brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Peripheral Nerve Block (စွန်ဖျားအာရုံကြောထုံဆေး)

Peripheral nerve block စွန်ဖျားအာရုံကြောထုံဆေး ဆိုတာဘာလဲ။

Peripheral nerve block ဟာ ထုံဆေးထိုးခြင်းနဲ့ လက်မောင်းကိုသွားတဲ့အဓိက အာရုံကြောများပတ်လည်မှာ နာကျင်မှုကင်းမဲ့စေခြင်းတွေ ပါဝင်တဲ့ ထုံဆေးပေးနည်းတစ်မျိုး ဖြစ်ပါတယ်။ Peripheral nerve block ဟာ နာကျင်မှုသက်သာစေဖို့ အာရုံကြောတွေကို ခဏတာထုံသွားစေပါတယ်။

လက်မောင်းတွင် အာရုံကြောပိတ်ဆို့ခြင်းကို များသောအားဖြင့် သင့်ကို စိတ်ငြိမ်ဆေးပေးပြီး နိုးနေစဉ်မှာ ပြုလုပ်လေ့ရှိပြီး မေ့ဆေးနဲ့လည်း တွဲဖက် ပြုလုပ်နိုင်ပါတယ်။ အာရုံကြောပိတ်ဆို့ခြင်းကို ခွဲစိတ်မှုအတွက် မေ့ဆေးအနေနဲ့အသုံးပြုနိုင်ပြီး နောက်ပိုင်းမှာ နာကျင်မှု သက်သာစေပါတယ်။

ခွဲစိတ်မှုပေါ်မူတည်ပြီး ထိုးသွင်းခြင်းကို လည်ပင်းဘေး၊ ရင်ညွန့်ရိုးနဲ့ ချိုင်းကြားနား၊ လက်မောင်း၊ လက်ဖျံ၊ လက်ကောက်ဝတ်တွေမှာ ထိုးနိုင်ပါတယ်။ ခြေထောက်မှာတော့ ပေါင်၊ ဒူး အနောက်ပိုင်း၊ ခြေချင်းဝတ်၊ ခြေဖဝါးနဲ့ ပေါင်နားမှာ ထိုးနိုင်ပါတယ်။

Peripheral nerve block တွေကို ဘာကြောင့် လုပ်ကြတာလဲ။

Peripheral nerve block တွေကို များသောအားဖြင့် ခြေထောက်၊ လက်ခွဲစိတ်မှုတွေအတွက် အသုံးပြုကြပြီး လည်ပင်းခွဲစိတ်မှု (ဥပမာ carotid artery endarterectomy သို့ အူကျခြင်း (ပေါင်ခြံ))အတွက်လည်း အသုံးပြုနိုင်ပါတယ်။

မေ့ဆေးနဲ့ central nerve block တွေရဲ့ အစားထိုးအဖြစ် အသုံးပြုနိုင်ပါတယ်။

Peripheral nerve block တွေဟာ ခွဲစိတ်မှုပြုလုပ်စဉ်မှာ မေ့ဆေးနဲ့ central nerve block တွေအစား အသုံးပြုနိုင်ပါတယ်။ အချို့အခြေအနေတွေမှာ အထူးသဖြင့် ကျန်းမာရေးပြဿနာရှိတဲ့လူနာတွေမှာ Peripheral nerve block တွေဟာ မေ့ဆေးနဲ့ ခါးထုံဆေးတွေထက်ပိုပြီး စိတ်ချရပါတယ်။

Peripheral nerve block ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

Peripheral nerve block ဟာ အာရုံကြောခိုက်မခိနိုင်ပါတယ်။ ဒါဟာ ရှားပါးပေမယ့် လုံးဝပြန်ကောင်းသွားဖို့ ၆ ပတ်ကနေ ၈ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ Peripheral nerve block ပြည့်ပြည့်ဝဝအလုပ်မလုပ်ဘူးဆိုရင်တော့ အခြားထုံဆေးနဲ့ နာကျင်မှုသက်သာဆေးတွေ လိုအပ်နိုင်ပါတယ်။ မေ့ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။

ခွဲစိတ်မှုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိထားဖို့ အရေးကြီးပါတယ်။ မေးစရာရှိရင် ခွဲစိတ်ဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။

Peripheral nerve block တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

မေ့ဆေးဆရာဝန်က ultrasound scanner ကို အသုံးပြုပြီး ထုံဆေးထိုးထည့်ဖို့ နေရာကို ရှာမှာ ဖြစ်ပါတယ်။

Peripheral nerve block နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

မေ့ဆေးဆရာဝန်ဟာ မှန်ကန်တဲ့နေရာရှာတွေ့စဉ်မှာ အပ်ကို ထည့်လိုက်မှာဖြစ်ပြီး ထုံဆေးကို ထိုးထည့်မှာဖြစ်ပါတယ်။ တခါတရံမှာ မေ့ဆေးဆရာဝန်ဟာ မဖယ်ခင်မှာ အပ်ကို ပြွန်လေးမှတစ်ဆင့် ထည့်မှာ ဖြစ်ပြီး ဒီပြွန်ကို ဒီအတိုင်းထားခဲ့မှာ ဖြစ်ပါတယ်။ ထပ်မံ ထုံဆေးထိုးသွင်းဖို့ အတွက် ဖြစ်ပါတယ်။

သင့်မှာ မေးစရာရှိရင် မေ့ဆေးဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။

Peripheral nerve block ပြီးသွားရင် ဘာဖြစ်မှာလဲ။

အခြား procedures တွေလိုပဲ ဆိုးကျိုးရှိနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးရှိလဲဆိုတာ ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

  • Peripheral nerve block မအောင်မြင်ခြင်း
  • ဓါတ်မတည့်ခြင်း
  • သွေးထွက်ခြင်း
  • အာရုံကြော ပျက်စီးခြင်း
  • ထုံဆေး အဆိပ်တက်ခြင်း
  • Pneumothorax
  • ထိုးတဲ့ဘက်မှာ မျက်ရစ်အောက်တွဲကျခြင်း
  • အသံသြသွားခြင်း

ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေကို နည်းပါးအောင် ပြုလုပ်နိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။