backup og meta

ယူရစ်အက်စစ် လျော့နည်းစေမယ့် အစားအစာ (၁၀) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယူရစ်အက်စစ် လျော့နည်းစေမယ့် အစားအစာ (၁၀) မျိုး

    ယူရစ်အက်စစ် ( Uric Acid ) ဆိုတာ စားလိုက်တဲ့အစားအစာတွေထဲပါရှိတဲ့ပြူရင်းဓါတ်တွေနဲ့ ဆဲလ်သေတွေဆီကနေဖြစ်လာတဲ့သွေးထဲကစွန့်ပစ်ပစ္စည်းဖြစ်ပါတယ်။သွေးထဲမှာ ယူရစ်အက်စစ်က ထိုက်သင့်သလောက်ပမာဏတော့ရှိတာပုံမှန်ပဲဆိုပေမယ့် ကိုယ်စားတဲ့အစားအစာတွေကို မတိုင်းချင့်ဘူးဆိုရင် ယူရစ်အက်စစ်ပမာဏလွန်ကဲလာနိုင်ပါတယ်။ အဲဒီအခါကျောက်ကပ်က စစ်မထုတ်နိုင်တော့ဘဲ အဆစ်အမြစ်တွေရောင်ရမ်းစေတဲ့ ဂေါက်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကိုမထိန်းချုပ်ဘူးဆိုရင်သွေးထဲက ယူရစ်အက်စစ်ပမာဏကပိုပိုများလာပြီး အရိုးအဆစ်တွေနဲ့ကြွက်သားတစ်ရှူးတွေမှာ ယူရစ်အက်စစ်ပုံဆောင်ခဲတွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။

    ဂေါက်ရောဂါကိုသေချာမကုသရင် အရိုးအဆစ်တွေပုံသဏ္ဍာန်ပျက်ယွင်းလာတာ၊ ပျက်စီးလာတာ၊ကျောက်ကပ်ကျောက်တည်တာတွေအထိဖြစ်စေနိုင်ပါတယ်။ ယူရစ်အက်စစ်ကို သွေးစစ်ကြည့်ပြီးမှ သိနိုင်တာဖြစ်ပြီး ပုံမှန်ရှိရမယ့် ယူရစ်အက်စစ်ပမာဏကတော့ အမျိုးသားတွေမှာ 3.5 ကနေ 7.0 mg/dl အမျိုးသမီးတွေမှာ 2.5 ကနေ 5.7 mg/dl ဖြစ်ပါတယ်။ဂေါက်ရောဂါရှိနေသူတွေရော၊ ယူရစ်အက်စစ်များနေသူတွေအတွက် စားသုံးသင့်တဲ့အစားအစာ (၁၀) မျိုးကို ဖော်ပြလိုက်ပါတယ်။

    ယူရစ်အက်စစ် လျော့နည်းစေမယ့် အစားအစာမ်ား

    (၁) ပန်းသီး

    ပန်းသီးမကြာခဏစားပေးပါ။malic acid ကြွယ်ဝတာကြောင့်သွေးတွင်းကယူရစ်အက်စစ်ကိုချေဖျက်ပေးနိုင်ပါတယ်။

    (၂) ဘယ်ရီသီးများ

    စတော်ဘယ်ရီ၊ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေစားပေးပါ။ ဘယ်ရီသီးတွေစားပေးခြင်းဖြင့်ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ကြောင့်သွေးထဲက ယူရစ်အက်စစ်ပမာဏကိုလျော့ကျစေပါတယ်။ သကြားထည့်စားတာ၊ သိပ်မှည့်နေတဲ့အသီးကိုစားတာတွေတော့ မလုပ်ဖို့သတိထားပါ။ ဒီလိုစားရင်သွေးတွင်းကယူရစ်အက်စစ်ကိုလျော့ကျစေဖို့အာနိသင်ကို ထိရောက်မှုအားနည်းစေပါတယ်။

    (၃) ချယ်ရီသီး

    တစ်နေ့ကို ချယ်ရီသီးဆယ်လုံးလောက်စားပေးရင် ယူရစ်အက်စစ်ပမာဏလျော့ကျစေနိုင်ပါတယ်။ မုန့်ထဲထည့်တာ၊ ချယ်ရီသီးယိုကိုစားတာတွေမဟုတ်ဘဲ သဘာဝအသီးအတိုင်းသာစားရမှာပါ။

    (၄) အမျှင်ဓါတ်များတဲ့အစားအစာများ

    အမျှင်ဓါတ်များတဲ့အစားအစာတွေကသွေးထဲကယူရစ်အက်စစ်ကိုစုပ်ယူပေးပြီးကျောက်ကပ်ကတဆင့် ယူရစ်အက်စစ်တွေကို ဖယ်ရှားနိုင်ဖို့ အထောက်အကူပေးပါတယ်။ ကိုယ့်မှာယူရစ်အက်စစ်များနေပြီဆိုရင် အုတ်ဂျုံ၊မုန်လာဥနီ၊မုယောစပါး စတဲ့အမျှင်ဓါတ်များတဲ့အစားအစာတွေပိုစားပေးပါ။

    (၅) လိမ္မော်သီး နဲ့ သံပရာသီး

    ဗီတာမင်စီက ယူရစ်အက်စစ်လျှော့ချရာမှာ အစွမ်းထက်ပါတယ်။ အရိုးအဆစ်တွေမှာဖြစ်နေတဲ့ ယူရစ်အက်စစ်ပုံဆောင်ခဲတွေကိုကြေပျက်စေပြီးဖယ်ရှားပေးနိုင်ပါတယ်။ သံပရာသီး၊ ဂရိတ်ဖရု၊ လိမ္မော်သီးတို့ကိုဖျော်ရည်သောက်ပေးတာက အကျိုးရလဒ်ကောင်းစေမှာပါ။

    (၆) ငှက်ပျောသီး

    ငှက်ပျောသီးစားပေးတာကလည်း ယူရစ်အက်စစ်လျော့ကျစေဖို့ အကျိုးပြုပါတယ်။

    (၇) သခွားသီးနဲ့ ပန်းဂေါ်ဖီစိမ်း

    ခရမ်းချဉ်သီး၊ သခွားသီးနဲ့ ပန်းဂေါ်ဖီစိမ်းတွေကိုစားပေးရင်သွေးတွင်း ယူရစ်အက်စစ်များမလာစေဖို့ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

    (၈) ရေ

    နောက်တစ်ချက်ကရေကိုအလုံအလောက်သောက်ပေးဖို့ပါ။ ပိုလျှံနေတဲ့ ယူရစ်အက်စစ်အပါအဝင် ခန္ဓါကိုယ်ထဲကအဆိပ်အတောက်မှန်သမျှကိုရေကသန့်စင်ပေးတဲ့အတွက် တစ်နေ့ရေ ၈ ခွက်တော့သောက်သင့်ပါတယ်။

    (၉) အဆီထုတ်နို့ထွက်ပစ္စည်းများ

    အဆီထုတ်နို့ထွက်ပစ္စည်းတွေစားပေးတာလည်းကောင်းပါတယ်။ အဆီထုတ်နွားနို့နဲ့ ဒိန်ခဲတို့လိုမျိုးတွေ စားပေးရင် ယူရစ်အက်စစ်မများအောင် ကာကွယ်ပေးပါတယ်။

    (၁၀) လက်ဖက်စိမ်း

    လက်ဖက်စိမ်းကိုနေ့စဉ်သောက်ပေးရင်လည်း ယူရစ်အက်စစ် များသူတွေအတွက်လျှော့ချနိုင်စေသလိုဂေါက်ရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement