၂) ကြွက်သားဖွံ့ဖြိုးမှုကို အားပေးတဲ့ အတွက် ကျစ်လစ်သန်မာစေပြီး အဆီတွေကို ချေဖျက်လျော့ပါးစေတယ်။
၃) အရွတ်နဲ့ အရိုးတွေကို သန်မာစေပြီး အဆစ်အမြစ်နာကျင်မှုကို လျှော့ချပေးတယ်။
၄) အူလမ်းကြောင်းနံရံတွေကို အစာခြေဖျက်စုပ်ယူမှုအားကောင်းလာအောင် ပံ့ပိုးကူညီပေးတယ်။
၅) ခြေသည်းလက်သည်းနဲ့ ဆံပင်တွေကို တောက်ပြောင်လှပစေတယ်။
၆) နှလုံးကျန်းမာရေး အတွက် အထောက်အကူပေးတယ် စသည်ဖြင့်ပေါ့ကွယ်။
Collagen ကို ဘယ်မှာသုံးလဲ
ဆေးပညာ အရ
- မီးလောင်နာ ကဲ့သို့ ဒဏ်ရာတွေ အနာကျက်မြန်အောင်ကုသခြင်း
- အစားထိုး ပြုပြင် ခွဲစိတ်ကုသခြင်း ( reconstructive surgery )
- တစ်ရှူးအသစ်များဖြစ်ပေါ်လာစေရန် အခြေခံ ပစ္စည်း အနေဖြင့်
- အရိုးအကြော ဆိုင်ရာ ခွဲစိတ်မှုများ တွင် အစားထိုးပစ္စည်း အဖြစ်အသုံးပြုကြပါသတဲ့။
အလှအပရေးရာ အတွက်ဆိုရင်တော့
ဖြည့်စွက်စာ အဖြစ် အများဆုံး အသုံးပြုကြတာကို တွေ့ရှိရပါတယ်။ စျေးကွက်ထဲ တွေ့နေကြ collagen capsule တွေ၊ drink တွေ ဆိုတာက အူလမ်းကြောင်းမှ စုပ်ယူ ခြေဖျက် နိုင်အောင်ပြု ပြင်ထားတဲ့ collagen အမျိုးအစားပါ။ အဲဒီ စားသုံးလိုက်တဲ့ collagen ဖြည့်စွက်စာရဲ့ ၉၀% ကတော့ ပိုမို သေးငယ်တဲ့ မော်လီကျူးပုံစံ ပြောင်းသွားပြီး တစ်နာရီ အတွင်း သွေးကြောထဲ ရောက်ရှိသွားမှာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေဆီ ဆက်လက် ရောက်ရှိသွားမှာပါ။
သဘာဝရဲ့ Collagen
Collagen ကို ခန္ဓာကိုယ်ကနေ အလိုအလျောက် ထုတ်ပေးပေမယ့် အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ထုတ်လုပ်မှု လျော့ကျလာပြီး ယိုယွင်းလာပါတယ်။ အသက် ၂၅ ကျော်လာရင် ခန္ဓာကိုယ်ရဲ့ collagen ထုတ်လုပ်မှုဟာ တစ်နှစ်ကို 1% နှုန်းနဲ့ ကျလာပါသတဲ့။ အဲဒီ အတွက် collagen များများပါတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်စာတွေကိုစားသုံးဖို့ လိုလာပါတယ်။ collagen တည်ဆောက်ရေး အတွက်ဆိုရင် အသားဓာတ် နဲ့ vitamin C ကိုပါ လုံလောက်အောင် စားသုံးပေးဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။