backup og meta

ကင်ပွန်းချဉ်ရွက် ကျန်းမာရေးအတွက် ကောင်းသလား

ချဉ်ရည်ဟင်း ကျဲကျဲ အရည်သောက်လေးပဲ ချက်ချက်၊ ငါးလေးနဲ့ပဲ ချဉ်ရည် ချက်ချက်၊ ကြော်ပဲစားစား စားလို့ကောင်းတဲ့ ကင်ပွန်းချဉ်ရွက်ကို သဘောတကျ စားနေလေ့ရှိတဲ့ သူလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ကင်ပွန်းချဉ်ရွက် ကျန်းမာရေးအတွက် ကောင်းသလား

ကင်ပွန်းချဉ်ရွက်က စားလို့ကောင်းရုံတင်လား ဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ကင်ပွန်းချဉ်ရွက်ကို စားသုံးပေးတာက ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

ကင်ပွန်းချဉ်ရွက် ဆိုတာ

ကင်ပွန်းချဉ်ရွက် ဆိုတာ ကင်ပွန်းပင်ရဲ့ အရွက်ပါ။ အပင်ကြီးမျိုးပါ။ ရိုးတံမှာ အဆူးလေးတွေပါပြီး အရွက်လေးတွေက သေးသေးလေးတွေနဲ့ အခိုင်လိုက်ရှိပါတယ်။

ကင်ပွန်းရွက်ကို စားကြပေမယ့် အသီးနဲ့ အခေါက်ကိုတော့ ဆံသားနဲ့ အရေပြား ကျန်းမာရေးအတွက် အသုံးပြုကြပါတယ်။ နုတဲ့အချိန်မှာ ပန်းရောင်ရင့်ရင့်လေး ရှိပြီး ရင့်လာတဲ့အခါ အစိမ်းရောင် ပြောင်းလာပါတယ်။ ချဉ်တဲ့အရသာရှိပြီး ခံတွင်းရှင်းစေတဲ့ ဟင်းလျာ တစ်မျိုးပါ။

ကင်ပွန်းချဉ်ရွက်ကပေးတဲ့ အာဟာရ 

စားရတာ အရသာရှိလှတဲ့ ကင်ပွန်းချဉ်ရွက်မှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

ကင်ပွန်းချဉ်ရွက် ကျန်းမာရေးအတွက် ကောင်းသလား

ကင်ပွန်းချဉ်ရွက် ကျန်းမာရေးအတွက် ကောင်းသလား

ကင်ပွန်းချဉ်ရွက်က စားလို့ ကောင်းပြီး ထမင်းမြိန်စေသလို ကျန်းမာရေးအတွက်လည်း အခုလို ထောက်ပံ့ပေးပါတယ်။

အစာ စားချင်စိတ် တိုးစေနိုင်တယ်။

ကင်ပွန်းချဉ်ရွက်က အရသာလေးက ခံတွင်းရှင်းတာကြောင့် အစားပျက်နေသူတွေအတွက် ခံတွင်းလိုက်စေမယ့် ဟင်းရွက် တစ်မျိုးပါ။ ပတက်စာ ( ပဒက်စာ ) နဲ့ ချက်ထားတဲ့ ကင်ပွန်းချဉ်ရွက် ချဉ်ဟင်းလေးက စားရတာ အတော်လေး ခံတွင်းတွေ့စေတာပါ။

ဝိတ်ကျစေနိုင်တယ်။

ကင်ပွန်းချဉ်ရွက်က အမျှင်ဓာတ် ကြွယ်ဝသလို အဆီ ပါဝင်မှု မရှိတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။

ဆီးချို ကျစေနိုင်တယ်။

အချဉ် အရသာ စူးစူးလေးနဲ့ ကင်ပွန်းချဉ်ရွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးချို ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ပါဝင်နေမှုကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာမှာ ထောက်ကူပေးပါတယ်။

ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်။

ကင်ပွန်းချဉ်ရွက် စားပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေနိုင်သလို သွေးသန့်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဝမ်းမှန်စေတယ်။

အမျှင်ဓာတ် ကြွယ်ဝတဲ့ ကင်ပွန်းချဉ်ရွက်က အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ပံ့ပေးသလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။

သွေးတိုးကျစေနိုင်တယ်။

ကင်ပွန်းချဉ်ရွက်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အနာကျက်စေနိုင်တယ်။

ကင်ပွန်းချဉ်ရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်ကတော့ အနာကျက်စေတာပါ။ ဗီတာမင် C ကြွယ်ဝတာကြောင့် အရေပြားကို ကျန်းမာစေနိုင်သလို အနာပိုးမဝင်စေဖို့ ကာကွယ်ပေးသလို အနာကျက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ။

ကင်ပွန်းချဉ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့်

  • နို့တိုက်မိခင်တွေ
  • ကိုယ်ဝန်ဆောင်တွေ
  • သွေးပေါင်ကျတတ်သူတွေ
  • ရောဂါအခံရှိသူတွေ
  • ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ
  • ကလေးငယ်တွေ အနေနဲ့ အလွန်အကျွံစားသုံးတာကို ရှောင်ကြဉ်သင့်ပါတယ်။

ကဲ ……. ကင်ပွန်းချဉ်ရွက်လေး စားပြီး အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Shikakai Health Benefits, Uses, Dosage and Side Effects https://nirogstreet.com/blog/herbs/shikakai-health-benefits Accessed Date 4 March 2022

Uses and benefits of Shikakai https://www.healthbenefitstimes.com/shikakai/ Accessed Date 4 March 2022

ယခုပုံစံ

28/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/06/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ