(၄) စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုတွေများနေတာ
စိတ်ဖိစီးမှုတွေ ထမ်းပိုးထားတာက ခန္ဓါကိုယ်မှာ ဗရမ်းဗတာတွေ ဖြစ်စေနိုင်တယ်နော်။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီဆောဟော်မုန်းတွေက အချိုများတာတွေပဲ မက်မောတောင့်တစိတ် ဖြစ်လာစေနိုင်ပါတယ်။ ကော်တီဆောဟော်မုန်းတွေ မြင့်မားမှု အချိန်ကြာလာရင် ဗိုက်အဆီကလည်း ပိုထူပါလိမ့်မယ်။
(၅) အသေအကြေ အစားလျှော့တာ
စားတဲ့ အစားအသောက် ပမာဏကို ချက်ချင်း လျှော့ပစ်လိုက်တာက စစချင်းမှာ ပေါင်အနည်းငယ် ကျစေနိုင်ပေမယ့် အဆီချ အစီအစဉ် ရပ်လိုက်တဲ့အခါ ပြန်မတက်အောင် ထိန်းထားနိုင်ဖို့ ခက်စေပါလိမ့်မယ်။ ကယ်လိုရီ ပမာဏကို ပုံမှန်စားသင့်တဲ့ ပမာဏထက် လျှော့စားတယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုး ပိုများပါလိမ့်မယ်။ ခန္ဓါကိုယ်မှာ ကယ်လိုရီပမာဏ ကျဆင်းသွားတဲ့အခါ အင်အားပြတ်လပ်မှု အဆင့်ကို ရောက်သွားနိုင်ပါတယ်။ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေပြီး ကိုယ်အလေးချိန်လျော့ဖို့ ပိုခက်စေနိုင်ပါတယ်။
(၆) မရပ်မနား လေ့ကျင့်ခန်း လုပ်လွန်းတာ
လူ့ခန္ဓါကိုယ်ဟာ လှုပ်ရှားမှုအားကစားနဲ့ အနားယူခြင်းကို ညီညွတ်မျှတအောင် ထိန်းဖို့ လိုပါတယ်။ လေ့ကျင့်ခန်းတွေ မနားတမ်း လုပ်တာ များလွန်းတဲ့အခါ ကော်တီဆောဟော်မုန်းတွေ ပိုထွက်စေနိုင်ပြီး အဆီတောင် တက်လာနိုင်ပါတယ်။ လှုပ်ရှားသင့်သလောက် လှုပ်ရှား၊ ထိုက်သင့်သလောက် စား၊ နားသင့်သလောက် နားမှသာ ရေရှည်ခံတဲ့ ကိုယ်အလေးချိန်ကို ရရှိနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။