backup og meta

ပရိုတင်းများများရချင်လား အင်းဆက်တွေသာစားပါ

ပရိုတင်းများများရချင်လား အင်းဆက်တွေသာစားပါ
ပရိုတင်းများများရချင်လား အင်းဆက်တွေသာစားပါ
အင်းဆက်တွေလို့ပြောလိုက်တာနဲ့ အသည်းယားတဲ့အသံနဲ့အော်ကြမှာမြင်ယောင်ပါသေးတယ်။ ရွံစရာကြီးတွေကို စားစရာလားလို့ပြောကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ စားစရာပါ။ အင်းဆက်အမျိုးအစားဝင်ဖြစ်တဲ့ ပုရစ်ကြော်က အခုဆို မသေးတဲ့ဈေးနှုန်းနဲ့မြန်မာ့ဈေးကွက်မှာ ရပ်တည်နေပြီမို့ပါ။မြန်မာပြည်မှာက ပုရစ်ရယ်၊ တွင်းပိုးကြော်၊ ခါချဉ်ကြော်၊ ခါချဉ်ဥကြော်တို့ကို ကြိုက်နှစ်သက်ကြတာ ဟိုးအရင်တည်းက။ တရုတ်တန်းက သင်ပေါင်းပိုးကလည်း နာမည်ကြီးရယ်။ ဒါတွေက အင်းဆက်မဟုတ်လို့ ဘာတွေဖြစ်မလဲ။ အင်းဆက်တွေက အာဟာရဓါတ်ကြွယ်ဝပြီး အစာကြေလည်းလွယ်တယ်၊ ဓါတ်မတည့်မှုဆိုတာမရှိသလောက်ကိုနည်းတယ်၊ အဓိက အသားဓါတ်ပြည့်ဝတယ်ဆိုတာ သုတေသနတွေက အထောက်အထားတွေ့ရှိထားတာကြာပေါ့။

အသားဓါတ်အရင်းအမြစ်

အင်းဆက်တွေက အသားဓါတ်ကြွယ်ဝပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ကိုးမျိုးလုံးပါဝင်တယ်လို့ သုတေသီတွေကပြောထားပါတယ်။ ဆောင်းရာသီဆို ဒီမှာ တဖွဲဖွဲမြင်နေရတတ်တဲ့ ပိုးကောင်လေးတွေ၊ ဒါးခုတ်ကောင်၊ ကျိုင်းကောင် ၊ပုရစ် စတဲ့ အင်းဆက်တွေကို ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားတို့မှာ စားသုံးသူများတဲ့အပြင် ပင့်ကူ၊ ကင်းမြီးကောက်စတဲ့ အဆိပ်ရှိအကောင်တွေကိုပါ နှစ်ခြိုက်စွာစားသုံးကြပါသေးတယ်။ အခုဆို အင်းဆက်တွေနဲ့ မီနူးအသစ်တွေဖန်တီးပြီး အတော်ခေတ်စားလာတာက အနောက်နိုင်ငံတွေနဲ့ ဥရောပမှာပါ။ ဟမ်ဘာဂါမှာ အသားပြားတွေအစား အင်းဆက်ကြော်ကို ထည့်သွင်းစားသုံးတာလည်းရှိသလို သရေစာမုန့်အဖြစ်နဲ့ အင်းဆက်ကြော်တွေထုတ်လုပ်လာပါတယ်။ လေ့လာမှုတစ်ခုအရ ပုရစ်ကရတဲ့ ပရိုတင်းဓါတ်ဟာ အူတွင်းဘက်တီးရီးယားတွေကို အားပေးနိုင်ပြီးရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ သိရပါတယ်။ အနီရောင်အသားတွေက ပရိုတင်းရရှိမှုများတာ သိထားကြပြီးဖြစ်မှာပါ။ ဒါပေမယ့် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ပုရစ်မှာ ပါဝင်တဲ့ပရိုတင်းက ပိုများနေတာကိုပါ။ အသား ၁၀၀ ဂရမ်မှာ ပရိုတင်း ၂၀ ဂရမ်ပါဝင်နိုင်ပေမယ့် ပုရစ် ၁၀၀ ဂရမ်မှာတော့ ပရိုတင်း ၆၀ ဂရမ် ပါဝင်ပါတယ်တဲ့။ စိတ်ဝင်စားစရာမကောင်းဘူးလား။ ဒီအတိုင်းဆို အမဲသားမစား၊ခြေလေးချောင်းသားရှောင်တဲ့သူတွေအတွက် အင်းဆက်တွေနဲ့ အသားဓါတ်ဖြည့်တင်းပေးနိုင်ပြီလေ။ ပုရစ်မှာ ပရိုတင်းများတဲ့အပြင် မရှိမဖြစ်လိုအပ်တဲ့အမိုင်နိုအက်စစ်ဓါတ်တွေနဲ့ ပိုတက်ဆီယမ်တွေလည်း ပါဝင်ပါတယ်။

စားလို့ အသင့်တော်ဆုံး အင်းဆက် (၄) မျိုး

ဝါးပိုးနဲ့ အားဖြည့်ပါ

ဝါးပိုးကြော်ဆို အမြည်းသမားတွေပိုသိကြမှာပါ။ ရွရွလေးကြော်ထားတဲ့ ဝါးပိုး ၁၀၀ ဂရမ်ကနေ ပရိုတင်း ၃၀ ဂရမ် ရရှိနိုင်ပါတယ်။ ကယ်လိုရီက ၄၃၀လောက်အထိ ရရှိနိုင်လို့ ခွန်အားရှိစေပါလိမ့်မယ်။

သွေးတိုးကျအောင် ပုရစ်ကြော်စားမယ်

ပုရစ်ကြော် ၁၀၀ ဂရမ်က ပိုတက်ဆီယမ် ၃၄၇ မီလီဂရမ်ပေးစွမ်းနိုင်ပါတယ်။ ဒီပမာဏဟာ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်ထင် ၁၁ မီလီဂရမ်ပိုများနေတာပါ။ ပိုတက်ဆီယမ်ရဲ့ကောင်းကျိုးကသွေးပေါင်ကျစေတာပါပဲ။ ပိုတက်ဆီယမ်က လေပွခြင်းကို သက်သာစေတဲ့ကောင်းကျိုးလည်းရှိလို့လေပွတာ၊ရင်ကယ်တာ သက်သာချင်ရင် ပုရစ်ကြော်သာစားပေတော့။

အရိုးသန်မာစေမယ့် ပိုးစာကြော်

ထိုင်းကဝင်တဲ့ ပိုးစာကြော်က အွန်လိုင်းမှာအရောင်းသွက်နေတဲ့ စားစရာတစ်ခုဖြစ်နေပါတယ်နော်။ ဆိမ့်တဲ့အရသာနဲ့မို့ နှစ်ခြိုက်ကြတဲ့ ထိုင်းပိုးစာကြော်က ၁၀၀ ဂရမ်မှာ ကယ်လ်ဆီယမ် ၉၃၄ မီလီဂရမ် ပါဝင်နေတယ်ဆိုတော့ ဟန်ကျပြီလေ။ အရိုးသန်မာစေဖို့ နွားနို့တွေချည်း လှိမ့်သောက်နေဖို့မလိုတော့ဘူး။ ဇင့်နဲ့ သံဓါတ်ပါဝင်မှုကလည်း ဆယ်လ်မွန်၊ ကြက်သားနဲ့ အမဲသားထက်ပိုများနေတော့ သွေးအားနည်းတာ မဖြစ်စေနိုင်တော့ဘူး။

ပိုးဟပ်ပေါက်လေးတွေက ဆံပင်သန်တယ်၊အသားလှတယ်၊ လက်သည်းကျန်းမာတယ်

ပုံမပြတော့ဘူးနော်။ ဒီတစ်မျိုးကိုတော့ သိပ်အားပေးချင်ကြမယ်မထင်ပါဘူး။ ပိုးဟပ်ဆို ရွံကြ၊ကြောက်ကြတယ်ဆိုပေမယ့် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကလည်း တကယ်ပါပဲ။ အရသာလည်းရှိတယ်တဲ့နော်။ ပိုးဟပ် ၁၀၀ ဂရမ်မှာ ဗီတာမင် B12 ၂၄ မိုက်ခရိုဂရမ်ပါဝင်ပါတယ်။ဗီတာမင် B12 ချို့တဲ့ရင် သွေးအားနည်းခြင်း၊နှလုံးရောဂါနဲ့ အာရုံကြောစနစ်ထိခိုက်မှုတွေဖြစ်လာနိုင်တယ်။ ပိုးဟပ်ရဲ့ ဗီတာမင် B12 ကြောင့် အသားအရေလှမယ်၊ ဆံပင်ကောင်းမယ်၊ခြေသည်းလက်သည်းကျန်းမာလှပမယ့်အပြင် အရေပြားဆဲလ်အသစ်ပြန်လည်ဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/diet/news/20181206/want-more-easy-protein-go-eat-a-bug

Accessed Dec 12, 2018.

ယခုပုံစံ

31/05/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကန်စွန်းဥ စားသုံးရင်းကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရနိုင်တယ်ဆိုတာ သင်သိပါသလား

အသားအရေနဲ့ကျန်းမာရေး ကောင်းမွန်စေဖို့ မုန်လာဥနီစားကြစို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement