backup og meta

မျှဝေပါ။

ကိုယ်အလေးချိန် လျှော့နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် စိတ်ပိုင်းဆိုင်ရာ လှည့်စားနည်းလမ်းအချို့

ဝိတ်ချမယ် ဆိုတာနဲ့ လူအများသိထားကြတာတော့ အစားလျှော့စားတာပါပဲ။ ဒါပေမယ့် တကယ်တမ်း လျှော့စားဆိုရင် အရှိန်မသက်နိုင်ဘဲ စားစားမိသွားတတ်တာလည်း တော်တော်များများဆီကနေ ပြန်ကြားနေရပါတယ်။ တကယ်တော့ ဒီလို လျှော့စားဖို့ဆိုတာ psychological approach (စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု) တွေ အများကြီးလိုပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့

(၁) မနက်စာ၊ နေ့လယ်စာ၊ ညစာ စားတဲ့ အခါ မှာ အနည်းဆုံး ၁၅-၃၀ မိနစ်ကြာအောင် စားပေးပါ။

ဒါမှ ဦးနှောက်က စားတဲ့ အချိန်ကြာလေ ဗိုက်ပြည့်သွားပြီဆိုတဲ့ ခံစားချက်ဖြစ်လေ ဖြစ်တဲ့အတွက် စားစရာ မကုန်သေးခင်မှာပဲ စားချင်စိတ်အလိုလိုပျောက်သွားတတ်ပါတယ်။ ကုန်သွားခဲ့ရင်တောင် တော်ရုံတန်ရုံ ထပ်မယူဖြစ်တော့ပါဘူး။

(၂) ဇွန်း၊ ခက်ရင်း နဲ့ စားတတ်တဲ့ အကျင့် လုပ်ပါ။

ဇွန်း၊ ခက်ရင်း နဲ့ စားတတ်တဲ့ အကျင့်က လည်း ဝိတ်ချတဲ့ နေရာ မှာ အလွန် အသုံးဝင်ပါတယ်။ စားတဲ့ တစ်လုတ်စာကလည်း ပုံမှန်စားနေကျ တစ်လုတ်စာပဲ ထည့်စားတတ်ဖို့ လိုပါတယ်။ တစ်လုတ်စားပြီးတိုင်း ဇွန်း၊ခက်ရင်း ကို တစ်ခါချပြီး သေချာကြေညက်အောင် ဝါးစားပေးတာလည်း ဝိတ်ချတဲ့ နေရာမှာ အကျိုးရှိတဲ့ နည်းလမ်းကောင်းတစ်ခုပါ။

(၃) ထမင်း မစားခင် ဟင်းချို တစ်ခွက် အရင်သောက်ပေးတဲ့ နည်းလမ်းကလည်း စားရမယ့်အစာပမာဏကို သုံးပုံတစ်ပုံလောက် အထိ လျှော့ချပေးနိုင်ပါတယ်။ ဟင်းချိုသောက်ပြီးရင် အရွက်ကြော်တစ်ခုခုကို နှစ်ဇွန်း၊သုံးဇွန်း အရင်စားပါ။ ပြီးရင် အသားစစားပြီး နောက်ဆုံးမှာ ထမင်းကိုစားပါ။ ဒါဆိုရင် ကယ်လ်လိုရီ အများဆုံး ဖြစ်တဲ့ ထမင်းကိုစားတာလည်း အလိုအလျောက်နည်းသွားပါတယ်။

(၄) အသားစားတော့ မယ် ဆိုရင် လတ်လတ်ဆတ်ဆတ်မဟုတ်ဘဲ ပြုပြင်ထားတဲ့ အသားချောင်း၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အသားလုံးစတာတွေ ကတော့ ရှောင်သင့်ပါတယ်။ ထိုအသားချောင်း အသားလုံးတွေမှာ တိရစ္ဆာန်ကရတဲ့အဆီပါဝင်မှုများတဲ့အပြင် ဆားပါဝင်မှုများတဲ့အတွက် ကျန်းမာရေးအတွက် မသင့်တော်ပါ။ ကယ်လိုရီပါဝင်မှုများလို့ ဝိတ်တက်စေတဲ့အပြင် ဆားပါဝင်မှုများတဲ့အတွက် သွေးတိုးနှင့်အခြား ဆက်စပ်ရောဂါတွေပါဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားစားမယ်ဆိုရင် လတ်လတ်ဆတ်ဆတ် အသား၊ငါးကို ရွေးစားဖို့လိုတဲ့အပြင် အသားစားရင်လည်း ဆီပါဝင်မှုနည်းအောင် အရေခွံ၊ကလီစာ သုံးထပ်သား အခေါက် စတာတွေ ကို လုံးဝရှောင်ဖို့လိုပါတယ်။

ဥပမာ – ဝက်သား စားမယ် ဆိုရင် အသားချည်း စားပြီး အဆီတုံးတွေ ဖယ်ပစ်လိုက်တာမျိုး။

ကြက်သားစားရင် အရေခွံ ဖယ်စားတာမျိုး၊ ကြက်ဆီဖူးစားတာ မျိုးရှောင်သင့်ပါတယ်။

အထူးသဖြင့် သွေးတွင်း ကိုလက်စထရော များသူတွေ ဆိုရင်တော့ ကိုလက်စထရော ပါဝင်မှုများတဲ့ ဆိတ်သား၊ ဝမ်းတွင်း ကလီစာ၊ ကြက်အသည်း၊ အမဲ အသည်း၊ ဝက်အသည်း၊ ဝက်ဦးနှောက်၊ ဆိတ်ဦးနှောက်၊ ပုစွန်ခေါင်း၊ ပုစွန်ဆီ၊ အခြားသောပင်လယ်စာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ကယ်လ်လိုရီအပြင် ကိုလက်စထရောပါများတဲ့ အတွက် သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ရောဂါတွေ ဖြစ်ပွားစေပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

07/02/2022

Arkar Hein မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Arkar Hein မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement