backup og meta

ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ

    ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ ….. အဖြေရှာကြည့်ရအောင်နော်။

    ဗိုက်ဆာတယ်ဆိုတာက ခန္ဓာကိုယ်ထဲကို လောင်စာဖြည့်တင်းဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြတာဖြစ်ပါတယ်။ ဦးနှောက်နဲ့ အစာအိမ်တို့က ဒီခံစားချက်ဖြစ်ပေါ်လာအောင် ပူးပေါင်း ဖန်တီးတာပါ။

    တကယ်လို့ သင့်မှာ အစာအစားချင်စိတ် မရှိဘဲ ဘယ်လို အစားအစာမျိုးတွေကိုမှ စိတ်ဝင်စားမှုမပြသဘူးဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ တစ်စုံတစ်ရာ မှားယွင်းမှုရှိနေပါပြီ။ အခြေအနေအမျိုးမျိုးကြောင့် အစာစားချင်စိတ် ပျောက်ဆုံးတာမျိုးဖြစ်နေနိုင်ပြီးတော့ အထူးသဖြင့်တော့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်တာများပါတယ်။

    အစာစားချင်စိတ်လျော့ကျတာဟာ ကိုယ်တွင်းက ဗီတာမင်ဓာတ်တွေ၊ သက်စောင့်ဓာတ်တွေ လျော့ကျလာတာနဲ့ သက်ဆိုင်လေ့ရှိပါတယ်။ အစာစားချင်စိတ် ပျောက်ဆုံးနေစေတဲ့ အကြောင်းပြချက် အမျိုးမျိုးထဲမှာမှ အဓိက ဖြစ်စေတဲ့ အချက် ၅ ချက်ရှိပါတယ်။

    ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ

    အစာစားချင်စိတ်ကို ပျောက်ဆုံးနေစေတဲ့ အချက် ၅ ချက်

    ဖျားချိန်၊ နာချိန်တွေမှာ ဓာတုဗေဒတစ်မျိုးဖြစ်တဲ့ Cytokines ဟာ သွေးထဲကနေ ဦးနှောက်အထိ တစ်လျှောက်လုံး လှည့်ပတ်စီးဆင်းနေပြီးတော့ ဒီဟာကြောင့် အစာစားချင်စိတ် ပျောက်ဆုံးစေလေ့ရှိပါတယ်။

    စိတ်ဖိစီးမှုများနေတဲ့ လူတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုပါ ခံစားရတတ်ပြီးတော့ အဓိက ဖြစ်လေ့ရှိတာက အစာစားချင်စိတ် ပျောက်ဆုံးနေတတ်တာ ဖြစ်ပါတယ်။ စိတ်ဖိစီးနေချိန်၊ သောကများနေချိန်တွေမှာ လူ့ခန္ဓာကိုယ်က epinephrine ဆိုတဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လွှတ်လေ့ရှိပြီးတော့ အဲ့ဒီ ဟိုမုန်းက အစာစားချင်စိတ်ကို ယာယီ တားဆီးထားလေ့ရှိပါတယ်။

    • လက်ရှိ သုံးစွဲနေသော ဆေးဝါးများ

    ကျန်းမာရေး အခြေအနေအရ နေ့စဉ်ရက်ဆက် မှီဝဲနေရတဲ့ ဆေးဝါးတွေကလည်း ဗိုက်မဆာတော့စေမယ့် ဘေးထွက်ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။ Antibiotics ပိုးသတ်ဆေးတွေသာမကပါဘူး၊ မူးယစ်ဆေးဝါးတွေကြောင့်လည်း ခုလို အစာစားချင်စိတ် ပျောက်ဆုံးတာမျိုးဖြစ်စေနိုင်ပါတယ်။

    • ရာသီဥတု

    တခါတစ်လေမှာ ရာသီဥတုမကောင်းတာကြောင့်လည်း အစားအသောက် စားချင်စိတ် ပျောက်ဆုံးသွားနိုင်ပါတယ်။ ပူပြင်းတဲ့ နွေရာသီမျိုး၊ အရမ်းအေးခဲနေတဲ့ ဆောင်းရာသီမျိုးတွေ ကြုံရတာမျိုးပေါ့။

    • ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေ တစ်မျိုးမျိုးရှိနေခြင်း

    ကျန်းမာရေး ပြဿနာတွေ ပြင်းထန်စွာ ရှိနေရင်လည်း အစာစားချင်စိတ် ပျောက်ဆုံးသွားနိုင်ပါတယ်။ စိတ်ညစ်လို့ မစားချင်တော့တာ ဖြစ်နိုင်သလို ဝေဒနာအရကို စားချင်စိတ် မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ကျန်းမာရေး အခြေအနေမျိုးတွေကြောင့် ခုလို အစာစားချင်စိတ် ပျောက်ဆုံးနေတာလဲ ဆိုတာကို ကြည့်ရအောင်။ ဒီအချက်တွေကတော့

    • ကိုယ်ဝန်ဆောင်နေရတာ၊
    • သိုင်းရွိုက် ဟော်မုန်း ထုတ်လုပ်မှု အားနည်းတာ၊
    • ခေါင်းကိုက်တာ၊
    • သွေးအားနည်း ရောဂါ ရှိနေတာ၊
    • ကင်ဆာ ဝေဒနာ ခံစားနေရတာ၊
    • အသက်အရွယ် ကြီးရင့်လာတာ၊
    • ဆီးချိုဝေဒနာ ခံစားနေရတာ၊
    • ဗိုက်အောင့်တာ၊
    • အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားနေရတာ၊
    • စိတ်ဓာတ်ကျတာ၊
    • ဦးနှောက် ထိခိုက်မိတာတွေကြောင့် အစာစားချင်စိတ် ပျောက်ဆုံး နေနိုင်ပါတယ်။

    တကယ်လို့ ကိုယ့်ရဲ့ အစာစားလိုစိတ် လျော့ကျမှုဟာ ပုံမှန်ထက် ပိုမို လွန်ကဲလာနေပြီ ဆိုရင် နီးစပ်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ၃၊ ၄ ရက်လောက် ဆက်တိုက် အစာစားချင်စိတ် ပျောက်ဆုံးပြီး ကိုယ်အလေးချိန်လည်း သိသိသာသာ ကျဆင်းလာနေမယ် ဆိုရင် ကုသမှု ခံယူဖို့ စီစဉ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement