နှလုံးဖောက် တယ်လို့ ပြောလိုက်ရင် လူအများစု မြင်ကြတာက ရုပ်ရှင်ထဲကလို ရင်ဘတ်အောင့်ပြီး ပစ်လဲကျသွားတာမျိုးပါ။ လက်တွေ့မှာကျတော့ ဒီလို လက္ခဏာတွေ မပြဘဲ နှလုံးဖောက်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် လူကြီးတွေမှာပေါ့။ လူကြီးတွေမှာ ဗိုက်အောင့်တာက နှလုံးဖောက်တာဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပေါ့ပေါ့ဆဆနေမိတတ်ပါတယ်။