ကျန်းမာရေးအာမခံဝယ် တာက ခုခေတ်မှာ ခေတ်စားလာပါပြီ။ နေမကောင်းဖြစ်မှ တလုံးတခဲတည်း ငွေကုန်ခံမယ့်အစား လစဉ် ပမာဏအနည်းငယ်ကို စုဆောင်းထားတာက နောင်ရေးအတွက် စိတ်အေးရတယ်။ ဒါကလည်း ရင်းနှီးမြုပ်နှံမှုတစ်ခုပဲလို့ ယူဆလာကြပါပြီ။ ကျန်းမာရေးပြဿနာဆိုတာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံရမှာပါ။ ငွေကြေးအခက်အခဲရှိလို့ ဆေးမကုသလိုက်ရတာမျိုး မဖြစ်လေအောင် ကျန်းမာရေးအာမခံကို ကြိုတင်ဝယ်ယူထားသင့်ပါတယ်။
ကျန်းမာရေးအာမခံဝယ်ယူဖို့ အရေးကြီးသလား။
ကျန်းမာရေး အာမခံလို့ ပြောလိုက်ရင် နေမကောင်းဖြစ်မှ၊ ထိခိုက်ဒဏ်ရာရမှ လျော်ကြေးရမှာဖြစ်တဲ့အတွက် ဒါက မင်္ဂလာမရှိဘူးလို့ ယူဆထားကြပါတယ်။ တကယ်က မဟုတ်ပါဘူး။ အာမခံဝယ်ယူတယ်ဆိုတာ အနာဂတ်အတွက် သေချာတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ အာမခံတွေက ကျန်းမာရေးအာမခံတွေအပြင် ပညာရေးအာမခံတွေ၊ ချေးငွေအာမခံစသဖြင့် အမျိုးအစားတွေ အများကြီး ဖြစ်လာပါပြီ။ နေထိုင်မကောင်းဖြစ်တာ၊ ထိခိုက်ဒဏ်ရာတွေ ရတာတွေတင် မဟုတ်ဘဲ မိမိရဲ့ သားသမီးနဲ့ မိသားစုဝင်တွေအတွက်ပါ ငွေကြေးစုဆောင်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။
အရင်ကတော့ အာမခံဝယ်တာက အသက်ကြီးတဲ့ သူတွေနဲ့ပဲ ဆိုင်တယ်လို့ ထင်ကြတာပါ။ တကယ်က ကလေးတွေအတွက်ပါ သူတို့ရဲ့ ပညာရေးအတွက် အာမခံဝယ်ယူထားလို့ရပါတယ်။
အာမခံဝယ်ယူထားခြင်းက
- မိသားစုအတွက် ငွေစုဆောင်းပြီးသား ဖြစ်စေခြင်း
- အနာဂတ်အတွက် ငွေကြေးစုဆောင်းမိစေခြင်း
- ကလေးတွေရဲ့ ပညာရေးအတွက် ငွေကြေးပူပန်ရန်မလိုခြင်း
- အသက်ကြီးလာလို့ အနားယူတဲ့အခါ အာမခံငွေနဲ့ ရပ်တည်နိုင်ခြင်း
- မမျှော်လင့်လို့ ကြုံလိုက်ရတဲ့ နေထိုင်မကောင်းဖြစ်မှုတွေ၊ ထိခိုက်ဒဏ်ရာတွေအတွက် အပိုငွေကြေးရှိနေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ဖြစ်စေပါတယ်။
နောက်ထပ်ကောင်းတဲ့အချက်တစ်ချက်က မိမိရဲ့ ဝင်ငွေ၊ မိမိရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုယ်နဲ့သင့်တော်တဲ့ အာမခံကို ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ ဘယ်သူလာလာ ဒါဝယ်ဆိုတာမျိုးထက် Tailor-made ပုံစံနဲ့ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်းပဲ အာမခံကိုယ်စားလှယ်ရှိနေတာ ဖြစ်ပါတယ်။ သူတို့က သင်တတ်နိုင်တဲ့ ပမာဏတစ်ခုရယ်၊ သင့်လိုအပ်ချက်ကိုကြည့်ပြီး ဘယ်လိုတွေ ဝယ်ယူနိုင်တယ်ဆိုတာ အကြံပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မဝယ်ခင်မှာ ကုမ္ပဏီပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးကြည့်ပြီး ကိုယ်နဲ့ အသင့်တော်ဆုံးကို ဝယ်ယူသင့်ပါတယ်။
ကျန်းမာရေးအာမခံဝယ် မယ်ဆိုရင် စဉ်းစားသင့်တဲ့ ကုမ္ပဏီများ
မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံဝယ် မယ်ဆိုရင် ဒီကုမ္ပဏီတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကိုယ့်ရဲ့ ဝင်ငွေ၊ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အာမခံအမျိုးအစားတွေ ဝယ်နိုင်အောင် တစ်ခုချင်းစီမှာ သေချာစုံစမ်းသင့်ပါတယ်။
(ကုမ္ပဏီများကို အက္ခရာစဉ်လိုက် ဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။)
‘ပိုမိုအသက်ရှည်ပြီး ကောင်းမွန်တဲ့ ဘဝ’ကို ရယူနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ AIAက အသက်နဲ့ ကျန်းမာရေးအာမခံအပါအဝင် တခြားဝန်ဆောင်မှုတွေကိုပါ ရောင်းချလျက်ရှိပါတယ်။ AIA ရဲ့ သက်တမ်းက နှစ်၁၀၀ လောက်ရှိနေပြီဖြစ်သလို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၆နှစ်တည်းက ရုံးဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အာမခံအနေနဲ့ ကျန်းမာရေးအာမခံအပြင် တစ်သက်တာရွေးချယ်အသက်အာမခံ၊ နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ၊ ပညာရေးအသက်အာမခံနဲ့ Medix တို့ကို ဝယ်ယူနိုင်ပါတယ်။
AIAရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက
https://www.aia.com.mm/mm/our-products.html
https://www.facebook.com/AIA.Myanmar.MM
UN Global Impactရဲ့ အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ AYA SOMPO Insuranceက မြန်မာနိုင်ငံအခြေစိုက် ဒေသတွင်းအာမခံကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မြို့ပေါင်း ၄၅မြို့မှာ ရုံးခွဲတွေဖွင့်ပြီး clients သောင်းနဲ့ချီကို ဝန်ဆောင်မှုတွေ ပေးနေတာ ဖြစ်ပါတယ်။
AYA SOMPO Insurance မှာ တစ်ကိုယ်ရည်အာမခံတွေ ဖြစ်တဲ့ ကျန်းမာရေးအာမခံ၊ ထိခိုက်မှုအာမခံ၊ ကားအာမခံ၊ ခရီးသွား အာမခံတွေအပြင် ပိုင်ဆိုင်မှုအာမခံတွေဖြစ်တဲ့ မီးအာမခံ၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ၊ Marine cargo insurance၊ Inland transit insurance စတာတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။
AYA SOMPO Insuranceရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက
https://ayasompo.com/company-profile/#
https://www.facebook.com/ayasompo
Chubb က ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနဲ့ မတော်တဆထိခိုက်မှုဆိုင်ရာ အများပိုင်အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးသော စီးပွားရေးဆိုင်ရာ အာမခံလုပ်ငန်း တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့က အာမခံကို လက်မှုပညာရပ်လို သဘောထားတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဝယ်ယူသူတွေရဲ့ လိုအပ်ချက်အတိုင်း အတိအကျ ပုံသွင်းထုဆစ်ပေးနေတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။
အာမခံအနေနဲ့ အနာဂတ်မဏ္ဍိုင်အသက်အာမခံ၊ ကျန်းမာရေးအကာအကွယ်၊ မတော်တဆ ခန္ဓာကိုယ်ထိခိုက်မှု အကာအကွယ်၊ ပြင်းထန်ရောဂါကုသမှု အကာအကွယ်တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Chubbရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက
https://www.chubb.com/mm-mm/products.html
https://www.facebook.com/ChubbLifeMyanmar

နှစ်ပေါင်း (၁၂၀) ကျော်တိုင်အောင် ရပ်တည်နေတဲ့ ဂျပန်နိုင်ငံက ထိပ်တန်း အသက်အာမခံ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ “People First”ဆိုတဲ့ ဆောင်ပုဒ်ကို အခြေခံပြီး အနာဂတ်အတွက် ငွေကြေးဆိုင်ရာ အကာအကွယ်အာမခံတွေ ပေးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Dai-ichi Life ကနေ အာမခံ ၈မျိုးလောက် ဝယ်ယူနိုင်ပါတယ်။ ဒါတွေကတော့
-Dai-ichi life pro (နောင်ရေးအတွက် ငွေကြေးစုဆောင်းခြင်း)
-Double coverage with Dai-ichi Guard
-Maximun coverage with Dai-ichi CI plus
-Dai-ichi Active care (မတော်တဆမှု အာမခံ)
-Dai-ichi Credit Life (ချေးငွေအာမခံ)
-Htar-Wa-Ra Edu goal (ပညာရေး အာမခံ)
-Employee benefit program (ဝန်ထမ်းအကျိုးခံစားခွင့်)
-DSR ရန်ပုံငွေ စတာတွေပဲ ဖြစ်ပါတယ်။
Dai-ichi Life ရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက
Manulifeက အမေရိကန်နိုင်ငံမှာ John Hancock အမည်နဲ့ အဓိကလုပ်ဆောင်နေပြီး အခြားနိုင်ငံတွေမှာတော့ Manulife အမည်နဲ့ လုပ်ငန်းတွေ လည်ပတ်လျက် ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ဗီယက်နမ်မှာ ဝန်ဆောင်မှုတွေ ပေးလျက်ရှိပါတယ်။
Manulifeမှာ အာမခံအနေနဲ့ ဘဝအာမခံ၊ ပညာရေးအာမခံ၊ ချေးငွေကာကွယ် အသက်အာမခံနဲ့ ပြင်းထန်ရောဂါအာမခံတွေ ဝယ်ယူနိုင်ပါတယ်။
Manuife ရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက
https://www.manulife.com.mm/mm/products.html
https://www.facebook.com/Manulife.Myanmar
Prudential Myanmar Life Insurance (Prudential Myanmar) ဆိုတာ Prudential Corporation Asia လက်အောက်မှာရှိပြီး မြန်မာနိုင်ငံမှာ တစ်ဦးပိုင်အဖြစ် လုပ်ကိုင်နေတဲ့ အသက်အာမခံကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ အားသာချက်ကတော့ နည်းပညာကို အသုံးပြုပြီး အာမခံ ဝန်ဆောင်မှုတွေကို ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
Prudentialမှာ အာမခံအနေနဲ့ အသက်အာမခံ၊ တစ်နှစ်တာ အာမခံ၊ ပညာရေးအာမခံ၊ စုပေါင်းအသက်အာမခံ၊ ကျန်းမာရေးအာမခံတွေကို ဝယ်ယူနိုင်ပါတယ်။
Prudentialရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက
https://www.prudential.com.mm/mm/
https://www.facebook.com/PrudentialMyanmarLifeInsurance
ဒါတွေကတော့ လက်ရှိမှာ ကျန်းမာရေးအာမခံဝယ် ယူမယ်ဆိုရင် ရွေးချယ်နိုင်တဲ့ မြန်မာနိုင်ငံက ထိပ်တန်းကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း အလျင်းသင့်သလို ဖြည့်စွက်သွားမှာ ဖြစ်ပါတယ်။