backup og meta

ပေါင်မုန့်က ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအာနိသင်

ပေါင်မုန့်ကို ပုံစံအမျိုးမျိုး ထုတ်လုပ်တဲ့အပြင် အရသာအမျိုးမျိုး ထည့်ပြီးတော့လည်း ထုတ်လုပ်ရောင်းချကြပါတယ်။ ပေါင်မုန့်ဆိုရင် အဖြူပဲဖြစ်ဖြစ်၊ အညိုပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ပုံမှန်အားဖြင့်တော့ ပေါင်မုန့်ကို မနက်စာအဖြစ် စားကြပြီး နေ့လည်ခင်း အဆာပြေအနေနဲ့လည်း စားပါတယ်။ အရသာ အမျိုးမျိုးနဲ့ စားလို့ရတဲ့ ပေါင်မုန့်ရဲ့ အကျိုးအာနိသင်တွေကို ဖတ်ကြည့်ပါဦးနော်။

အားပြည့်စေခြင်း

ပေါင်မုန့်မှာ ကာဗိုလ်ဟိုက်ဒရိတ်တွေ များများ ပါဝင်တာကြောင့် ခန္ဓါကိုယ်စွမ်းအင်တွေ ရရှိဖို့ အထောက်အကူပြုပါတယ်။ ပေါင်မုန့်ကို မနက်စာအဖြစ် စားသုံးမယ်ဆိုရင် တစ်နေ့လုံး အားပြည့်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေပါတယ်။ ပေါင်မုန့်စားပေးမယ်ဆိုရင်တော့ ကာဗိုလ်ဟိုက်ဒရိတ် (၄၅%ကနေ ၆၅%) လောက်အထိ ရရှိနိုင်ပါတယ်။

ကျန်းမာတဲ့ အစာခြေဖျက်ခြင်း

ပေါင်မုန့်ဟာ ဂျုံနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် အမျှင်ဓါတ်လည်း များများ ပါဝင်ပါတယ်။ အားလုံးသိထားတဲ့အတိုင်းပဲ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ပေါင်မုန့်ကို ပျော့အောင်လုပ်ပြီး စားတာဟာ အူမကြီးဆီ ဖြတ်သွားဖို့ ပိုလွယ်ကူစေပါတယ်။

Irritable bowel syndrome ကိုပြေလျော့စေခြင်း

ပေါင်မုန့်မှာ အမျှင်ဓါတ်ပါဝင်တာဟာ Irritable bowel syndrome ကိုလည်း ပြေလျော့စေနိုင်ပါသေးတယ်။ အစာခြေလမ်းကြောင်း(အထူးသဖြင့် အူမကြီး) မှာ ဖြစ်တတ်ပါတယ်။ အူအညစ်အကြေးတွေ စွန့်ပစ်ခြင်းမှာ ပြဿနာ မရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အမျှင်ဓါတ်ပါဝင်တဲ့ ပေါင်မုန့်( ၂၅ ဂရမ် ကနေ ၅၀ဂရမ်) စားပေးသင့်ပါတယ်။

နှလုံးရောဂါ ကာကွယ်ပေးခြင်း

ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ဟာ အစာခြေစနစ်ကို အကျိုးပြုရုံသာမက နှလုံးရောဂါ ဖြစ်ခြင်းကိုပါ လျှော့ချပေးပါတယ်။ American Journal of Clinical Nutrition ကတော့ ပေါင်မုန့်စားသုံးခြင်းဟာ နှလုံးရောဂါနဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။

အသားအရေကောင်းမွန်ခြင်း

ပေါင်မုန့်စားသုံးခြင်းဟာ ဦးနှောက် ပျက်စီးခြင်းကို ကာကွယ်ပေးတဲ့အပြင် ဗီတာမင် E လည်း ပါဝင်တာကြောင့် အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။ အရေပြားကို ပျက်စီးစေတဲ့ free radicals ပါဝင်တာကို ဗီတာမင် E မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုက တွန်းလှန်နိုင်ပါတယ်။

ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေခြင်း

လူတိုင်း လူတိုင်း မနက်မိုးလင်းပြီဆိုတာနဲ့ မှတ်စရာတွေ၊ အလုပ်တွေများပြီး ဦးနှောက်က အရမ်းကို အလုပ်လုပ်ရပါပြီ။ ဒီလိုဆိုရင်တော့ ဦးနှောက်မှတ်ဉာဏ် လုပ်ငန်းဆောင်တာတွေ တိုးတက်စေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လိုပါတယ်။ ဒီလိုအရာတွေကို ပေါင်မုန့်က ပေးစွမ်းနိုင်ပါတယ်။

ကင်ဆာရောဂါ

ပေါင်မုန့်မှာ အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာဟာ ကင်ဆာရောဂါကို ကာကွယ်ပေးသလို တွန်းလှန်နိုင်စွမ်းလည်း ရှိပါတယ်။ ပေါင်မုန့်စားမယ်ဆိုရင် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေခြင်း

ခန္ဓါကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ဖို့အတွက် ဇီဝဖြစ်ပျက်မှု မှန်ကန်နေဖို့ လိုပါတယ်။ ပေါင်မုန့်မှာ ဗီတာမင် ဘီ ပါဝင်ခြင်းဟာ ဇီဝဖြစ်ပျက်မှုကို ထိန်းထားပေးနိုင်ပါတယ်။ ဗီတာမင်ဘီဟာ ဇီဝဖြစ်ပျက်မှု လုပ်ငန်းစဉ်မှာ လိုအပ်တဲ့ အင်ဇိုင်းတွေလိုမျိုး လုပ်ဆောင်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://drhealthbenefits.com/food-bevarages/processed-food/health-benefits-of-loaf-bread

https://www.livestrong.com/article/484898-low-fat-and-low-carb-banana-bread/

http://healthyeating.sfgate.com/health-benefits-100-percent-wheat-bread-5469.html

 

ယခုပုံစံ

28/01/2022

Eaindray Kha မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ

အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး ကို ဘယ်လိုသုံးမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement