိုးဝါးစေသည်။ ဆိုဒါတွင်acidများစွာပါသည်။ ကိုလာတွင်chromogenပါဝင်သည်။ ဝိုင်ကဲ့သို့ပင် အဖြူရောင်ဆိုဒါသည် အမည်းရောင်သောက်စရာများထက် သွားတွင်အစွန်းအထင်းပို၍ ကပ်လွယ်စေသည်။ ထို့ကြောင့် ခြုံပြောရလျှင် ဆိုဒါအားလုံး(ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ) သင့်သွားများအတွက် ရန်သူပင်ဖြစ်သည်။

ဘယ်ရီသီးများ

ဘယ်ရီသီးများ(ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ခ်ဘယ်ရီ)တွင် ချယ်ရီသီးများနှင့်ခရမ်းချဉ်သီးများတွင်ပါသောchromogenများပါဝင်သည်။ စပျစ်သီးနှင့် တလည်းသီးများတွင်လည်းchromogenနှင့် tannin များရှိသည်။ ယေဘုယျအားဖြင့် သင့်ရှပ်အင်္ကျီ နှင့်ဘောင်းဘီကိုစွန်းထင်းနိုင်သည့်အသီးများသည် သင့်သွားကိုလည်း စွန်းထင်းစေနိုင်ပါသည်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods and Habits That Stain Your Teeth. https://www.practo.com/healthfeed/foods-and-habits-that-stain-your-teeth-4146/post/

Foods and Habits That Stain Your Teeth.http://www.webmd.com/oral-health/features/foods-stain-teeth-feature#1/

ယခုပုံစံ

01/02/2022

Dr. Kaung Thar မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement