backup og meta

ဆီပြန်ဟင်း တွေကနေ ရုန်းထွက်ပြီး ကျန်းမာတဲ့နည်းနဲ့ ချက်စားကြရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီပြန်ဟင်း တွေကနေ ရုန်းထွက်ပြီး ကျန်းမာတဲ့နည်းနဲ့ ချက်စားကြရအောင်

    နေ့စဉ်စားတဲ့အခါ စားတဲ့ အစားအစာ၊ ပမာဏကလည်း အရေးကြီးသလို ချက်ပြုတ်တဲ့ပုံစံကလည်း အရေးကြီးပါတယ်၊၊ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် ဆီပြန်ဟင်း ကို နေ့တိုင်းနီးပါး စားတဲ့အတွက် ကြာလာရင် အဝလွန်ပြီး ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမှာပါ၊၊ အာဟာရပြည့်ဝအောင်ဆိုပြီး နေ့စဉ် အသီးအရွက်တွေ၊ အသားငါးတွေ ပါဝင်အောင် စားပေမယ့် ချက်ပြုတ်နည်း မမှန်ဘူးဆိုရင် ရေရှည်မှာ ဆီးချို၊ သွေးတိုးလိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်၊၊ ဒါကြောင့် နေ့စဉ်စားနေကျ ဆီပြန်ဟင်းတွေကနေ ရုန်းထွက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်စားကြည့်ရအောင်၊၊

    ဆီပြန်ဟင်း မဟုတ်ဘဲ ဘယ်လိုတွေ ချက်စားကြမလဲ၊၊

    • Baking

    ဖုတ်စားတယ်လို့ ပြောကြပါတယ်၊၊ ဥပမာ ပေါင်မုန့်ဆို bakeလုပ်ထားတယ်ပေါ့၊၊ ပေါင်မုန့်အပြင် ပင်လယ်စာတွေ၊ အသီးအရွက်တွေ၊ အသားတွေကိုလည်း ဖုတ်စားလို့ ရပါတယ်၊၊ ဒယ်ထဲကို ဆီပါလေကာထည့်ပြီးတော့ မီးနဲ့ ဖုတ်စားကြည့်လို့ရပါတယ်၊၊ ဥပမာ ပုဇွန်မီးဖုတ်လိုမျိုးပေါ့၊၊

  • Broiling
  • မီးပြင်းပြင်းနဲ့ မြန်မြန်လေး ချက်တာပဲ ဖြစ်ပါတယ်၊၊ အချိန်မရတဲ့သူတွေ၊ ဟင်းအမယ်များများ ချက်ရမယ့် သူတွေအတွက် သင့်တော်ပါတယ်၊၊ အသား၊ ငါး၊ အနွမ်း မလွယ်တဲ့ ဟင်းသီးဟင်းရွက်တွေ (ဥပမာ မှို) ကို ချက်စားလို့ ရပါတယ်၊၊ မီးပြင်းပြင်းနဲ့ မြန်မြန်ချက်မှာ ဖြစ်တဲ့အတွက် အတုံးညီညီ ပါးပါး လှီးဖို့ လိုပါတယ်၊၊

    ကင်တာပဲ ဖြစ်ပြီး ဖုတ်တာနဲ့ ဆင်တူပါတယ်၊၊ သူက ဆီလုံးဝမထည့်ဘဲ ဒါမှမဟုတ် ဆီလေးသုတ်ပြီး ကင်လို့ ရပါတယ်၊၊ မကပ်အောင် အလူမီနီယမ်ခဲပတ်တွေ သုံးနိုင်ပါတယ်၊၊ ကင်တဲ့အခါ မတူးအောင်တော့ သတိထားဖို့ လိုပါတယ်၊၊ အကင်တွေက ကင်ဆာဖြစ်တယ်ဆိုတာ တူးတာတွေကြောင့်ပါ၊၊

    • Poaching

    ဟော့ပေါ့နဲ့ အလားတူဖြစ်ပါတယ်၊၊ ရေ ဒါမှမဟုတ် အသားပြုတ်ရည်၊ အရွက်ပြုတ်ရည်ထဲကို ကိုယ်နှစ်သက်တဲ့ အသား၊ ငါး၊ အသီးအရွက်တွေ ထည့်ချက်တာပဲ ဖြစ်ပါတယ်၊၊ ဥပမာ ကြက်သားထဲ မုန်လာဥတို့၊ ကျောက်ဖရုံသီးတို့ ထည့်ပြုတ်တာမျိုးပါ၊၊ တစ်ခွက်တည်းနဲ့ ဟင်းဖြစ်တဲ့အပြင် အရည်ပါမှ စားတတ်သူတွေအတွက်လည်း အဆင်ပြေပါတယ်၊၊

    ဆီပြန်ဟင်း တွေကနေ ရုန်းထွက်ပြီး ကျန်းမာတဲ့နည်းနဲ့ ချက်စားကြရအောင်

    • Roasting

    လှော်တာပဲ ဖြစ်ပါတယ်၊၊ အစေ့အဆန်တွေ၊ အသီးအရွက် ချက်တဲ့အခါ အပြောင်းအလဲလေး ဖြစ်ချင်ရင် ဒီနည်းသုံးလို့ ရပါတယ်၊၊ ဥပမာ ပန်းအာလူးသေးသေးလေးတွေကို အခွံမချွတ်ဘဲ လှော်တာမျိုး၊ မြေပဲ လှော်တာမျိုး အရန်ဟင်းအနေနဲ့ စားနိုင်ပါတယ်၊၊

    • Pressure cooking

    ထမင်းချက်ရင် သုံးတဲ့ ထမင်းပေါင်းအိုးကို ဟင်းချက်တဲ့အခါလည်း သုံးလို့ရပါတယ်၊၊ ဖိအားသုံး ချက်တာဖြစ်တဲ့အတွက် စတူးတွေ၊ ဟင်းရည်တွေ၊ ပဲဟင်းတွေ စတာတွေကို နူးအိအောင် ချက်ပြုတ်နိုင်ပါတယ်၊၊

    • Slow cooking

    သူကလည်း အပေါ်က ချက်နည်းနဲ့ အလားတူပါတယ်၊၊ ကွာတာက ဖိအားသုံးတဲ့အပြင် မီးအေးအေးနဲ့ အချိန်ကြာကြာ တည်ထားတာပဲ ဖြစ်ပါတယ်၊၊ ဟိုအရင် မီးသွေးနဲ့ တစ်နေကုန် တည်ထားသလိုမျိုးပါ၊၊ ဒါကြောင့် အတွင်းသားတွေအထိ သေချာကျက်ပြီး ပိုနူးပါတယ်၊၊ အသားတွေချက်တဲ့အခါ အချိန်လည်း ရတယ်၊၊ ပိုနူးချင်တယ်ဆိုရင် ဒီနည်းနဲ့ ချက်နိုင်ပါတယ်၊၊

    • Stir-frying

    ဒါကတော့ တရုတ်ဆိုင်တွေမှာ အဓိက တွေ့ရတဲ့ ချက်ပြုတ်နည်းပါ၊၊ ဆီ ဒါမှမဟုတ် ပြုတ်ရည်ကို ဆူအောင်တည် သွက်သွက်လေး မွှေကြော်တဲ့ နည်းပါ၊၊ စိမ်းစိမ်းလေး စားရအောင် ကြော်တဲ့ နည်းပါ၊၊

    • Steaming

    ဟိုးအရင်တုန်းက အရွက်တွေ၊ အသားတွေ နူးအောင် ပြုတ်ပြီး ပြုတ်ရည်ကို သွန်ပစ်လိုက်တဲ့အခါ အာဟာရဓာတ်တွေပါ ပါသွားတတ်ပါတယ်၊၊ ဒါကြောင့် ခုဆိုရင် ပေါင်းတဲ့နည်းကို သုံးလာကြပါပြီ၊၊ ပေါင်းတဲ့အခါ နူးလွယ်တဲ့ ငါး၊ အသီးအရွက်တွေ (ဥပမာ ပြောင်းဖူး၊ မုန်လာဥ၊ ပန်းပွင့်)ကို  အသုံးများပြီး အချဉ်နဲ့ တို့စားကြပါတယ်၊၊

    • No cook

    မီးလွတ်အစားအစာတွေဖြစ်ပြီး လုပ်ရလွယ်သလို မီးပျက်ချိန်၊ မီးမမွှေးချင်တဲ့အချိန်ဆို အလွယ်တကူ လုပ်စားလို့ရပါတယ်၊၊ မြင်သာအောင် ပြောရရင် လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ် စတဲ့ အသုပ်တွေပဲ ဖြစ်ပါတယ်၊၊ ဒါတွေအပြင် ခုအခါမှာ အနောက်တိုင်းမှာ အစားများတဲ့ saladတွေကိုပါ အဆာပြေအနေနဲ့ လုပ်စားလို့ရပါသေးတယ်၊၊

    ဆီပြန်ဟင်းတွေကနေ ခဏလောက်ရုန်းထွက်ကြည့်ပါ၊၊

    နေ့စဉ် ဆီပြန်ဟင်းတွေပဲ စားနေရတာ ရိုးအီလာပြီဆိုရင်  ဒီလိုမျိုးလေးတွေ  စမ်းပြီး ချက်ကြည့်ပါ၊၊ အများစုက ဆီအသုံးနည်းတာကြောင့် ဆီပြန်ဟင်းတွေထက်စာရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်၊၊ ပိုပြီး ကျန်းမာချင်တယ်ဆိုရင်တော့ အငန်တွေ၊ အချိုတွေကိုပါ ကန့်သတ်သုံးစွဲဖို့ လိုအပ်ပါတယ်၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement