backup og meta

ရေကူးရတာ ကြိုက်သူတိုင်း သိထားသင့်တဲ့ ရေကူးကန်ထဲက ရောဂါပိုးတွေ ။ ။

ရေကူးရတာ ကြိုက်သူတိုင်း သိထားသင့်တဲ့ ရေကူးကန်ထဲက ရောဂါပိုးတွေ ။  ။

ရေကူးခြင်း အားကစားဆိုတာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကစားနည်းတစ်ခု ဆိုပေမယ့် ကိုယ်သွားကူးတဲ့ ရေကူးကန်သန့်မှပဲ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရမှာပါ။ ရေစီးခြင်း မရှိတဲ့ ကန်ကြီးတစ်ခုထဲမှာ လူပေါင်းစုံ လာကူးနေကြတဲ့အတွက် ရေကူးကန်ကို သေချာ သန့်ရှင်းရေး မလုပ်ရင် လူတွေလိုပဲ ရောဂါပိုးတွေလည်း ကန်ထဲမှာ ကူးခတ်နေနိုင်ပါတယ်။ ဒါဆို အများသုံး ရေကူးကန်တွေကနေ ဘယ်လို ရောဂါတွေ ကူးစက်နိုင်သလဲ ။ ။

အများသုံး ရေကူးကန်တွေကနေ ကူးစက်တတ်တဲ့ ရောဂါများ ။ ။

  • ဝမ်းပျက်ဝမ်းလျှော ရောဂါ ။ ။

ရေကူးကန်တွေကနေ ကူးနိုင်တဲ့ အဖြစ်အများဆုံး ရောဂါတစ်ခုပါ။ ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ ပါးစပ်နဲ့ စအိုလမ်းကြောင်းတစ်လျှောက်ကနေ ကူးစက်တတ်တဲ့အတွက် ရေလာကူးတဲ့သူတွေထဲမှာ ဝမ်းလျှောပြီးခါစသူတစ်ယောက်ပါလာရင် သူနဲ့အတူကူးတဲ့သူတွေအားလုံး ဝမ်းလျှောနိုင်ပါတယ်။။ ရေကူးတဲ့အချိန်ဆို ရေကန်ထဲက ရေတွေကို မသောက်မိတဲ့ သူတွေက ခပ်ရှားရှားရယ်။ ဝမ်းလျှောတာကို အဓိကဖြစ်စေတဲ့ Cryptosporidium ကလည်း ရေထဲမှာ ရက် အနည်းကြာအောင်တောင် နေနိုင်တာဆိုတော့ တစ်နေ့တစ်ခါ မလဲတဲ့ ရေကူးကန်ထဲ ရေကူးမိတဲ့သူတိုင်းဆီ ဒီဝမ်းပျက်စေတဲ့ ရောဂါပိုးက ဝင်သွားနိုင်ပါတယ်။

  • ခြေထောက် မှိုစွဲရောဂါ ( သဲဝဲစား၊ရေဝဲစားရောဂါ)

ရေကူးရင်းနဲ့ အသားချင်းထိမိရာကနေ အရေပြားရောဂါတွေ ကူးစက်နိုင်ပါတယ်။ ရေကူးရာကနေ ကူးစက်နိုင်တဲ့ နာမည်ကြီး အရေပြားရောဂါတစ်ခုက ခြေမနဲ့ ခြေညိုးကြားထဲမှာ ရေဝဲစားတာဖြစ်ပါတယ်။ ခြေချောင်းကြားထဲကအသားတွေ ကွာနေပြီး အသားနီလန်နေတတ်လို့ ခြေညှပ်ဖိနစ်စီးပြီး လမ်းလျှောက်ရင် တော်တော်ကို ကသိကအောက်ဖြစ်စေပါတဲ့ အရာတစ်ခုပါ။ ဆေးတွေလိမ်းရင် ပျောက်သွားတတ်ပေမယ့် တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိရင် ပြန်ပြန်ဖြစ်နိုင်တဲ့ အရေပြားရောဂါ တစ်ခုပါ။

  • အရေပြား နီရဲ ရောင်ရမ်းခြင်း ။ ။

ဒါကတော့ စိုစွတ်တဲ့ နေရာတွေမှာ အဓိက ပေါက်ပွားနိုင်တဲ့ Pseudomonas aeruginosas ကြောင့်ဖြစ်ရတာပါ။ ရောဂါပိုးရှိနေတဲ ရေနဲ့ ထိတွေ့ပြီး ရက်အနည်းငယ်လောက်ကြာရင် အရေပြားပေါ်မှာ ယားယံပြီး ရောင်နေတဲ့အနီကွက်တွေ ပေါ်လာပြီး သေချာ ဂရုမစိုက်ရင်နောက်ပိုင်း ပြည်တည်တာတွေကိုတောင်ဖြစ်စေတတ်ပါတယ်။ Pseudomonas aeruginosas ဟာ ရေကူးဝတ်စုံတွေမှာလည်း ကပ်နေနိုင်တဲ့အတွက် ရေကူးပြီးလို့ ပြန်လာတိုင်း ရေကူးဝတ်စုံကို လျှော်ပါ။ နေသေချာလှန်းပါ ။

  • မျက်လုံးယားခြင်း ။ ။

ရေကူးရင် မျက်စိဖွင့်ပြီး ကူးကြတဲ့သူတွေများတဲ့အတွက် ရေကူးကန်ထဲက ရေတွေ မသန့်ရင် မျက်လုံးထဲဝင်သွားပြီး မျက်လုံးယားယံြခင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ရေကူးမျက်မှန်တပ်ပြီး ရေကူးတာကသာ အကောင်းဆုံးပါ။

  • နားအပြင်ပိုင်း ရောင်ရမ်းခြင်း ။ ။

ရေကူးရင်း ရေတွေဝင်သွားလို့ နားထဲမှာ စိုစွတ်နေတတ်တဲ့အတွက် ရောဂါပိုးတွေ ပိုပေါက်လာနိုင်ပြီး နားယားတာ၊ နီရဲပြီးရောင်နေတာ၊ ပြည်ယိုတာတွေ ဖြစ်တတ်တာမျိုးပါ။ မသန့်တဲ့ ရေထဲမှာ ကူးမိရင် ပိုဖြစ်နိုင်ချေများပါတယ်။ လူတစ်ယောက်ကနေ အခြားတစ်ယောက်ဆီကို ကူးစက်နိုင်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။

ဒါဆို ဒီလို ရောဂါတွေ မရအောင်ဘယ်လို ကာကွယ်ရမလဲ ။ ။

ကိုယ်က ရေကူးဝါသနာပါတယ်။ အိမ်မှာ ရေကူးကန်မရှိလို့ အများသုံးရေကူးကန်တွေမှာ သွားသွားကူးနေရတယ်ဆို အပေါ်မှာ ပြောထားတဲ့ ရောဂါပိုးတွေ အခန့်မသင့်ရင် ကူးစက်နိုင်တဲ့အတွက် မကူးစက်အောင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲ ။ ။

  • အရေးအကြီးဆုံးက တစ်နေ့တစ်ခါ ရေလဲတဲ့ ရေကူးကန်မှာပဲ ရေကူးပါ။
  • ရေထဲကတက်လာပြီဆိုတာနဲ့ ဆပ်ပြာနဲ့ သေချာ တစ်ကိုယ်လုံးကိုသန့်စင်ပြီး ရေချိုးပါ။
  • နားထဲမှာ ရေစိုနေတာတွေ မရှိစေဖို့ ဂွမ်းတံလေးနဲ့နားကြပ်ပြီး နားကိုခြောက်အောင်ထားပါ။
  • ရေကူးတိုင်း မျက်မှန်တပ်ပါ။
  • ရေကူးဝတ်စုံကို ရေကူးလို့ ပြန်လာပြီးတိုင်း လျှော်ပါ။

ဒါတွေက အများသုံးရေကူးကန်တွေကနေ ကိုယ့်ဆီကို ကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ မကူးစက်အောင် ဘယ်လိုကာကွယ်သင့်လဲဆိုတဲ့ အကြောင်းတွေဖြစ်ပါတယ်။ ရေကူးတဲ့သူတိုင်း ဒီ ကူးစက်ရောဂါတွေ ဖြစ်လိမ့်မယ်လို့တော မဆိုလိုပါဘူး။ အခန့်မသင့်ရင် ဘယ်အရာမဆို ဖြစ်တတ်တာမို့ ကြိုတင် ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါ ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.interempresas.net/Piscinas/Articulos/55688-Enfermedades-mas-comunes-relacionadas-con-las-piscinas.html Accessed Date 2.1.2019

https://www.healthline.com/health-news/cdc-finds-pools-hot-tubs-cause-waterborne-disease-outbreaks#5Accessed Date 2.1.2019

https://www.foxnews.com/lifestyle/public-pools-are-swimming-with-infections-everything-you-can-contractAccessed Date 2.1.2019

ယခုပုံစံ

19/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်္ကြန်မှာ ရေကြောင့်ဖြစ်နိုင်တဲ့ အရေပြားရောဂါပြဿနာများနှင့် ကာကွယ်ပုံနည်းလမ်းများ

ဝမ်းလျှောခြင်းကို အိမ်တွင် သက်သာစေရန် အကောင်းဆုံး နည်းလမ်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement