ကိုယ့်ခန္ဓါကိုယ် ပိုင်တာပဲ ထိချင်တဲ့နေရာထိမှာပဲလို့များတွေးနေလား။ ထိသင့်လို့ထိတာကပြဿနာမဟုတ်ပေမယ့် မထိသင့်တဲ့နေရာကို ထိမိရင်တော့ရှော့ခ် ရှိတယ်နော်။ ကဲ ဘယ်နေရာတွေကိုများ မထိသင့်တာလဲ။ ဆက်ကြည့်လိုက်ကြမလား။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ကိုယ့်ခန္ဓါကိုယ် ပိုင်တာပဲ ထိချင်တဲ့နေရာထိမှာပဲလို့များတွေးနေလား။ ထိသင့်လို့ထိတာကပြဿနာမဟုတ်ပေမယ့် မထိသင့်တဲ့နေရာကို ထိမိရင်တော့ရှော့ခ် ရှိတယ်နော်။ ကဲ ဘယ်နေရာတွေကိုများ မထိသင့်တာလဲ။ ဆက်ကြည့်လိုက်ကြမလား။
မျက်နှာကို တစ်နေ့တာမှာ မကြာခဏဆိုသလို ထိတွေ့တယ်ဟုတ်။ ဒါဆို ခုကစပြီး မထိမိအောင် စကြိုးစားပါတော့မျက်နှာကို လက်နဲ့ထိတာက မျက်နှာပေါ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သယ်ပို့လိုက်တာပါပဲ။ မျက်နှာမှာ ဓါတ်မတည့်တာတွေဖြစ်တယ်။ ဝက်ခြံတွေထွက်တယ်၊အသားအရေပြဿနာမျာတယ်ဆိုတာ မျက်နှာကို လက်နဲ့ခဏခဏထိနေလို့ပါ။ ထိဖို့တောင် မထိနဲ့ဆိုတော့ ကုတ်တာဖဲ့တာအတွက်ကတော့မေးနေစရာမလိုအောင်ကို နိုးပါနော်။
ပါးစပ်ထဲကို လက်ထည့်တတ်လား။ စဉ်းစားနေချိန်မှာ လက်သည်းကိုက်တာမျိုးလေ။ ဒါမှမဟုတ် သွားမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး လက်ချောင်းလေးတွေကို အလါယတကူသုံးတာမျိုးပေါ့။ ဒါမျိုးက တကယ်ကို အဆင်မပြေပါဘူးနော်။ လက်ချောင်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေက ပါးစပ်ကနေတဆင့် ဝမ်းထဲရောက်သွားပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။
နှာခေါင်းအတွင်းပိုင်း
နှာခေါင်းအတွင်းထဲမှာ ကျန်းမာစေတဲ့ ဘက်တီးရီးယားလေးတွေနေကြပါတယ်။ နှာခေါင်းနှိုက်တဲ့အနေနဲ့ နှာခေါင်းထဲကို လက်ချောင်းတွေထည့်မယ်ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေကို ထိခိုက်စေလို့ ကျန်းမာရေးကို ထိခိုက်တာမျိုးဖြစ်စေနိုင်ပါတယ်နော်။
နားအတွင်းပိုင်း
နားကို လက်နဲ့ ကလော်ခဲတယ်ဆိုပေမယ့် တစ်ခါတလေဆိုတာရှိနိုင်ပါတယ်။ နားအတွင်းပိုင်း အရေပြားက နူးညံ့ထိခိုက်လွယ်ပါတယ်။ ဒီလိုထိခိုက်လွယ်တဲ့ အစိတ်အပိုင်းကို ဘက်တီးရီးယားတို့ ခိုအောင်းရာလက်နဲ့ ကလော်မယ်ဆိုရင်တော့ရောဂါပိုးတွေကပျော်ပျော်ကြီးနားထဲဝင်သွားမှာပါ။ နားကိုက်တာ နားနာတာတွေဖြစ်စေနိုင်ပါတယ်နော်။
လက်သည်းအောက်ဘက်က အရေပြား
လက်သည်းအောက်ဘက်ကအရေပြားက ဘက်တီးရီးယားတွေရဲ့ အကြီးမားဆုံးခြေကုပ်ပါနော်။ လက်သည်းရှည်လေလေ သူတို့ပျော်လေလေပါ။ ဒါကြောင့်ဖြစ်နိုင်ရင် လက်သည်းအောက်ဘက်နေရာတွေကို သွားမထိပါနဲ့။ လက်ဆေးတဲ့အခါတိုင်းသေချာလေးသတိထားပြီးဆေးကြောသန့်စင်ပေးပါနော်။
ဒီအချက်လေးတွေကို သတိထားလိုက်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်မှာပါနော်။ ဒီတော့ အခုကစပြီး သတိထားဖို့ပြောပါရစေနော်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။