backup og meta

ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား

ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား

ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား ……. လူ့ခန္ဓာကိုယ်မှာ Circadian Rhythm လို့ခေါ်တဲ့ တစ်နေ့ကို ၂၄ နာရီ အချိန်မှန်မှန်လည်ပတ်နေအောင်ထိန်းညှိပေးတဲ့ စနစ်တစ်ခုရှိပါတယ်။

အကယ်၍ Circadian Rhythm ကို ဆန့်ကျင်ပြီး အကြောင်းအမျိုးမျိုးနဲ့ညဖက်တွေမှာ ရက်ဆက်ပြီး အစားအသောက်တွေ စားသောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဟော်မုန်းအပြောင်းအလဲတွေ၊ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေရဲ့လုပ်ဆောင်ချက် အပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား

ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား ဆိုတော့ ညဘက်အစာစားတဲ့အခါ ခန္ဓာကိုယ်မှာ အခုလို အပြောင်းအလဲလေးတွေ ဖြစ်ပေါ်လာပါတယ်။

  • ၁ – ဟော်မုန်းထုတ်လုပ်မှုပြောင်းလဲလာခြင်း

ညဘက်အစာစားခြင်းက အင်ဆူလင်ဟော်မုန်းပမာဏကို အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ အင်ဆူလင်ကတော့ ခန္ဓာကိုယ်ရဲ့စနစ်တော်တော်များများကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့အရေးအကြီးဆုံးလုပ်ငန်းကတော့ သွေးတွင်းသကြားပမာဏကို ထိန်းညှိပေးတာပါ။

အစာစားလိုက်တဲ့အခါမှာ အစားအသောက်တွေကနေ သကြားဓာတ်ကို အူကနေစုပ်ယူပါတယ်။ ပိုလျှံနေတဲ့ သကြားဓာတ်တွေအတွက် ပန်ကရိယကနေ အင်ဆူလင်ဓာတ်ကိုထုတ်ပြီး သကြားအပိုတွေကို ဆဲလ်ထဲ ထည့်ပြီးသိမ်းဆည်းပါတယ်။ အင်ဆူလင်ဟော်မုန်းပမာဏပုံမမှန်တဲ့အခါ သွေးတွင်းသကြားဓာတ် လိုတာထက်ပိုလာတဲ့အတွက် ခန္ဓာကိုယ်အတွက်ဆိုးကျိုးတွေပဲဖြစ်လာစေပါတယ်။

  • ၂ – အခြားသောဟော်မုန်းများ မြင့်တက်လာခြင်း

အင်ဆူလင်တစ်ခုတည်းသာမကဘဲ အခြားသော သွေးတွင်းအချိုဓာတ်မြင့်တက်စေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ ဂလူကာဂွန် (Glucagon) နဲ့ လက်ပ်တင် (Leptin) ဟော်မုန်းတွေကလည်း ပိုမိုထွက်လာစေပါတယ်။

လေ့လာမှုတွေအရ ညပိုင်းမှာ အစာစားတဲ့အခါ ယောင်ရမ်းမှုကို အားပေးတဲ့ ပရိုတိန်းဓာတ်တစ်မျိုးပိုထွက်လာကြောင်းတွေ့ရှိရပါတယ်။

ညနေပိုင်း ၅ နာရီကနေ ညလယ်ပိုင်းအထိ အစာစားသုံးတတ်ကြသူတွေမှာ C reactive protein လို့ခေါ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုး ၃ ဆခန့်ပိုမိုထွက်လာကြောင်းတွေ့ရှိရပါတယ်။

  • ၄ – မှတ်ဉာဏ်ကျဆင်းလာခြင်း

ညဘက်အစာစားခြင်းက မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်လာစေနိုင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။

နောက်ဆုံးလေ့လာချက်တွေအရ ပုံမှန်အိပ်ချိန်တွေမှာ မအိပ်ဘဲ အစားစားခြင်းက မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ သင်ကြားခြင်းတွေကို ထိခိုက်စေနိုင်ကြောင်းတွေ့ရှိလာရပါတယ်။

ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအရ သွေးတွင်းအဆီတွေကို အိပ်ချိန်တွေမှာ ချေဖျက်လေ့ရှိပါတယ်။ ဒါကြောင့် ညဘက်အစာစားခြင်းက အဆီချေဖျက်ခြင်းကို တားဆီးတဲ့အတွက် ကိုယ်တွင်းအဆီပမာဏကို မြင့်တက်စေပါတယ်။ ကိုယ်တွင်းအဆီပမာဏ မြင့်တက်လာခြင်းက နှလုံးရောဂါလိုမျိုးရောဂါတွေနဲ့ပါ ဆက်စပ်နေတတ်ပြီး ညပိုင်းအလုပ်လုပ်ရသူတွေ၊ အထိုင်များသူတွေ၊ လှုပ်ရှားမှုနည်းသူတွေမှာ အဖြစ်များပါတယ်။

ညဘက်အစာစားတာရဲ့ အသိသာဆုံးဆိုးကျိုးကတော့ ဝိတ်တက်လာတယ်ဆိုတာကတော့ လူတိုင်းသိပြီးသားနေမှာပါ။ ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတိုင်းကလည်း ညစာမစားတာကနေဘဲ စတင်ကြတာများပါတယ်။

ကိုယ်အလေးချိန်ပေါ်မူတည်ပြီး လူတစ်ယောက်ဟာ တစ်နေ့ကို ကယ်လိုရီ ၂၀၀၀ ကနေ ၂၅၀၀ အထိလိုအပ်ပါတယ်။ ပုံမှန်အတိုင်းစားသောက်တဲ့သူတစ်ယောက်အတွက် ညစာစားပြီးချိန်ဆိုရင် ကယ်လိုရီ ၂၀၀၀ကနေ ၃၀၀၀ ကြားစားသုံးပြီးတာများပါတယ်။ ဒါကြောင့်ညဘက် အစာစားတာက ကိုယ်အလေးချိန်ကို သိသိသာသာတက်စေနိုင်ပါတယ်။

ညဘက်အစာစားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေထက် အာလူးကြော် ၊ ရေခဲမုန့် ၊ ဆိုဒါပါတဲ့အအေးအစရှိတဲ့ ကျန်းမာရေးအတွက်မကောင်းတာတွေကိုပဲ ရွေးချယ်မိတာလည်းများပါတယ်။ အကယ်၍ ညစာစားပြီးတာတောင် ဗိုက်ဆာတုန်းဆိုရင် မုန်လာဥ ၊ စပျစ်သီး ၊ ပန်းသီးအစရှိတဲ့ အရာတွေကိုပိုပြီးရွေးချယ်သင့်ပါတယ်။

ညပိုင်း အစာအလွန်အကြူးစားသုံးနေမိတာကို ဘယ်လိုရင်ဆိုင်ရမလဲ ?

ညဘက်အစာတွေ ပိုမစားမိအောင်အတွက် ညနေစာကိုပိုပြီးနောက်ကျမှစားတာ၊ စောစားတာမျိုးတွေလုပ်စရာမလိုပါဘူး။ ပုံမှန်အချိန်အတိုင်းစားပါ။ အကယ်၍များဗိုက်ထပ်ဆာလာမယ်ဆိုရင် ကစီဓာတ်ပြည့်ဝစွာပါဝင်တဲ့ အစာတွေကိုရှောင်ပါ။ အသားဓာတ်ပိုများတဲ့ အစေ့တွေ၊ အမျှင်ဓာတ်ပေါများတဲ့ အသီးတွေကို ရွေးချယ်ပါ။

ညဘက်စောစောအိပ်ပြီး စောစောထနိုင်အောင်ကြိုးစားပါ၊ ညဘက်တွေအလုပ်လုပ်ရတဲ့ သူဆိုရင်တောင် အစာကိုပုံမှန်အချိန်အတိုင်း စားနိုင်အောင်ကြိုးစားပါ။ မလိုအပ်ဘဲ အစာတွေအမြဲတမ်းစားနေတာကို ရှောင်ကြဉ်ပါ။

တစ်ရက်တစ်ညနဲ့တော့ မှန်ကန်တဲ့စားသောက်မှုရရှိဖို့ ခဲယဉ်းပေမယ့် ဇွဲရှိရှိနဲ့ပုံမှန် ပြုလုပ်သွားမယ်ဆိုရင်တော့ ညဘက်အစာစားခြင်းရဲ့ ဆိုးကျိုးတွေကို ရှောင်လွှဲနိုင်ပြီးပိုမိုကျန်းမာတဲ့ စားသောက်မှုပုံစံကို ရရှိလာမှာပါ။

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is It Bad to Eat at Night? 6 Reasons to Avoid Nighttime Meals and Snacks

ယခုပုံစံ

30/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် ထောက်ကူပေးမယ့် လေ့ကျင့်ခန်းလေးတွေ

ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement