backup og meta

ကမ်းခြေသွားမယ် သံပခြုပ်စားမယ်

ကမ်းခြေသွားမယ် သံပခြုပ်စားမယ်

ကမ်းခြေသွားရင် သံပခြုပ်တွေလာလာရောင်းတာတွေ့ဖူးမှာပေါ့။ ဓါးလေးနဲ့ခွဲ၊ အတွင်းကအနှစ်တွေကို ဖန်ခွက်အသေးလေးထဲခြစ်ထည့်ပြီး သံပရာရည်ညှစ်သောက်ကြတာပါ။ အရမ်းအားရှိတယ်လို့တော့ပြောတာပဲ။ ဘာကြောင့်အားရှိတယ်ပြောတာလဲ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြည့်လိုက်ပါဦး။

အသား၊ငါးတွေလိုပဲ ပရိုတင်းကြွယ်ဝတယ်

သံပခြုပ်တွေက ပရိုတင်းဓါတ်ြကွယ်ဝပါတယ်။ အသား၊ငါးနဲ့ပဲတွေလိုပဲ အသားဓါတ်ရမယ့်အရင်းအမြစ်တစ်ခုအဖြစ်စားသုံးလို့ရတယ်။ ဒါ့ကြောင့် သံပခြုပ်အနှစ်ဂျပန်ထမင်းလိပ်ကို တခြားနိုင်ငံတွေမှာ လူကြိုက်များကြပါတယ်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးမှာ ပရိုတင်း ၃.၂ ဂရမ်ပါဝင်တာပါ။

အုတ်ဂျုံနဲ့ ဂျုံကြမ်းတို့လို အမျှင်ဓါတ်ရစေနိုင်တယ်

သံပခြုပ်ကိုစားရင် အုတ်ဂျုံနဲ့ ဂျုံကြမ်းတွေလိုပဲ အမျှင်ဓါတ်များများရနိုင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါတယ်။ သူ့ကိုဆက်တိုက်စားပေးရင် အမျှင်ဓါတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။

ဗီတာမင် C ပါဝင်တယ်

သံပခြုပ်မှာ ဗီတာမင် C ပါဝင်တာကြောင့် ခန္ဓါကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီးရောဂါတွေကိုခုခံနိုင်စွမ်းကောင်းမွန်စေနိုင်ပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အသီးအရွက်တွေနဲ့ အားဆေးတွေ မစားချင်ဘူးဆိုရင် သူ့ကိုစားလို့ရပါတယ်။

ခွန်အားတိုးစေတယ်

သံပခြုပ်ကို ကျားခွန်အားတိုးစေတဲ့အာဟာရအဖြစ် ဂျပန်မှာလူသိများတဲ့အပြင် သံပခြုပ်ဆူရှီကိုလည်းလူကြိုက်များပါတယ်။ သံပခြုပ်ကသွေးလည်ပတ်မှုကိုကောင်းစေတယ်၊ လိင်စိတ်ဖြစ်ပေါ်မှုကိုအားပေးပါတယ်။

ဗီတာမင် A ပါဝင်တယ်

ဗီတာမင် A ကြွယ်ဝတဲ့အစားအစာကိုရှာချင်တယ်ဆို သံပခြုပ်ကို လက်ညှိုးညွန်ရမှာပဲ။ မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့မှာပဲ အဓိကတွေ့ရတတ်တဲ့ဗီတာမင် A ကို လုံလောက်တဲ့ပမာဏအထိ သံပခြုပ်ကနေရနိုင်ပါတယ်။ ဘီတာကယ်ရိုတင်းက ကိုယ်ခံအားစနစ်အတွက် အားဖြည့်ပေးပါလိမ့်မယ်။

ကယ်လိုရီရနိုင်တယ်

ခန္ဓါကိုယ်ကြီးလှုပ်ရှားနိုင်ဖို့က ပါဝါဘဏ်တွေလို ခွန်အားပုံမှန်ဖြည့်ပေးဖို့လိုပါတယ်။ ဒီအတွက် သံပခြုပ်က ကူညီပေးနိုင်ပါတယ်။ အရမ်းပင်ပန်းထားတာ၊ အားကုန်နေတာဆိုရင် ကယ်လိုရီကြွယ်ဝတဲ့ သံပခြုပ်စားလိုက်ခြင်းအားဖြင့် အမြန်အားပြန်ပြည့်စေနိုင်ပါတယ်။ ကိုယ်တွင်းကလီစာတွေရဲ့ လုပ်ဆောင်ချက်တွေကို မှန်ကန်သွားစေပြီး နှလုံးကျန်းမာစေပါတယ်။

ဒီလိုကျန်းမာရေးအကျိုးကျေးဇူးများတဲ့သံပခြုပ်ကို နေရာတိုင်းမှာ အလွယ်တကူဝယ်ယူလို့မရနိုင်ပေမယ့် ကိုယ်ကကမ်းခြေရောက်နေပြီဆိုရင်တော့ စားဖြစ်အောင်စားကြည့်လိုက်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

http://healthbenefitsofeating.com/sea-food/health-benefits-of-eating-sea-urchin/?fbclid=IwAR3l1UsoRXHQOy-MXqpQStyJ8m0IkVHB_EzSR0ml0T51dJ9aGMUxZC5kBus

Accessed Jan 8,2019.

https://www.livestrong.com/article/318753-nutritional-facts-of-a-sea-urchin/

Accessed Jan 8,2019.

ယခုပုံစံ

19/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးအားနည်းရင် ဒါတွေစားပါ

ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး



Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement