(၄) ဒရင်ကောက်ပင်ဟာ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
မဂ္ဂနီဆီယမ်ဟာ သွေးထဲမှာရှိတဲ့ သကြားဓါတ်၊ခန္ဓါကိုယ်ဇီဝဖြစ်စဉ်နဲံ သိုင်းရွိုက်ဂလင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးတဲ့ အင်ဇိုင်းဓါတ်တွေအတွက် အလွန်ပင်အရေးပါလှပါတယ်။ ဒရင်ကောက် 100 ဂရမ်မှာ မဂ္ဂနီဆီယမ် 26 ရာခိုင်နှုန်းပါဝင်ပါတယ်။ မဂ္ဂနီဆီယမ် လျော့နည်းခြင်းဟာ မျိုးအောင်နှုန်းလျော့ကျခြင်း၊ဖွံဖြိုးမှုနည်းခြင်း၊မွေးရာပါချို့ယွင်းချက်တွေနဲ့ အထွေထွေအားနည်းချက်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။
(၆) ဒရင်ကောက်ပင်ဟာ ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျောချပေးနိုင်ပါတယ်
သူ့ထဲမှာ တွေ့ရတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း beta-carotene ဟာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။ သုတေသနတွေအရ တစ်နေ့ကို beta-carotene 1.7 ကနေ 2.7 မီလီဂရမ်ထိ သောက်သုံးတဲ့သူတွေဟာ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို 40 ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။
(၇) ဒရင်ကောက်ပင်ဟာ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
အမြင်အာရုံကို တိုးတက်စေပြီး ကြက်မျက်သင့်ရောဂါ၊မျက်လုံးအမြင်အာရုံ ယိုယွင်းခြင်း အစရှိသည်တို့ကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်အေ လုံလောက်စွာ ပါရှိပါတယ်။ မုန်လာဥနီလိုပဲ ဒရင်ကောက်ဟာလဲ လက်စွဲထားသင့်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးပါပဲ။
အချုပ်ဆိုရရင်တော့ ဒရင်ကောက်ပင်ဟာ မျှတတဲ့ အာဟာရဓါတ်ကို ပေးစွမ်းနိုင်သည့်အပြင် ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ကောင်းမွန်အောင် စွမ်းဆောင်နိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ဝိတ်ကျလိုသူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ ဒါပေမဲ့ ဒရင်ကောက်ပင်ကို အလွန်အကျွံစားသုံးမိရင်တော့ ခန္ဓါကိုယ်အတွင်းမှာရှိတဲ့ ဗီတာမင် ဘီ1 ဓါတ်ကို ဆုံးရှုံးစေနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာတွေဖြစ်တဲ့ အစာစားချင်စိတ်မရှိခြင်း၊အစာမကြေခြင်း ၊ကြွက်သားများအထိမခံနိုင်ခြင်း (အထူးသဖြင့် ခြေသလုံးကြွက်သား) စတဲ့ အရာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒရင်ကောက်ပင်ကို ချင့်ချိန်ပြီး တန်ဆေးလွန်ဘေး မဖြစ်အောင် စားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။