ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ် ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ်နည်းတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းကိုထိခိုက်စေနိုင်တဲ့ အူမကြီးကင်ဆာလိုမျိုး ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီလို ဝေဒနာတွေမဖြစ်အောင် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးလို့ရသလို ထမင်းကို စားသုံးပေးလည်းရပါတယ်။ ထမင်းမှာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေနိုင်တဲ့အပြင် အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်းလျော့ကျစေပါတယ်။
- အသက်ကြီးတဲ့သူတွေမှာ အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်
ထမင်းမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် အသက်အရွယ်ကြီးရင့်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အသက်အရွယ်ကြီးရင့်လာလေလေ ကိုယ်တွင်းက ဗီတာမင် နဲ့ သတ္တုဓာတ်တွေလျော့နည်းလာလေလေပါ။ ဒါကြောင့် အသက်ကြီးရင့်လာတဲ့သူတွေကို ကျန်းမာနေစေဖို့အတွက် ဗီတာမင် Dပြည့်ဝနေအောင် လုပ်ဆောင်ပေးဖို့လိုပါမယ်။ နေရောင်ခြည်ကနေလည်း ဗီတာမင် D ရနိုင်သလို ထမင်းကနေလည်း ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာသူတွေမှာ အရိုးပွရောဂါမဖြစ်စေဖို့ အတွက် ဗီတာမင် D ရရှိအောင် ထမင်းကျွေးပေးလို့ရပါတယ်။
ဘာတွေ သတိထားရမလဲ
ထမင်းက ကျန်းမာစေတာ မှန်ပေမယ့် ဆီးချိုလိုမျိုး ကျန်းမာရေး ပြဿနာ ရှိမယ်ဆိုရင် အများကြီး မစားသင့်ပါဘူး။ နောက်တစ်ချက်က ပေါင်းအိုးနဲ့ ချက်တာ ရေခမ်းချက်တာမျိုးတွေ မစားဘဲ ငှဲ့ချက်တာမျိုး စားပေးဖို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။