backup og meta

မျှဝေပါ။

နို့ထွက်ပစ္စည်းအုပ်စု ထည့်စားဖြစ်စေဖို့ နည်းလမ်း ၁၀ ချက်

နို့ထွက်ပစ္စည်းအုပ်စုသည် အစာအုပ်စုတစ်ခုဖြစ်ပြီး နို့၊ ဒိန်ချဉ်၊ ချိစ်၊ ပဲနို့စသည်တို့ ပါဝင်သည်။ ထိုအရာများတွင် ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်များစွာပါဝင်သည်။ အောက်ပါဆယ်ချက်က နို့ထွက်ပစ္စည်းများကို ထည့်စားနိုင်သည့် အကောင်းဆုံးနည်းလမ်းများ ဖြစ်ပါသည်။

နို့ထွက်ပစ္စည်းအုပ်စု ထည့်စားဖြစ်စေဖို့ နည်းလမ်း ၁၀ ချက်

အဆီလျော့တာရွေးပါ။

သင်နို့သွားဝယ်ပါက အဆီမပါသော၊ အဆီနည်းသော နို့ကိုရွေးပါ။ မလိုင်ထုတ်ထားသောနို့က ပြည့်ဝဆီနှင့် ကယ်လိုရီပိုနည်းပြီး အာဟာရတူညီစွာပါဝင်သည်။

ပိုတက်စီယမ်နှင့် ဗီတာမင်ဒီပိုစားပါ။

နို့နှင့် ဒိန်ချဉ်က ချိစ်ထက် ပိုကောင်းသောအချက်မှာ ပိုတက်စီယမ်များစွာပါပြီး ဆိုဒီယမ်နည်းခြင်းဖြစ်သည်။ များသောအားဖြင့် ဗီတာမင်ဒီအပြည့်ပါဝင်သည်။

အချို့ နို့ထွက်အစာများကို ရောစားပါ။

သင်ကောက်ပဲသီးနှံနှင့် အုတ်ဂျုံမှုန့်ပေါ်သို့ အဆီနည်းသော နို့ထည့်စားခြင်းက အာဟာရကိုများစေသည်။ ချဉ်သောခရင်အစား အသီးသုပ် သို့မဟုတ် အာလူးဖုတ်ပေါ်တွင် ဒိန်ချဉ်ကိုထည့်စားနိုင်သည်။

ချိစ်ကို ရွေးစားပါ။

ချိစ်စားမယ်ဆိုပါက အဆီနည်းသည်ကိုသာ စားသင့်သည်။ ချိစ်မှာပါသော အဆီပမာဏကို တံဆိပ်တွင်ရေးထားလိမ့်မည်။ မဝယ်ခင် မှန်ကန်စွာရွေးနိုင်ရန် တံဆိပ်ကို ဖတ်ပါ။

ခရင်ချိစ်ကို မစားပါနှင့်။

ခရင်ချိစ်သည် နို့ထွက်ပစ္စည်းအစာတွင် မပါဝင်ပါ။ ထိုအရာတွင် ပြည့်ဝသောအဆီများစွာပါပြီး ဗီတာမင်ဒီနည်းသည်။ အခြားခရင်နှင့် ထောပတ်လည်းတူတူပင်ဖြစ်သည်။

ပါဝင်ပစ္စည်းကိုအစားထိုးပါ။

ချဉ်သောခရမ် သို့မဟုတ် ခရင်ချိစ်စားရန် လိုအပ်ပါက ဒိန်ချဉ်နှင့် အဆီနည်းချိစ်ကို အစားထိုးနိုင်သည်။ အဆီမပါသောနို့ကို အစားထိုးခြင်းကလည်း ကောင်းသည်။

မမြင်နိုင်သည့် သကြားကို သတိထားပါ။

နို့ထွက်ပစ္စည်း (ဥပမာ ဒိန်ချဉ်)နှင့် အနံ့ထည့်ထားသော နို့တွင် သကြားအများကြီးပါတတ်သည်။ နို့ထွက်ပစ္စည်းသီးသန့်က သင့်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သည်။ သကြားထည့်ထားသော အရာကို ရှောင်ပါ။

သင်၏မနက်ကော်ဖီတွင် အာဟာရပိုပါပါစေ။

အပို ကယ်ဆီယမ်ပါခြင်းထက် သင့်မနက်ခင်းအာဟာရကို ပြည့်စုံစေသည်။  အဆီနည်း သို့မဟုတ် အဆီမရှိသော နို့ကို ကော်ဖီလုပ်ချိန်တွင်ထည့်နိုင်သည်။

ပဲနို့သောက်ပါ။

လတ်တို့မတည့်သူတွေအတွက် ပဲနို့က နွားနို့အစားထိုးဖြစ်သည်။ သို့သော် ပါဝင်ပစ္စည်းကို ဖတ်ရန်မမေ့ပါနှင့်။ ပဲနို့စံတစ်ခုတွင် ၃၀၀မီလီဂရမ် ကယ်ဆီယမ်ပါဝင်သည်။

သင့်မိသားစုတိုင်းအတွက် နို့ထွက်ပစ္စည်းကောင်းကျိုးကိုသိပါစေ။

သင်သည် မိဘဖြစ်ပါက နို့ထွက်ပစ္စည်းစားခြင်း၏ အရေးကြီးပုံကို သင့်ကလေးအားသိပါစေ။ သင်ကလေးက သင့်ကိုအတုခိုးပြီး သူလိုအပ်သောအာဟာရကိုလေ့လာလိမ့်မည်။

အတိုချုပ်ပြောရသော် သင်နို့ထွက်ပစ္စည်းကိုဝယ်ပါက အဆီနည်းသော၊ အဆီမပါသော အရာများကို ရွေးသင့်သည်။ သင်နို့ထွက်အစားအစာလိုအပ်ချက်က သင့်အသက်နှင့် ကျန်းမာရေးအပေါ်မူတည်သည်။ ထိုကြောင့် သင်လိုအပ်ချက်ကို ဆရာဝန်နှင့်တိုင်ပင်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 tips to help you eat and drink more fat-free or low-fat dairy
foods.https://www.choosemyplate.gov/ten-tips- got-your- dairy-
todayAssessed November 6, 2016

ယခုပုံစံ

21/03/2022

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Nadi မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/03/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ