backup og meta

အဆီကျဆေးသောက်မယ်ဆို ဒါတွေမကြောက်ဘူးလား

အဆီကျဆေးသောက်မယ်ဆို ဒါတွေမကြောက်ဘူးလား

အဆီကျဆေးေတွ ရွေးချယ်စရာ ဈေးကွက်မှာ အမျိုးမျိုးရှိနေသလို လူသုံးများတဲ့ အမှတ်တံဆိပ်တွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆီကျဖို့ မပင်ပန်းရဘဲ အမြန်ထိရောက်တဲ့ဆေးတွေကိုရွေးကြတာများပါတယ်။ အချိန်တိုအတွင်း ကိုယ်အလေးချိန်များများကျလေဆေးက စွမ်းတယ်၊ကောင်းတယ်ပြောကြလေဆိုတော့ လူကြိုက်များလာတာပဲဖြစ်ပါတယ်။ ဘယ်ဆေးဆို ဘယ်နှပေါင်ကျလဲ အရင်မေးတတ်ကြတယ်မလား။

ဒါပေမယ့် ဒီနေရာမှာအရေးကြီးတဲ့အချက်ကိုမေ့နေကြပါတယ်။ ကိုယ့်အတွက် ဘေးရောကင်းရဲ့လား။ ခန္ဓါကိုယ်ထဲရောက်လာမယ့်ဆေးက ကိုယ့်အတွက်ဘေးအန္တရာယ်ကင်းရဲ့လား၊ စိတ်ချရရဲ့လားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။

အဆီကျဆေးတွေရဲ့ လုပ်ဆောင်ချက်နဲ့ အာနိသင်တွေကို ကြည့်မယ်ဆိုရင် အများအားဖြင့် –

  • အစားအသောက်ကို တောင့်တတဲ့စိတ်ဖြစ်မလာအောင်တားဆီးပေးတယ်၊
  • အစားများများမစားမိခင် ဗိုက်ပြည့်တယ်လို့ ခံစားရစေတယ်၊
  • ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကိုမြန်ဆန်စေတယ်၊
  • ခန္ဓါကိုယ်မှာ အဆီဖြစ်လာမှုနှုန်းကိုနှေးစေတယ်၊
  • စားလိုက်တဲ့အဆီတွေကို ခန္ဓါကိုယ်က မစုပ်ယူအောင် တားဆီးပေးတယ်။

အဆီကျစေတဲ့ဖြည့်စွက်ဆေးတွေကိုဆေးတောင့်၊ အမှုန့်၊ အရည်၊ကော်ဖီ၊ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်တယ်။ တချို့ဆိုရင် ဂျယ်လီပုံစံနဲ့တောင် ရနိုင်သေးတယ်။

ဘာလို့ အန္တရာယ်များတာလဲ

စိတ်အပြောင်းအလဲမြန်ခြင်း၊ သွေးဖိအားမြင့်တက်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ လေဖြတ်ခြင်း၊ အတက်ရောဂါနဲ့ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်းတို့ အပါအဝင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကြောင့် အဆီကျဆေးတချို့ကို တားမြစ်ပိတ်ပင်ခံရတာတွေရှိပါတယ်။

အတော်များများက အန္တရာယ်မရှိပေမယ့် ကျန်းမာရေးထောက်ခံချက်နဲ့ ခွင့်ပြုချက်မရှိတဲ့ တချို့ဆေးတွေမှာ ပါဝင်ပစ္စည်းကြောင့် ဒီလို ဆိုးကျိုးတွေဖြစ်လာနိုင်တာ သတိထားစရာပါ –

ရေရှည်မှာ အဆီကျကျစ်လျစ်နေဖို့က ကိုယ့်ရဲ့စားသောက်ပုံကိုပြောင်းလဲတာရယ်၊နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ညီတဲ့အမူအကျင့်တွေ ကျင့်ယူတာရယ် အဓိကလိုအပ်ပါတယ်။ အစားအသောက်အနေအထိုင်ကို မဆင်ခြင်ဘဲဆေးလေးတစ်နေ့တစ်ကြိမ်သောက်ပြီး အမြန်ပိတ်ချင်ရင်တော့ စွန့်စားပြီး အဆီကျဆေးသောက်ရတာ အလကားဖြစ်သွားနိုင်ပါတယ်။ ခဏပဲပိန်ပြီးဆေးရပ်လိုက်တာနဲ့ပြန်ဝလာမှာမို့လို့ပါပဲ။

ဒါ့ကြောင့် သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံနဲ့ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းကို တွဲလုပ်တဲ့နည်းနဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ ပညာရှင်တွေက အကြံပေးကြတာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်အဆင့်ကိုရောက်ဖို့ အစားဆင်ခြင်ပြီးလေ့ကျင့်ခန်းတွေလုပ်နိုင်အောင်ပြင်းပြတဲ့စိတ်ကလေးရှိဖို့ အဓိကပါပဲ။ တစ်ခုလိုချင် တစ်ခုပေးရတယ်ဆိုသလို အမြန်အဆီကျချင်ရင်တော့ အပေါ်မှာပြောခဲ့တဲ့ အဆီကျဆေးရဲ့ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို စွန့်စားကြည့်ရပါမယ်။ စိတ်ရှည်နိုင်တယ်ဆိုရင်တော့ အစားဆင်ခြင်တာနဲ့ လေ့ကျင့်ခန်းကအကုန်အကျလည်း သက်သာစေမယ့် ဘေးအကင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/healthy-lifestyle/weight-loss/in-depth/weight-loss/art-20046409

Accessed July 17, 2019.

https://www.webmd.com/diet/obesity/features/truth-about-weight-loss-pills#3

Accessed July 17, 2019.

 

ယခုပုံစံ

24/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗိုက်ချပ်အဆီကျဖို့ ကြိုးစားတဲ့အခါ မှန်းသလောက် အရာမထင်တာ ဘာကြောင့်လဲ

အဆီကျအားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement