backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခန္ဓါကိုယ်တွင်းအဆီဓါတ် ကိုလက်စထရောဆိုင်ရာ ဒဏ္ဍာရီသို့မဟုတ် ယုံတမ်းစကား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခန္ဓါကိုယ်တွင်းအဆီဓါတ် ကိုလက်စထရောဆိုင်ရာ ဒဏ္ဍာရီသို့မဟုတ် ယုံတမ်းစကား

လူတစ်ဦးအတွက် တစ်နေ့ သို့မဟုတ် တစ်ပတ်အတွက် ကြက်ဥမည်မျှ များများ အန္တရာယ် မရှိဘဲစား နိုင်သနည်း ဆိုသည်ကို ဆေးပညာရှင် တစ်ဦးအနေဖြင့် မကြာခဏအမေးခံရဖူးသည်။

ကိုလက်စထရောဟုခေါ်သော အဆီဓါတ်သည် နှလုံးရောဂါကိုဖြစ်စေသည်ဟုယုံကြည်ကြသည့်အတွက် ကိုလက်စထရော ကြွယ်ဝသော ကြက်ဥများကိုစားသုံးခြင်းသည် ကျွန်ုပ် ကျန်းမာရေးအတွက် မကောင်းနိုင်ဟု မှားယွင်းယူဆမိကြသည်။

ကျွန်ုပ်တို့နေ့စဉ်စားသော အစားအစာများတွင် ကြက်ဥသည် ကြက်သားကဲ့သို့ပင်ကောင်းမွန်သည် ကိုတွေ့ရသည်။ ကြက်ဥတွင် ကိုလက်စထရောပါဝင်ခြင်းသည်အဓိက မကျလှဘဲ အထဲတွင် ပါဝင်သောအိုမီဂါ အက်စစ် အချိုးအစားက ပို၍အရေးပါသည်။ ပုံမှန်အားဖြင့် ကြက်ဥတွင် အိုမီဂါ အက်စစ် နံပါတ်၃ ကတစ်ဆ၊အိုမီဂါအက်စစ် နံပတ်၆က ၄ဆအထိပါဝင်နိုင်သည်။ သို့သော် မွေးမြူရေးကြက်ဥများတွင် အိုမီဂါအက်စစ် နံပါတ်၆သည် ၁၆ ဆမှ ၃၀ ဆအထိများပြားစွာပါဝင်တတ်သည်။ ထို အိုမီဂါအက်စစ် နံပါတ်၆သည် ခန္ဓါကိုယ်တွင် ရောင်ရမ်းခြင်းကိုဖြစ်စေတတ်ပြီး ရောင်ရမ်းခြင်းမှ တစ်ဆင့် နာတာရှည်ရောဂါများ ဖြစ်လာစေနိုင်သည်။

ကြက်ဥတွင် အထူးသဖြင့်အနှစ်တွင် အာဟာရများပါဝင်ပြီး အဆီနှင့်ကိုလက်စထရောများ ပါဝင်သော်လည်း လက်စီသင်(Lecithin)ဟုခေါ်သောဓါတ်တစ်မျိုးလည်းပါဝင်နေသည်။ ထို လက်စီသင ်သည်ကြက်ဥတွင်ပါသော အဆီနှင့် ကိုလက်စထရော များကို မျှတအောင် ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော သဘာဝအစားအစာဖြစ်စေသည်။ ထို့ကြောင့် သဘာဝမှ ရသောကြက်ဥများကို များများ စားပေးသင့်ပါသည်။

ကိုလက်စထရောနှင့်ပတ်သက်သော ယုံတမ်းစကားများကြောင့် ကြက်ဥကို လူအများက ရှောင်ကြဉ်တတ်ကြသည်။ ကိုလက်စထရောသည် ကျန်းမာရေးကို ထိခိုက်ပြီး နှလုံးရောဂါရစေနိုင်သည်ဟု မှားယွင်းသော ကောက်ချက်စွဲမှုများလည်း လွန်ခဲ့သော နှစ် ၃၀ ခန့်ကတည်းက ရှိခဲ့ဖူးသည်။ များစွာသော သိပ္ပံနည်းကျ လေ့လာချက်များက နှလုံးရောဂါ၏အဓိက အကြောင်းရင်းမှာ ကိုလက်စထရောမဟုတ်ဘဲ ရောင်ရမ်းခြင်းဖြစ်စဉ်၊ဓါတ်တိုးခြင်းဖြစ်စဉ်၊စိတ်ဖိစီးမှုနှင့် သကြားဓါတ်များကြောင့်ဖြစ်သည်ကိုသက်သေပြ နိုင်ခဲ့ကြသည်။

အမှန်စင်စစ် ကိုလက်စထရောသည် ခန္ဓါကိုယ်အတွက် အရေးပါသောလုပ်ငန်းဆောင်တာများကို ပြုလုပ်ပေးပါသည်။

-ကိုယ်ခန္ဓါဆဲလ်များ၏အမြှေးပါးကို တည်ဆောက်ထိန်းသိမ်းပေးသည်။

-အဆီဓါတ်ချေဖျက်ရာတွင်လိုအပ်သော သည်းခြေရည်ထုတ်ရာတွင် ကူညီပေးသည်။

-အဆီတွင်ပျော်ဝင်သော ဗီတာမင် A၊D၊E၊K တို့ကို တည်ဆောက်သုံးစွဲရာတွင် အရေးပါသည်။

-ဗီတာမင် D တည်ဆောက်ရာတွင်အရေးပါသည့်အတွက် အရေပြားကျန်းမာရေးအတွက် မရှိမဖြစ်

လိုအပ်သည်။

-စတီးရိုက်ဟော်မုန်း(Steroid) စတင်ထုတ်လုပ်ခြင်းအဆင့်တွင်ပါဝင်သည့်အတွက် ထိုစတီးရိုက်ဟော်မုန်း ကိုသုံးစွဲသော ဦးနှောက်၊အာရုံကြောဆဲလ်များ၊လိင်အင်္ဂါများ၏ ဖွံ့ဖြိုးကြီးထွားမှုတွင် အရေးပါသည်။

-ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်အတွက်လည်း လိုအပ်သည်။

-ဦးနှောက်အတွက် လိုအပ်သည့်အတွက် ကိုလက်စထရောနည်းပါးလျှင် မှတ်ဉာဏ်အားနည်းခြင်း ဖြစ်နိုင်သည်။

-အချို့လေ့လာချက်များတွင် ကိုလက်စထရောသည် ဓါတ်တိုးဆန့်ကျင်သည့် အာနိသင်ရှိသည်ဟုလည်း ဖော်ပြကြသည်။ ထိုအချက်များကြောင့် ကိုလက်စထရော ပါဝင်သောကြက်ဥသည် ကလေးများနှင့် လူငယ်များတွင်ကြီးထွားမှု အတွက်အရေးပါသည်။

`Foods that heal´ဟူသောအာဟာရဆောင်းပါးရေးသားသူဒေါက်တာဘားနက်ဂျန်ဆန်က ကြက်ဥတွင် ဦးနှောက်၊အာရုံကြောနှင့် ဂလင်းအကျိတ်များအတွက် လုံလောက်သောအာဟာရအားလုံး ပါဝင်ကြောင်းဖော်ပြထားသည်။

အောက်ပါအချက်အလက်များသည် Jonny Bowden(PhD,CNS) နှင့် Stephen Sinatra(MD,FACN)တို့ရေးသားသော`The Great Cholesterol Myth´စာအုပ်မှ ဒဏ္ဍာရီ သဖွယ ်ယုံတမ်းစကား နှင့် အချက်အလက် မှန်တို့ကိုယှဉ်တွဲဖော်ပြထားသည်။

ယုံတမ်းစကား။ ။ ကိုလက်စထရောပမာဏများပြားခြင်းကိုကြည့်၍နှလုံးရောဂါဖြစ်နိုင်ချေကို ကောင်းစွာခန့်မှန်းနိုင်သည်။

အချက်အလက်မှန်။ ။ ကိုလက်စထရောများခြင်းတစ်ခုကိုသာကြည့်၍နှလုံးရောဂါဖြစ်နိုင်ချေကို ခန့်မှန်းရခက်သည်။

ယုံတမ်းစကား ။ ။ ကိုလက်စထရောများပြားခြင်းသည် နှလုံးရောဂါ၏အကြောင်းရင်းဖြစ်သည်။

အချက်အလက်မှန်။ ။ ကိုလက်စထရောသည်နှလုံးရောဂါဖြစ်ပွားရာတွင်အရေးမပါလှပါ။

ယုံတမ်းစကား ။ ။ ကိုလက်စထရောများလေလေ အသက်တိုလေလေ ဖြစ်သည်။

အချက်အလက်မှန်။ ။Framinghamလေ့လာချက်အရ အသက်ရှည်သူများတွင် ကိုလက်စထရော များပြားသည်ကိုတွေ့ရသည်။

ယုံတမ်းစကား ။ ။ ကာဗိုဟိုက်ဒရိတ်(ကစီဓါတ်) များသောအစားအစာများသည် နှလုံးရောဂါ ကိုကာကွယ်ပေးသည်။

အချက်အလက်မှန်။ ။ ပြည့်ဝဆီအစား ကစီဓါတ်ကို အစားထိုးအသုံးပြုသော အစားအစာများက နှလုံးရောဂါဖြစ်နိုင်ချေ ကိုပိုများစေသည်။ ထို့ကြောင့် နှလုံး ကျန်းမာရေးအတွက် ကြက်ဥကို စိတ်ချလက်ချစားသုံးနိုင်သည်။

ထို့ပြင် အသက်ရှည်ကျန်းမာရေး အတွက် စိတ်ဖိစီးမှုလျှော့ချခြင်း၊ အချိုဓါတ်လျှော့၍စားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊အိုမီဂါ အက်စစ် ၃ ကိုများများစား၍ အိုမီဂါအက်စစ်၆ကို နည်းနည်း စားခြင်းများကိုလည်းပြုလုပ်သင့်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement