backup og meta

Omega-3 ချို့တဲ့ မှုရဲ့ သိသာထင်ရှားတဲ့ လက္ခဏာများ

Omega-3 ချို့တဲ့ မှုရဲ့ သိသာထင်ရှားတဲ့ လက္ခဏာများ

Omega-3 fatty acids က လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ သင့်ခန္ဓာကိုယ်က ဆဲလ်စ်တွေ သန်မာစေဖို့အတွက် အထူးအရေးပါပါတယ်။ ဆဲလ်စ်တွေ သန်မာမှ ကိုယ်ခံအားအဆုတ်၊ နှလုံးနဲ့ ဟိုမုန်းလည်ပတ်မှုစနစ်တွေ ပုံမှန်အတိုင်းကျန်းမာနေမှာပါ။ ဒီလောက်အရေးကြီးတဲ့ Omega-3 ချို့တဲ့ ပြီဆိုရင် ဘာတွေဖြစ်လာတတ်သလဲ သိကြပါသလား။

Omega-3 တွေဟာ polyunsaturated fatty acid (PUFA) အမျိုးအစားပါ။ Eicosapentaenoic acid (EPA) ၊ Docosahexaenoic acid (DHA) ၊ Alpha-linolenic acid (ALA) စတဲ့ အရေးပါတဲ့ Omega-3 တွေကို အစားအစာတွေကနေ ရရှိပါတယ်။

Omega-3 ချို့တဲ့ တဲ့အခါ ခန္ဓာကိုယ်ကြီးမှာ လိုအပ်တဲ့ အဆီဓာတ်တွေ နည်းပါးသွားမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာပြီး ဘေးထွက်ဆိုးကျိုးတွေ ရင်ဆိုင်ရမှာပါ။

Omega-3 ချို့တဲ့ မှုရဲ့ အသိသာဆုံးလက္ခဏာကြီး ၅ ခုနဲ့ Omega-3 ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြသွားချင်ပါတယ်။

Omega-3 ချို့တဲ့ မှု လက္ခဏာများ

Omega-3 ချို့တဲ့ မှု ဟာ အသေးစိတ်နိုင်လှတဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ Omega-3 ချို့တဲ့မှုကို စမ်းသပ်စစ်ဆေးဖို့ မလွယ်ကူလှပေမယ့် သွေးဖောက်စစ်ဆေးတဲ့နည်းလမ်းနဲ့တော့ သိနိုင်ပါတယ်။ သိသာထင်ရှားတဲ့ လက္ခဏာရပ်တွေကို စောင့်ကြည့်ပြီးလည်း သိရှိနိုင်ပါတယ်။ အဲဒီလက္ခဏာတွေက အားလုံးပေါင်း ၅ ရပ်ရှိပါတယ်။

၁။ အသားအရေ ခြောက်သွေ့ခြင်းနှင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း – Omega-3 ချို့လူတစ်ချို့မှာဆိုရင် အရေပြားခြောက်သွေ့တာ၊ ထိရှလွယ်တာ၊ ခြောက်သွေ့တာနဲ့ ဝက်ခြံတွေ အလွန်အမင်းထွက်တာမျိုးတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ Omega-3 ဟာ အရေပြားရဲ့ အစိုဓာတ်ကို ထိမ်းသိမ်းပေးတဲ့ သဘာဝအတားအဆီးဖြစ်တာကြောင့် ခုလို ကျန်းမာရေးပြဿနာတွေ ခံစားရတာပါ။

၂။ စိတ်ဖိစီးမှု – Omega-3 ဟာ ဦးနှောက်အတွက် အထူးလိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီးတော့ အာရုံကြောကို ကာကွယ်ပေးတဲ့ ဂုဏ်သတ္တိနဲ့ အာရုံကြောယောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် Omega-3 ဟာ neurodegenerative diseases နဲ့ brain disorders တွေကို ကုသပေးရာမှာ အသုံးဝင်တာပေါ့။ တဖက်မှာလည်း Omega-3 ချို့တဲ့လာမယ်ဆိုရင် ဦးနှောက်ကို ထိခိုက်စေမှာဖြစ်ပြီး စိတ်ဖိစီးမှုလိုမျိုး စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုမိုခံစားလာရမှာပါ။

၃။ မျက်လုံးခြောက်ခြင်း – Omega-3 ချို့တဲ့ရင် ဖြစ်နိုင်တဲ့ တခြားပြဿနာကတော့ မျက်လုံးခြောက်သွေ့တာပါ။ Omega-3 ဟာ မျက်ဝန်းရဲ့ အစိုဓာတ်ကို ထိမ်းသိမ်းပေးတာကြောင့် ဒီဓာတ်လျော့ပါးနေရင် မလုံလောက်ရင် မျက်စိကို ခြောက်သွေ့စေတာ၊ အမြင်အာရုံဝေဝါးတာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ပေးပါတယ်။

၄။ အဆစ်အမြစ် တောင့်တင်းကိုက်ခဲခြင်း – အဆစ်အမြစ်တွေနာကျင်တာ၊ တောင့်တင်းနေတာမျိုးကလည်း Omega-3 ချို့တဲ့မှုရဲ့ လက္ခဏာတွေပါပဲတဲ့။ အိုမင်းရင့်ရော်ချိန်မှာဖြစ်ရမယ့် အဆစ်အမြစ် နာကျင်တာ၊ တောင့်တင်းညောင်းညာတာမျိုးကို ငယ်ရွယ်ချိန်မှာ ခဏခဏခံစားနေရမယ်ဆိုရင် Omega-3 ချို့တဲ့တာဖြစ်ဖို့ များပါတယ်။

၅။ ဆံသားပြောင်းလဲခြင်း – ခန္ဓာကိုယ်ရဲ့ အစိုဓာတ်ကိုထိမ်းသိမ်းပေးတဲ့ Omega-3 ချို့တဲ့လာမယ်ဆိုရင် ဆံပင်နဲ့ ဆံသားကိုလည်း ထိခိုက်လာမှာပါ။ ဆံသားတွေ ကြမ်းတမ်းလာတာ၊ မကြာခနပြတ်တာ၊ ပွယောင်းယောင်းဖြစ်လာတာနဲ့ စိုပြေမှုမရှိတော့တာတွေဟာ Omega-3 ချို့တဲ့မှုကြောင့်ဖြစ်နိုင်ပါတယ်။

Omega-3 မချို့တဲ့အောင် ဘယ်လို လုပ်ကြမလဲ

Omega-3 မချို့တဲ့ချင်ဘူးဆိုရင် စားသောက်နေထိုင်မှုပုံစံကို သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ ဗာဒံစေ့၊ ချီယာစေ့တို့လို အစေ့အဆံတွေ၊ သစ်ရွက်ဆီတွေနဲ့ ဟင်းသီးဟင်ဒရွက်တွေကနေ ALA Omega-3 ကို ရရှိနိုင်ပြီးတော့ ဆယ်လ်မွန်၊ ဆာဒင်း၊ ထရောက်၊ မက်ကရီယယ်တို့လို ပင်လယ်ငါးတွေကနေ DHA နဲ့ EPA လို Omega-3 အမျိုးအစားတွေကို ရရှိနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ Omega-3 ချို့တဲ့နေတယ်လို့ သံသယရှိလာမယ်ဆိုရင် ဒီအစားအစာတွေကို ပိုမိုမှီဝဲပြီး Omega-3 ကို ဖြည့်တင်းလို့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ Omega-3 ချို့တဲ့မှုဟာ ပြင်းထန်တယ်လို့ ယုံကြည်ရတယ်ဆိုရင်တော့ ကျန်းမာရေးဌာနတွေမှာ ပြသစစ်ဆေးဖို့ တိုက်တွန်းပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/omega-3-deficiency

https://www.camasmedical.com/2019/03/13/omega-3-deficiency-symptoms/#:~:text=Problems%20with%20skin%2C%20hair%2C%20and,Fatigue%20and%20trouble%20sleeping.https://www.healthline.com/health/nutrition/omega-3-insufficiency-in-the-u-s

ယခုပုံစံ

26/01/2022

Ye Zon Aung မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။



Ye Zon Aung မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement