backup og meta

မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု

    ရာသီတိုင်းမှာ အရေးအကြီးဆုံးက ကျန်းမာနေဖို့ဆိုရင် လက်ခံလား။ မိုးရာသီ က ဘယ်လောက် ကဗျာဆန်ဆန် နေထိုင်မကောင်းရင် ပျော်စရာ မကောင်းမှာကတော့ အမှန်ပဲလေ။ နေထိုင်မကောင်းရင် ခန္ဓာကိုယ်မှာ ဝေဒနာခံစားရသလို အလုပ်အကိုင်လည်း ပျက်သေးတယ်။ ငွေကုန်ကြေးကျကလည်း များသေးတယ်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့ဆိုရင် ဒီအခြေခံကျတဲ့ အချက်လေးတွေကို သိထားမှ ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှုတွေက ဘာတွေလဲဆိုတာကို ပြောပြပေးပါမယ်။

    မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု

    စာတောင်ဖွဲ့ရတဲ့ မိုးရာသီမှာ ကျန်းမာနေစေဖို့ဆိုရင် ဒီအခြေခံကျတဲ့ အချက်လေးတွေကို လိုက်နာမှဖြစ်မှာပါ။ ကဲ …. မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု တွေကတော့

    တစ်ကိုယ်ရေသန့်ရှင်းရေး

    တစ်နေ့တာမှာ မမြင်ရတဲ့ ပိုးမွှားတွေများစွာကို ထိတွေ့မိနိုင်တဲ့ အခြေအနေတွေက အများကြီးပါ။ ဒါကြောင့် မိုးရေနဲ့အတူ ပါလာတဲ့ ဖျားနာမှုနဲ့ အရေပြားပြဿနာတွေ ကင်းစေဖို့ မိုးရေထဲက ပြန်လာတိုင်း ခြေလက်တွေကို ဆေးကြောဖို့ မိုးရေတွေကို ခြောက်အောင်သုတ်ဖို့ မမေ့သင့်သလို နေ့စဉ် ရေချိုးသန့်စင်မှုကိုလည်း မေ့ထားလို့မရပါဘူး။

    အာဟာရပြည့်ဝအောင် စားသောက်မှု

    ကိုယ်ခံအား ကောင်းစေဖို့ လိုအပ်တဲ့ အချက်တစ်ခုပါ။နေ့တိုင်း အာဟာရပြည့်ဝအောင် စားသောက်ပြီး ဖျားနာမှုတွေကို တိုက်ထုတ်ပေးမယ့် ကိုယ်ခံအား ခံတပ်ကို အသင့်ပြင်ထားလိုက်ပါ။ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေပဲ စားဖို့ကိုတော့ မမေ့ပါနဲ့။ မိုးရာသီမှာ လမ်းဘေးစာတွေ၊ လက်လုပ်ချဉ်တွေ နဲ့ အမှည့်လွန်နေတဲ့အသီးတွေ သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေကို ရှောင်ပါ။

    ပြည့်ဝတဲ့ အိပ်စက်ချိန်

    မိုးအေးအေးမှာ ရုပ်ရှင်ကြည့်ရတာ ကောင်းပေမယ့် ညဉ့်နက်ခံပြီး ရုပ်ရှင်ကြည့်တာ၊ဖေ့ဘုတ်ခ်သုံးတာ၊ ဂိမ်းကစားတာမျိုး မလုပ်ပါနဲ့။ ညတိုင်း အနည်းဆုံး ၇ နာရီတော့ အိပ်စက်ပါ။

    အပြင်ကပြန်လာတိုင်းခြေလက်ဆေးပါ

    မိုးရေစိုလာပြီးရင် ခြေထောက်တွေ လက်တွေကို ချက်ချင်းဆေးကြောပေးပါ။ ဒါမှ မှိုပိုးတွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။ရေစိုနေတဲ့ အဝတ်အစားတွေကို ချက်ချင်းလဲပေးပါ။ ဒါမှ မှိုပိုးတွေကြောင့် အရေပြားမှိုစွဲတာမျိုး မဖြစ်အောင် ကာကွယ်ရာ ရောက်မှာပါ။

    လက်ဆေးဖို့ မပျင်းပါနဲ့

    အပြင်က ပြန်လာတိုင်း၊ အစားမစားခင်၊ ညစ်ပေတဲ့အရာတွေ ကိုင်တွယ်ပြီးတိုင်း၊ ရေအိမ်ကနေ ဆင်းတဲ့အချိန်တိုင်းမှာ လက်ကို သန့်စင်ဆေးကြောပေးပါ။ လက်ဆေးတာက အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် အနည်းဆုံးသော ရောဂါကာကွယ်ပေးတဲ့ နည်းလမ်းပါ။

    နေအိမ်ကို သန့်ရှင်းအောင်ထားပါ

    နေအိမ်သန့်ရှင်းမှုကလည်း ကျန်းမာရေးအတွက် လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့် နေ့တိုင်း နေအိမ်ကို သန့်ရှင်းရေးလုပ်ပါ။ ဖုန်မှုန့်တွေ ကင်းစင်စေဖို့အပြင်ခြင်ကင်းစင်အောင်ပါ ဂရုစိုက်ပေးပါ။

    အဝတ်အစားတွေကို မီးပူတိုက်ပါ

    မီးပူတိုက်တာက ရောဂါပိုးတွေ၊ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့ နည်းလမ်း တစ်ခုပေါ့။ ဒါကြောင့် မိုးတွင်းမှာ အရေပြားပြဿနာ ကင်းစေဖို့ အဝတ်အစားတွေကို မီးပူတိုက်ဝတ်ဖို့ မမေ့ပါနဲ့။

    သောက်ရေတွေကို ကလိုရင်းခတ်ပါ

    သောက်ရေတွေကနေ ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေ ပါလာနိုင်တာကြောင့် ကျန်းမာရေးကို စောင့်ရှောက်တဲ့ အနေနဲ့ ကလိုရင်းခတ်ပြီး ပိုးသတ်ထားပါ။

    ဗီတာမင် စီ စားပါ

    ကိုယ်ခံအား ကောင်းစေတဲ့ ဗီတာမင် တစ်မျိုးပေါ့။ ဒါကြောင့် မိုးအေးအေးမှာ အအေးမိဖျားနာမှု ကင်းစေဖို့အတွက် ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ လိမ္မော်သီး၊ ကီဝီသီးအပါအဝင် အချဉ်ဓါတ်ရှိတဲ့ အသီးတွေကို စားပေးပါ။

    ရေသောက်ပါ

    ကျန်းမာဖို့အတွက် ရေဓာတ်လုံလောက်ဖို့က မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် နေ့တိုင်းမှာ သောက်ရေကို ၇ ခွက်ကနေ ၈ခွက်အထိ သောက်ပေးပါ။ကော်ဖီသောက်တဲ့သူတွေ၊ လက်ဖက်ရည် ကြိုက်သူတွေက အခြားသူတွေထက် ရေဓာတ်ပိုဆုံးရှုံးနိုင်တာကြောင့် ရေများများသောက်ပေးပါ။

    ကဲ…မိုးရာသီကို အကောင်းဆုံးကျော်ဖြတ်ရအောင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement