backup og meta

နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင်

နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင်

နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင်လား ……. ဒီလို ရာသီဥတု ပူနေတဲ့ အချိန်မှာ ကျန်းမာရေး ဒေါင်ဒေါင်မြည် နေတဲ့ လူငယ်တွေတောင် မခံနိုင်တာ၊ အသက်ကြီးတဲ့ အိမ်က အဖေအမေ နဲ့ အဖိုးအဖွားတွေဆို ပိုပြီး နွမ်းနယ်ရပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ် အထက် အရွယ်တွေဆို ပိုပြီး ထိခိုက်လွယ်ပါတယ်။

နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင်

လူကြီးတွေဟာ အပူချိန် ရုတ်တရက် ပြောင်းလဲမှုတွေမှာ လူငယ်တွေလို လိုက်မထိန်းညှိနိုင်ဘူး။ သူတို့မှာ အပူဒဏ် အပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပြောင်းလဲစေနိုင်တဲ့ ရောဂါအခံတွေ၊ နာတာရှည် ကျန်းမာရေး ပြဿနာ အခံတွေ ရှိနေတတ်တယ်လေ။ ဒါ့အပြင် သူတို့က ခန္ဓာကိုယ်ရဲ့ အပူချိန် ထိန်းညှိနိုင်စွမ်းကို ပျက်ယွင်းစေနိုင် ဒါမှမဟုတ် ချွေးမထွက်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုး ရှိတဲ့ ဆေးတွေ သောက်နေရတာ များပါတယ်။

ခန္ဓာကိုယ်က အလိုအလျောက် အေးမြစေပြီး အပူချိန် ထိန်းညှိ မပေးနိုင်တဲ့အခါ အပူဒဏ် ဖိစီးမှု ခံစားရတတ်ပါတယ်။ ပြင်ပ အပူချိန် မြင့်တက်လာ တဲ့အခါ လူ့ခန္ဓာကိုယ်က ချွေးတွေ ထွက်ပြီး အလိုအလျောက် အေးမြစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချွေးလည်း ပုံမှန် မထွက်ဘူး၊ ခန္ဓာကိုယ် အပူချိန် မြင့်နေတယ်ဆို hyperthermia လို့ ခေါ်တဲ့ အခြေအနေကို ဖြစ်စေပါတယ်။

လူကြီးမိဘတွေမှာ အပူချိန် ပြင်းတဲ့ ရာသီဥတုကြောင့် ဘယ်လို နေရမှန်း မသိ၊ ဘာဖြစ်မှန်း မသိ၊ နေရခက်တာ၊ ပူအိုက်တာ၊ စားမကောင်းတာတွေ လုံးချာလည် ရိုက်နေမှာပါ။ ဒါကို ဘေးကမိသားစုက သို့မဟုတ် စောင့်ရှောက်တဲ့သူက သတိထားမိပြီး ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။

ဒီလက္ခဏာတွေ တွေ့ရတတ်တယ်

သေချာသတိထားကြည့်ပါနော်။ ကိုယ့်ရဲ့ လူကြီးမိဘတွေမှာ ဒီလက္ခဏာတွေတွေ့ရတယ်ဆို ဂရုစိုက်ပါ။

ဘယ်လို ကာကွယ်ပေးမလဲ

ကိုယ့်အနီးအနားက အသက်ကြီးတဲ့သူတွေကို အပူဒဏ် ဖိစီးမှုကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒီအချက်လေးတွေ ဂရုစိုက်ပေးပါ။

  • သူတို့မှာ အပေါ်က လက္ခဏာတွေဖြစ်နေသလား သတိတရ ဂရုစိုက်ကြည့်ပေးပါ။ အမှုမဲ့အမှတ်မဲ့မထားပါနဲ့။
  • ရေဓာတ်ပြည့်အောင် သောက်ဖို့ သတိပေးပါ။ အချိုရည်ဖြစ်ဖြစ် သောက်လို့ ရပေမယ့် ရေကို ပိုသောက်ပါ။
  • နေထိုင်စားသောက်ပုံနဲ့ ပတ်သက်တဲ့ ဆရာဝန်ညွှန်ကြားချက်ရှိထားရင် လိုက်နာဖြစ်အောင် ဂရုစိုက်ပါ။
  • အရိပ်ရပြီး အေးတဲ့နေရာမှာ နေစေပါ။ လေအေးပေးစက်၊ ပန်ကာမရှိရင်တောင် နေအပူရှိန် တိုက်ရိုက်မခံရတဲ့နေရာမှာ နေခိုင်းပါ။
  • လေဝင်လေထွက်ကောင်းအောင် ထားပါ။ နေမပူအောင် ကာရင်း လှောင်ပိတ်မနေပါစေနဲ့။
  • ဆရာဝန်ဆေးညွှန်းနဲ့ သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း အပူချိန်ထိန်းညှိမှု အဆင်မပြေဖြစ်တတ်ပါတယ်။ ပိုဂရုစိုက်ပေးပါ။
  • ဆီးဆေးတွေကြောင့် ကျောက်ကပ်မှာ သက်ရောက်မှုရှိစေပြီး အရည်ဆုံးရှုံးမှုကို ပိုများစေပါတယ်။ ဒါ့ကြောင့် ပူပြင်းတဲ့ရာသီမှာ ရေဓာတ်ဆုံးရှုံးမှုပိုဖြစ်လွယ်စေပါတယ်။

အရေးပေါ်ပြုစုနည်း

လူကြီးမိဘတွေမှာ အပူဒဏ် ဖိစီးတဲ့၊ အပူလျှပ်တဲ့ လက္ခဏာတွေ ဖြစ်လာတာ တွေ့ရရင်

  • သူတို့ကိုအရင်ဆုံး အရိပ်ရတဲ့၊ အေးတဲ့နေရာမှာထားပါ။
  • ရေပတ်တိုက်ပါ။ တနည်းနည်းနဲ့ အပူလျော့ပြီး အေးအောင်လုပ်ပေးရပါမယ်။
  • သတိကောင်းနေရင် ရေတိုက်ပါ။
  • နီးစပ်ရာ ဆေးရုံ ဆေးခန်းအမြန်ဆုံးပို့ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://caregiver.com/articles/heat-stress-elderly/

Accessed April 24, 2019.

https://www.health.gov.il/English/Topics/SeniorHealth/HealthPromo/Pages/HotWeather.aspx

Accessed April 24, 2019.

https://www.betterhealth.vic.gov.au/health/healthyliving/heat-stress-and-older-people

Accessed April 24, 2019.

https://www.healthinaging.org/tools-and-tips/hot-weather-safety-tips-older-adults

Accessed April 24, 2019.

ယခုပုံစံ

17/03/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ

နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 17/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement