brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Night out လုပ်ဖို့စဉ်းစားထားရင် ဒါတွေရှောင်ပါနော်

သောကြာနေ့လိုနေ့မျိုးရောက်လာပြီဆိုရင် လူငယ်တော်တော်များများတွေးမိတတ်တာက တစ်ပတ်လုံးပင်ပန်းထားသမျှကို သူငယ်ချင်းတွေနဲ့ Night out လုပ်ပြီးသောက်မယ်၊ စားမယ်၊လျှောက်သွားမယ်ပေါ့။ ဒီတော့ Night out လုပ်တဲ့အခါသောက်ကြမယ့် ကိုကို မမတွေအတွက် သိထားသင့်တဲံရှောင်ရမယ့်အချက်လေးတွေပြောပြပေးပါရစေလား။

Night out လုပ်ဖို့စဉ်းစားထားရင် ဒါတွေရှောင်ပါနော်

Night out လုပ်ပြီးသောက်ဖို့စဉ်းစားထားတယ်ဆိုရင်

night out လုပ်ပြီးသောက်ကြတဲ့အခါ မစားသင့်တာတွေကို စားမိရင် မအီမသာဖြစ်တာ၊ အရက်နာကျတာမျိုးတွေခံစားရပြီး စိတ်မသက်မသာဖြစ်ရနိုင်ပါတယ်။ ဒီပြဿနာတွေကကင်းဝေးစေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာပေးပါနော်။

သကြား

အပြင်ထွက်လည်ပြီး မသောက်ခင်မှာ အချိုပါတဲ့ အစားအစာတွေစားတာ၊ အချိုရည်တွေသောက်တာမျိုး မလုပ်သင့်ပါဘူး။သွေးတွင်းသကြားဓါတ်ကိုထိခိုက်စေနိုင်တာကြောင့်ပါ။နောက်တစ်ချက်က အချိုကဲတဲ့အစားအသောက်တွေကို အရက်မသောက်ခင်စားလိုက်တဲ့အခါလေပွတာမျိုးခံစားရနိင်တာကြောင့်ပါ။

ဆီကြော်စာတွေ

အစာကြေခဲတဲ့သဘာဝရှိကြတာပါ။ အယ်လ်ကိုဟောနဲ့ပေါင်းမိတဲ့အခါ အစာအိမ်ပြဿနာဖြစ်စေပြီး မအီမသာဖြစ်နိုင်ပါတယ်။ ဆားပါဝင်မှုများတဲ့ အာလူးကြော်တွေနဲ့ အခြားသောဆီကြော်တွေကို မသောက်ခင်မစားပါနဲ့။ ဒီအစားအစာတွေက ခန္ဓါကိုယ်ရေဓါတ်ကို ကျဆင်းစေပြီး အရက်နာကျတာကို ပိုဆိုးစေနိုင်ပါတယ်။

ကဖင်း

ကော်ဖီ၊လက်ဖက်ရည်၊ရေနွေးကြမ်း၊ လက်ဖက်တို့က ကဖင်းဓါတ်ပါတဲ့အစားအသောက်တွေပါ။ချောကလက်နဲ့ အားဖြည့်အချိုရည်တို့မှာလည်း ကဖင်းဓါတ်ပါဝင်နေနိုင်ပါတယ်။ ညဘက်သွားသောက်ကြဖို့တွေးထားတယ်ဆိုရင်ကော်ဖီအပါအဝင် ကဖင်းပါတာတွေကိုရှောင်ပါ။

ဟင်းခတ်အမွှေးအကြိုင်တွေ

ဒီအစားအစာတွေကို အရက်မသောက်ခင်စားလိုက်မယ်ဆိုရင် အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် မစားမိဖို့သတိထားပါ။

အစပ်များတဲ့အစားအစာတွေ

အယ်ကိုဟောနဲ့ အစပ်ပါတဲ့အစားအစာတွေပေါင်းစည်းမှုက အစာအိမ်ကိုတော်တော်လေးဒုက္ခပေးနိုင်တာပါ။ ဒါကြောင့် အရက်မသောက်ခင်မှာ စပ်တဲ့အရာတွေကို မစားပါနဲ့။

Night out ထွက်မယ့်ကိုကို မမတွေအနေနဲ့ အခုပြောခဲ့တာတွေကိုသတိထားဆင်ခြင်မယ်ဆိုရင်နောက်တစ်နေ့မှာ အရက်နာကျတာက သက်သာမှာဖြစ်သလို ခန္ဓါကိုယ်မှာ ထိခိုက်မှုလည်းနည်းမှာပါ။ Night out ထွက်မယ်ဆိုရင် အစားတွေကိုပြည့်နင့်နေအောင်မစားဘဲနေတာအကောင်းဆုံးပါ။ အထူးသဖြင့် အဆီပါဝင်မှုများပြီး ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေပေါ့။ Night out မထွက်ခင်အတည့်ဆုံးနဲ့ စိတ်ကြိုက်စားသုံးလို့ရတဲ့အရာတစ်ခုကတော့သေက်ရေပါပဲ။ ဒါကြောင့် သူငယ်ချင်းတွေစုပြီး Night out လုပ်မယ်ဆုံးဖြတ်ထးရင်ရေပဲများများသောက်ပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။