backup og meta

Miliary Tuberculosis (မီလီယာရီတီဘီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများRisk factorsရောဂါအဖြေရှာခြင်းနှင့် ကုသမှု

အဓိပ္ပါယ်ဖွင့်ဆိုချက်

Miliary Tuberculosis (မီလီယာရီတီဘီ) ကဘာလဲ။

မီလီယာရီတီဘီဆိုသည်မှာတီဘီအမျိုးအစားတစ်မျိုးဖြစ်ပြီးအရွယ်အစားအလွန်သေးငယ်သောဒဏ်ရာများ(၁-၅မီလီမီတာ)ခန္ဓါကိုယ်တွင်းသို့များပြားစွာပျံနှံ့ဝင်ရောက်ခြင်းကိုဆိုလိုပါသည်။ ရင်ဘတ်ဓါတ်မှန်ရိုက်ကြည့်သည့်အခါလူး၊ဆပ်စသည့်ပုံစံရှိသည့်အစက်ကလေးများရင်ဘတ်တစ်ခုလုံးတည်ရှိနေသည်နှင့်တူသည့်အတွက်မီလီယာရီတီဘီဟုခေါ်ခြင်းဖြစ်သည်။ မီလီယာရီတီဘီသည်အဆုတ်၊အသည်းနှင့်ဘေလုံးအပါအဝင်အင်္ဂါအတော်များများကိုကူးစက်နိုင်ပါသည်။

Miliary Tuberculosis (မီလီယာရီတီဘီ) က ဘယ်လောက်အဖြစ်များသလဲ

တီဘီရောဂါအားလုံး၏၂ရာခိုင်နှုန်းတွင်ရှိပြီး ပြင်ပအဆုတ်တီဘီများ၏၂၀ ရာခိုင်နှုန်းဖြစ်ပွားမှုရှိပါသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Miliary Tuberculosis (မီလီယာရီတီဘီ) ရဲ့လက္ခဏာတွေကဘာတွေလဲ

မီလီယာရီတီဘီရောဂါလူနာများသည်ချောင်းဆိုးခြင်း၊အကြိတ်များကြီးခြင်းအစရှိသည့် သိသာထင်ရှားခြင်းမရှိသည့် လက္ခဏာများကို ပြသတတ်ပါသည်။ အခြားသောလက္ခဏာများဖြစ်သည်.

• အသည်းကြီးခြင်း(၄၀ရာခိုင်နှုန်း)

• ဘေလုံးကြီးခြင်း(၁၅ရာခိုင်နှုန်း)

• မုန့်ချိုအိတ်ယောင်ခြင်း(၅ရာခိုင်နှုန်း)

• AdrenalGlandမကောင်းခြင်းနှင့်အတူကိုယ်တွင်းအင်္ဂါအများအပြားပျက်စီးခြင်း(adrenal glandသည်ကိုယ်တွင်းအင်္ဂါများကိုထိန်းချုပ်ရန်လိုအပ်သည့်steroidဟော်မုန်းမထုတ်ပေးနိုင်ခြင်း)

• တစ်ဘက်တည်းသို့မဟုတ် နှစ်ဘက်စလုံးဖြစ်နိုင်သည့် အဆုတ်လေခိုခြင်း

• ဝမ်းလျှောခြင်း

အခြားလက္ခဏာများမှာဖျားခြင်း၊ကယ်စီယမ်ဓါတ်များခြင်း၊choroidalအဖုငယ်များနှင့်အရေပြားအနာများလည်းဖြစ်နိုင်သည်။

• မနက်ပိုင်းတွင်အဖျားတက်ခြင်းရက်သတ္တပတ်များစွာဖြစ်နေတတ်သည်။

• ၁၆ရာခိုင်နှုန်းမှ၅၁ရာခိုင်နှုန်းသောလူနာများတွင်ကယ်စီယမ်ဓါတ်များနေတတ်ပြီးထိုသို့များပြားနေခြင်းမှာခန္ဓါကိုယ်တွင်းမှရောဂါပိုးကိုချေဖျက်သောခုခံအားစနစ်များပြားလာခြင်းကြောင့်ဖြစ်သည်။1,25dihydroxycholecalciferol(calcitriol)သည်ဘက်တီးရီးယားများကိုသတ်ရန်အတွက်ခုခံအားစနစ်ကိုမြှင့်တင်ပေးပါသည်။ မြင့်တက်လာသောcalcitriolများသည်ကယ်စီယမ်ဓါတ်ကိုလည်းများလာစေသည်။

• Choroidalအဖုငယ်များအမြင်အာရုံကြောဆိုင်ရာအာရုံကြောပေါ်တည်ရှိပါကကလေးမီလီယာရီတီဘီဖြစ်နိုင်သည်။ မျက်လုံးတစ်ဖက်ထဲတွင်သာမကနှစ်ဘက်လုံးတွင်လည်းဖြစ်နိုင်သည်။ အနာအရေအတွက်ကတော့တစ်ယောက်နှင့်တစ်ယောက်မတူပါ။Chroidalအဖုများသည်မီလီယာရီတီဘီအတွက်အရေးကြီးသောလက္ခဏာအဖြစ်ဖော်ပြပြီးရောဂါရှာဖွေခြင်းတွင်အတည်ပြုနိုင်သည်။

• နောက်ဆုံးနေဖြင့်မီလီယာရီတီဘီရှိသောလူကြီး၁၀-၃၀ရာခိုင်နှုန်းနှင့်ကလေး၂၀-၄၀ရာခိုင်နှုန်းတွင်ဘက်တီးရီးယားပိုးဦးနှောက်ထဲသို့ပျံသွား၍တီဘီကြောင့်ဖြစ်သောဦးနှောက်အမြှေးရောင်ရောဂါရှိနေတတ်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Miliary Tuberculosis (မီလီယာရီတီဘီ) ကိုဘာတွေကဖြစ်စေသလဲ

မီလီယာရီတီဘီသည်Mycobacterium tuberculosisကအဆုတ်၏ပြင်ပအင်္ဂါများဖြစ်သည့်အသည်း၊ဘေလုံး၊ကျောက်ကပ်စသည်ံအင်္ဂါများသို့ပျံနှံ့ခြင်းဖြင့်ဖြစ်ပေါ်လာသောတီဘီအမျိုးအစားဖြစ်သည်။ ထိုရောဂါပိုးသည်အဆုတ်မှပြန်ရည်ကြောနှင့်နောက်ဆုံးသွေထဲသို့ပျံနှံ့ခြင်းကြောင့်ဖြစ်သည်။

ဖြစ်နိုင်သည့်နည်းလမ်းတစ်ခုမှာအဆုတ်တွင်ရှိသည့်တီဘီပိုးသည်လေပြွန်ငယ်ဆဲလ်များ၏အပေါ်ယံအလွှာသို့ တိုက်စားကာရောဂါပိုးကိုအဆုတ်၏သွေပြန်ကြောထဲသို့ပျံနှံခြင်းဖြစ်သည်။ ဘက်တီးရီးယားပိုးသည်နှလုံး၏ဘယ်ဘက်သို့ရောက်သည်နှင့်ခန္ဓါကိုယ်တစ်ခုလုံးနှင့်သက်ဆိုင်သောလမ်းကြောင်းထဲသို့ဝင်ကာပွားများပြီးနောက်အဆုတ်၏ပြင်ပအင်္ဂါများသို့ကူးစက်ပါသည်။ ထိုအခါခုခံအားစနစ်သည်လှုံဆော်ခံရပြီးကူးစက်ခံရသည့်နေရာများတွင်ရောဂါပိုးကိုချေဖျက်သည့်အရာများဝိုင်းလာကာထိုအရာများမှgranulomaဖြစ်သွားပါသည်။

ဘက်တီးရီးယားသည်လေပြွန်ငယ်တွင်ရှိသောဆဲလ်ကိုတိုက်ခိုက်ကာအကြိတ်များထဲသို့ဝင်သွားပါသည်။ ထို့နောက်ခန္ဓါကိုယ်တစ်ခုလုံးနှင့်ဆိုင်သောသွေးပြန်ကြောသို့ရောက်ကာနှလုံး၏ညာဘက်ခြမ်းသို့တစ်ဖြည်းဖြည်းရောက်သွားကာထိုသို့ဝင်ရောက်ခြင်းကလူး၊ဆပ်ကောက်နှံနှင့်တူသည့်အတွက်မီလီယာရီတီဘီ(military TB)ဟုခေါ်ခြင်းဖြစ်သည်။

Risk factors

ငါ့ဆီမှာ Miliary Tuberculosis (မီလီယာရီတီဘီ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

• မီလီယာရီတီဘီရှိသူနှင့်တိုက်ရိုက်ထိတွေ့သူ

• ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိသည့်နေရာတွင်နေထိုင်သူ

• ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများကိုစားသူ

ထို့အပြင်အိမ်ခြေမဲ့များနှင့်ခုခံအားကျဆင်းမှုရောဂါခံစားနေရသူများလည်းပါဝင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Miliary Tuberculosis (မီလီယာရီတီဘီ) ကို ဘယ်လိုအတည်ပြုပါသလဲ

မီလီယာရီတီဘီအတွက်စမ်းသပ်မှုများကိုအခြားတီဘီများကဲသို့တူညီစွာပင်ပြုလုပ်ပါသည်။

• ရင်ဘတ်ဓါတ်မှန်

• တံတွေးမှပိုးမွေးခြင်း

• အဆုတ်မှန်ပြောင်းကြည့်ခြင်း

• အဆုတ်ကိုဖွင့်၍အသားစယူခြင်း

• ဦးခေါင်းကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း

• သွေးဖောက်ခြင်း

• မျက်စိသို့မှန်ပြောင်းစမ်းသပ်ခြင်း

• ECGဆွဲခြင်းတို့ဖြစ်သည်။

တီဘီအတွက်သွေးဖောက်စစ်ခြင်း(Interferon Gamma Release Assay or IGRA)သည်အောင်းနေသောတီဘီကိုရှာဖွေနိုင်သည်။ဦးနှောက်ဆိုင်ရာနောက်ဆက်တွဲအမျိုးမျိုး(ဦးနှောက်အမြှေးယောင်ခြင်း၊ဦးနှောက်တွင်အကြိတ်ဖြစ်ခြင်း)လဲမီလီယာရီတီဘီလူနာများတွင်ဖြစ်နိုင်သည်။ သို့သော်လူနာအများစုသည်တီဘီဆေးကုသမှုခံယူပြီးသည်နှင့်ရောဂါတိုးတက်ကောင်းမွန်လာပါသည်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဖြင့်ပြန်ရည်ကြောမှပျံနှံသောအဆုတ်ကင်ဆာသည်မီလီယာရီတီဘီနှင့်ဆင်တူသည်ကိုရှားရှားပါးပါးတွေ့တတ်သည်။

တီဘီအရေပြားစမ်းသပ်နည်းသည်မီလီယာရီတီဘီတွင်အသုံးမဝင်ပါ။ မှားယွင်းပြီးရောဂါမရှိဟုအဖြေထွက်တာများသောကြောင့်ဖြစ်သည်။ အခြားတီဘီများနှင့်ယှဉ်လျှင်tuberculinဓါတ်များပြားခြင်းကြောင့်ဖြစ်သည်။

Miliary Tuberculosis (မီလီယာရီတီဘီ) ကို ဘယ်လိုကုသပါသလဲ

WHOမှပေးထားသည့်စံကုသမှုစနစ်မှာisoniazidနှင့်rifampicinဆေးကို၆လသောက်ရန်ဖြစ်သည်။ ပထမ၂လတွင်ethambutolနှင့်pyrazinamideကိုပါထည့်သောက်ရမည်.အကယ်၍ဦးနှောက်အမြှေးယောင်ရောဂါပါရှိပါကကုသမှုကို၁၂လအထိတိုးရမည်ဖြစ်သည်။ အမေရိကန်မှကုသမှုနည်းလမ်းမှာ၉လကုသမှုဖြစ်သည်။ ဆေး၏ဆိုးကျိုးအများစုမှာအသည်းယောင်ခြင်းဖြစ်သည်။ လူနာတွင်ဆေးမတိုးခြင်း၊ရောဂါပြန်ဖြစ်ခြင်း၊အသက်ရှပိုင်းဆိုင်ရာရောဂါများလဲရှိလာနိုင်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Military tuberculosis. http://www.webmd.com/drugs/condition-40-Miliary+Tuberculosis.aspx?diseaseid=40&diseasename=Miliary+Tuberculosis&source=0. Accessed November 05, 2016.

Military tuberculosis. http://www.mayoclinic.org/diseases-conditions/tuberculosis/home/ovc-20188556. Accessed November 05, 2016.

Military tuberculosis. https://radiopaedia.org/articles/miliary-tuberculosis.
Accessed November 05, 2016.Military tuberculosis. http://www.webmd.com/drugs/condition-40-Miliary+Tuberculosis.aspx?diseaseid=40&diseasename=Miliary+Tuberculosis&source=0. Accessed November 05, 2016.

Military tuberculosis. http://www.mayoclinic.org/diseases-conditions/tuberculosis/home/ovc-20188556. Accessed November 05, 2016.

Military tuberculosis. https://radiopaedia.org/articles/miliary-tuberculosis.
Accessed November 05, 2016.

ယခုပုံစံ

29/09/2017

Dr. Kaung Thar မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ

အဆုတ်ပြည်တည်နာ သိကောင်းစရာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/09/2017 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement