
ဗီတာမင်အေဆိုတာရက်တီးနွိုက်လို့ခေါ်တဲ့ ဓါတ်ပစ္စည်းအုပ်စုဖြစ်ပါတယ်။ ငရုတ်ပွအနီဟာ အရသာချိုပြီး အနံ့မွှေးတာမို့ ဟင်းထဲထည့်ချက်တာအဆင်ပြေပါတယ်။ ဒီငရုတ်ပွမှာ ဗီတာမင်အေ ကြွယ်ဝလို့ တစ်လုံးလောက်ချက်စားရင်ပဲ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်အေပမာဏကို တဝက်လောက်ပြည့်ဝစေပါတယ်။
ဗီတာမင်အေ မှာ အမျိုးအစားနှစ်မျိုးရှိပါတယ်။Preformed vitamin A လို့ခေါ်တဲ့ ပထမတစ်မျိုးမှာ ကြက်၊ဝက်၊အသား၊ငါးနဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲမှာ ဗီတာမင်အေအဖြစ်ပြောင်းလဲချက်လုပ်ဖို့မလိုတဲ့ အရံသင့်အမျိုးအစားဖြစ်ပါတယ်။
ဒုတိယအမျိုးအစားprovitamin A မှာတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲရောက်မှ ဗီတာမင်အေဖြစ်လာအောင်ပြုပြင်ချက်လုပ်ရတာဖြစ်ပါတယ်။ ဟင်းနုနွယ်က ဒီအမျိုးအစားဝင် ဗီတာမင်အေ ကြွယ်ဝတဲ့ အရွက်တစ်မျိုးဖြစ်လို့ မကြာခဏစားပေးပါ။
ဗီတာမင်အေ ကြွယ်ဝတဲ့ ကန်စွန်းဥကိုပြုတ်စားစား၊ ဖုတ်စားစား၊ မုန့်ပဲလုပ်စားစား အဆင်ပြေပါတယ်။ အကောင်းဆုံးက မီးဖုတ်စားတာပါပဲ။ ကန်စွန်းဥမီးဖုတ်တစ်လုံးစာဆို တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၅၀၀ ရာခိုင်နှုန်းထက်ကျော်ပါတယ်။
ရေခဲမုန့်လေးစားရင်း ဗီတာမင်အေ ရမယ်ဆိုတော့ မိုက်တယ်မလား။ရေခဲမုန့်တစ်ခွက်မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါနိုင်တယ်နော်။
သရေစာမုန့်အနေနဲ့ဆို ဖရုံသီးနဲ့လုပ်တဲ့မုန့်ကိုရွေးပါ။ ရွှေဖရုံသီးမှာ ဗီတာမင်အေအဖြစ် ပြောင်းလဲပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဘီတာကယ်ရိုတင်းကြွယ်ဝပါတယ်။