backup og meta

မျှဝေပါ။

ဆားလျှော့စားနိုင်မယ့် နည်းလမ်းကောင်းတွေ

သင်လျှော့စားဖို့ အချိန်တန်ပြီလား။ ဒီဆောင်းပါးမှာတော့ မနက်စာ၊ နေ့လည်စာ၊ ညစာနဲ့ မုန့်တွေ၊ ဖျော်ရည်တွေ အတွက် ဆိုဒီယမ်နည်းပါးတဲ့ အစားတွေကို သွေးပေါင်မတက်စေပဲ ဘယ်လိုစားရမလဲဆိုတာ ဖေါ်ပြမှာဖြစ်ပါတယ်။

မနက်စာ – ငှက်ပျောသီး အခွံမာသီး အုတ်ဂျုံမှုန့်

ပါဝင်ပစ္စည်းများ

အုတ်ဂျုံမှုန့် တစ်ခွက်ခွဲ

ရေ တစ်ခွက်

ငှက်ပျောသီး လှီးပြီး တစ်လုံး

သစ်ကြားသီး အမှုန့်ကြိတ်ပြီး စားပွဲတင်ဇွန်း တစ်ဇွန်း

သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ပြုလုပ်ပုံ

အုတ်ဂျုံမှုန့်နဲ့ ရေတို့ကို သေးငယ်ပြီး microwave မှာ သုံးလို့ရတဲ့ ပန်းကန်လုံးအတွင်းထည့်ပါ။ အပူချိန်အမြင့်မှာ သုံးမိနစ်ခန့်ထားပါ။

အပေါ်က ငှက်ပျောသီး လှီးပြီးသား၊ သစ်ကြားသီးနဲ့သစ်ကြံပိုးခေါက်တို့ အုပ်ပါ။

နေ့လည်စာ – မှိုဘာဂါ

ပါဝင်ပစ္စည်းများ

နှမ်းပါတဲ့ဘာဂါ ပေါင်မုန့်လုံး တစ်ခု

ဆလပ်ရွက် တစ်ရွက်

အမဲသား ၅၀ ဂရမ်

မှိုအကြီး လှီးပြီးသား လေးပွင့်

ကြက်သွန်နီ အလယ်အလတ် လှီးပြီး တစ်လုံး

ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ခရမ်းချဉ်သီး အလယ်အလတ် တစ်ပြား

ဆိုဒီယမ်နည်းတဲ့ ချီးစ် တစ်ပြား

ပြုလုပ်ပုံ

မှိုနဲ့ ကြက်သွန်နီကို အသားထဲထည့်ပါ။

အိုးမကပ်ဒယ်နဲ့ ပါဝင်ပစ္စည်းတွေနဲ့ အသားအရောကို ချက်ပြီး ပေါင်မုန့်အရွယ်အစားခန့် အပြားလုပ်ပါ။

ပေါင်မုန့်အတွင်းသားကို ကင်ပြီး အပေါ်ဘက်မှာ ချီးစ် ပျော်ကျနေပါစေ။

ပျားရည်ကို အောက်ဘက်မှာထည့်ပါ။ ဆားမထည့်ပါနဲ့။ သင်ကြိုက်ရင် ဆော့စ်ထည့်နိုင်ပါတယ်။

အသားချက်ပြီးရင် ချီးစ်ပေါ်တင်ပြီး ပေါင်မုန့်ကို ပိတ်လိုက်ပါ။

မုန့် – Southern Pecan နဲ့ ပန်းသီး ဆလပ်

ပါဝင်ပစ္စည်းများ

သံလွင်ဆီ

ထောပတ် စားပွဲတင်ဇွန်း နှစ်ဇွန်း

သကြား ၁/၃ ခွက်

Pecan halves တခွက်

လိမ္မော်ခွံ လက်ဖက်ရည်ဇွန်း သုံးဇွန်း

လိမ္မော်ရည်တစ်ခွက်

Dijon mustard လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ဝိုင်ဖြူ ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း သုံးဇွန်း

ပင်လယ်ဆား

ငရုတ်ကောင်း

ပန်းသီးနီ (သို့) အစိမ်း နှစ်လုံး (လေးခြမ်းခြမ်း၊ (သို့) ပါးပါးလှီး)

Belgian endive နှစ်ခု

ရောထားတဲ့ အစိမ်းရောင် နှစ်ခွက် (argula, radicchio)

ပြုလုပ်နည်း

မုန့်ဗန်း သံလွင်ဆီသုတ်လိမ်းပြီး ဖယ်ထားပါ။ ဒယ်အိုးကြီးကြီးကို မီးအနည်းငယ်ဖြင့် အပူပေးပါ။ ထောပတ်နဲ့ သကြားထည့်ပါ။ နှစ်မိနစ်ခန့် အပူပေးပြီး သကြားပျော်ပြီး အမဲရောင်ဖြစ်မလာမချင်း မွှေနေပေးပါ။ pecan ကို ဖြည်းညင်းစွာ မွှေနေပေးပါ။ သင့်ကို လာမစင်အောင် ဂရုစိုက်ပါ။ အစေ့တွေကို မုန့်ဗန်းထဲပြောင်းပါ။ သူတို့ကို တစ်ထပ်တည်းဖြစ်အောင် ဇွန်းအောက်ခြေကို အသုံးပြုပါ။ သကြားမာလာသည်အထိ အအေးခံပါ။

လိမ္မော်ခွံ၊ လိမ္မော်ရည်၊ mustard၊ ရှာလကာရည်နဲ့ ဆီတို့ကို ကြီးမားတဲ့ ပန်းကန်လုံးထဲ ထည့်ပါ။ မွှေတံနဲ့ သေချာစွာ မွှေပေးပါ။ အရသာ မြည်းကြည့်ပါ။ ရှာလကာရည်နဲ့ ဆီနဲ့ ကြားမှာ အရသာ ညီမျှမှုကို မြည်းစမ်းပါ။ လိုအပ်ရင် ညှိပေးပြီး ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ထည့်ပါ။

ပန်းသီးနဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေကို စားမြိန်ရည်အဖြစ် ထည့်ပါ။ အအေးခံထားတဲ့ pecans ကို ခွဲလိုက်ပြီး တစ်ဝက်ကို ပန်းကန်လုံးထဲကို ထည့်ပါ။ လက်နဲ့ ဖြည်းညင်းစွာ လှန်လှောသုတ်ပါ။ ကျန်တဲ့ pecan တစ်ဝက်ကို အပေါ်က အုပ်ပါ။ ခြောက်ပန်းကန်စာ ခွဲလိုက်ပါ။ စားသောက်နိုင်ပါပြီ။

ညစာ – ဝက်သားနဲ့ နံနတ်သီး တုတ်ထိုး (ပဲနှင့် ထမင်း)

ပါဝင်ပစ္စည်းများ

၄၀၀ ဂရမ် ဝက်သား၊ ၄ စင်တီမီတာ အတုံးလေးတွေ တုံးပါ။

Creole seasoning သို့ Jerk စားပွဲတင်ဇွန်းနှစ်ဇွန်းထည့်ပါ။

အမွှေးအကြိုင် တစ်ဇွန်း

ငရုတ်သီးဆော့ စားပွဲတင်ဇွန်း တစ်ဇွန်း (အပိုနည်းနည်း)

သံပုရာသီး၊ အခွံ နဲ့ ဖျော်ရည်အတွက် ၁လုံး၊ ကျန် ၂လုံးကို စိတ်ပါ။

နံနတ်သီး အသေး တစ်ဝက်၊ အခွံခွာ၊ အူတိုင်ထုတ်ပြီး ၄ စင်တီမီတာ အတုံးလေးတွေ လှီးပါ။

ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း

၂၀၀ ဂရမ် basmati ဆန်

၄၀၀ ဂရမ် ပဲ (ရေဆေးထားပါ)

ပြုလုပ်နည်း

ဝက်သားရယ်၊ အမွှေးအကြိုင်တွေရယ်၊ ငရုတ်သီးဆော့ရယ်၊ သံပုရာရည်ရယ်ကို ရောမွှေပါ။ ဝက်သားနဲ့ နံနတ်သီးကို တုတ်ထိုးပြီး ဆီဆွတ်ပါ။

ထမင်းချက်ပါ။ ရေသေချာထုတ်ပါ။ ပြီးတော့ ဒယ်အိုးထဲထည့်ပြီး ပဲနဲ့ ရောမွှေပါ။

တစ်ချိန်တည်းမှာပဲ ဒယ်ပြားကို အရမ်းပူလာအောင် အပူပေးပါ။ တုတ်ထိုးတွေကို သုံးမိနစ်လောက် တစ်ဖက်စီကို ကင်ပေးပြီး ဝက်သားကျက်သည်အထိထားပါ။ တုတ်ထိုးတွေကို ပဲထမင်း၊ ငရုတ်သီးဆော့နဲ့ ကြိုက်နှစ်သက်တယ်ဆိုရင် သံပုရာသီးစိတ်တွေနဲ့ စားသုံးနိုင်ပါပြီ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.bbcgoodfood.com/recipes/2253640/jerk-pork- and-pineapple- skewers-with- black-beans-a

http://www.health.com/health/recipe/0,,50400000108125,00.html

http://www.health.com/health/recipe/0,,10000002011076,00.html

http://www.megaheart.com/kit_mushroomburger.html

ယခုပုံစံ

21/06/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement